ၾကားသိသမွ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA ) ရဲ့ သင်တန်းနည်းပြဆရာမ မေ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ရဲ့ သင်တန်းနည်းပြဆရာမ မေ

“ဘာလုပ်နေလဲ၊

လေ့ကျင့်နေတယ်၊

ဘာလုပ်ဖို့လဲ

တိုက်ပွဲဝင်ဖို့၊

ဘယ်သူ့အတွက်လဲ

ပြည်သူ့အတွက် ပြည်သူ့အတွက်၊

ဘာစိတ်ဓာတ်လဲ

သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်၊

ဘာစစ်သားလဲ

ပြည်သူ့စစ်သား နိုင်ငံ့စစ်သား။

“ဘယ်ခြေထိုး—- ကျား ၊ ကျား “ အစရှိတဲ့အသံတွေဟာ တောတွင်းတနေရာက တော်လှန်ရေး တပ်စခန်းတခုလုံး ဟိန်းကာပျံ့နှံ့နေပါတယ်။ အဲဒီအသံတွေဟာ အကြမ်းဖက် စစ်ကောင်စီအား လက်နက်ကိုင်ကာ ခုခံတွန်းလှန်စစ်ဆင်နွှဲနေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ လေ့ကျင့်ရေးကွင်းမှ သင်တန်းသူ၊ သင်တန်းသားတွေရဲ့ ဟစ်ကြွေးသံတွေပါ။

အဲဒီသင်တန်းသားတွေကို သင်တန်းပေးနေတဲ့ နည်းပြတွေထဲမှာ မေမိုးပွင့် (သို့) မေ တယောက်လည်း အပါအဝင် ဖြစ်ပါတယ်။


ဖြူဖြူနွဲ့နွဲ့ချစ်စရာဟန်ပန်ရှိပေမယ့် စစ်ပညာသင်ကြားနေတဲ့ အချိန်မှာ စစ်သားတဦးလို အမိန့်တွေပေးပြီး တည်ကြည်သောမျက်နှာထားနဲ့ သင်တန်းပေးနေတဲ့ ဆရာမ မေဟာ အခြား တော်လှန်ရေး ရဲဘော်တွေနဲ့မတူဘဲ ထူးခြားလို့ နေပါတယ်။

သင်တန်းနည်းပြဆရာမ မေဟာ အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းမီက ရိုးရိုးသာမန်၀န်ထမ်းတဦးသာ ဖြစ်ပါတယ်။

“၃ လပိုင်းလောက် စတင်ပစ်ခတ်တဲ့အချိန်မှာ ဆုံးသွားတဲ့လူငယ်တွေ နည်းတာမဟုတ်ဘူး။ အရမ်းဝမ်းနည်းတယ်။ ဘာမှလုပ်မပေးနိုင်ခဲ့ဘူ။ ထိရောက်မယ့် နည်းလမ်းရှာမရဘူး။ တနေ့တနေ့ တက်လာတဲ့ သတင်းတွေအတွက် ပူဆွေးရုံကလွဲ မလုပ်ပေးနိုင်ဘူး။ အရင်က ဆန္ဒပြပြီး အနိုင်ရမယ်ပဲ တွေးခဲ့တာ နောက်တော့ မရမှန်းသိခဲ့တယ်။ ရပ်ကွက်ထဲထိ ပစ်ခတ်တော့ လက်နက်ကိုင်တိုက်မှ နိုင်မယ်ဆိုတာ သိလာတယ်။ ခုခံစားနေရတာမျိုး နောင်ကလေးတွေ မခံစားစေချင်တော့ဘူး။ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ပြီးချိန် သူငယ်ချင်းနဲ့တိုင်ပင်ပြီး ချိတ်ဆက်ခဲ့တာ။ BPLA နဲ့ ဆက်သွယ်မိပြီး ရောက်လာခဲ့တယ်” လို့ မေက ပြောပါတယ်။

BPLA မှာ စစ်သင်တန်းစတင်တက်ရောက်ချိန်က အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ မေဟာ မကြာမီ ၁၉ နှစ်ပြည့်တော့မှာပါ။

“ယောကျ်ား မိန်းမ တန်းတူလို့ တွေးတယ်၊ အဲဒါကြောင့် မေ့အတွက် သင်တန်းသားတွေက သိပ်ပြီးအခက်အခဲ မဖြစ်စေဘူး” လို့ သူမက ဆိုပါတယ်။

BPLA ရဲဘော်တဦးဖြစ်လာပြီးနောက် ရှေ့တန်းထွက်ဖို့ ဆန္ဒပြင်းပြပေမယ့် နည်းပြအဖြစ် တာ၀န်ပေးအပ်ခဲ့တာကြောင့် ကြံ့ခိုင်ပြီး စနစ်ကျတဲ့ တော်လှန်ရေးရဲဘော်သစ်တွေ ပေါ်ထွက်လာစေဖို့ လေ့ကျင့်သင်ကြားပေးနေသူလည်း ဖြစ်ပါတယ်။

“ဒီလမ်းကိုရွေးချယ်ပြီပြီးဖြစ်လို့ မှားတယ် မတွေးမိဘူး၊ တော်လှန်ရေး ဘယ်လောက်ပဲနှစ်ကြာကြာ တော်လှန်ရေးပြီးဆုံးအောင် လုပ်မယ်။ တော်လှန်ရေးပြီးရင် ဒီမှာဆက်နေဖြစ်မလား၊ ဝါသနာပါတဲ့ ဖိုတိုမော်ဒယ်လုပ်ဖြစ်မလား မသေချာသေးဘူး “ လို့ မေက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ခြေကုပ်ယူပြီး အာဏာရှင်စနစ်နဲ့အတူ လူမျိုးကြီးဝါဒကြီးစိုးမှုကိုပါ တိုက်ထုတ်မယ့် တပ်တခုဟာ တိုင်းရင်းသားဒေသလွတ်မြောက်နယ်မြေတနေရာမှာ မဟာမိတ် EAO တွေရဲ့ အကူအညီနဲ့ စနစ်တကျ စုဖွဲ့လေ့ကျင့်နေကြတာပါ။

BPLA ရဲ့ စစ်အခြေခံသင်တန်းဟာ ၃ လနဲ့ ၄ လကြား ကြာမြင့်ပြီး ခက်ခဲကြမ်းတမ်းတဲ့ သင်ခန်းစာတွေကို ကျော်ဖြတ်နိုင်ဖို့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကျန်းမာရေးကောင်းမွန်ရမယ်လို့ သင်တန်းနည်းပြဆရာမ မေက ပြောပါတယ်။

“မေတို့တုန်းက အရမ်းပင်ပန်းတော့ သင်တန်းကို တနာရီစာပဲတွေးတယ်။ တရက်စာ တရက်စာပဲ တွေးတယ်။ သင်တန်းတချိန်ချင်းစီကို ဖြတ်သန်းဖို့ အားမွေးရတယ်” လို့ သင်တန်းကာလအတွေ့အကြုံကို မေက ရှင်းပြပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မဟာမိတ်အဖွဲ့တွေကလည်း ချီးကျူးစကား ပြောလာကြပါတယ်။

စစ်သင်တန်းတခုမှာ အမျိုးသမီး ၂၀ ရာခိုင်နှုန်းလောက် ပါ၀င်ပြီး သင်တန်းပြီးဆုံးပါက တာ၀န်ကျရာကို တာ၀န်ထမ်းဆောင်ရသလို သင်တန်းနည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေရသူတွေလည်း ရှိပါတယ်။

“ကိုယ့်ဆုံးဖြတ်ချက်ကို သေချာစဉ်းစားဆုံးဖြတ်စေချင်တယ်။ လက်နက်ကိုင်တော်လှန်ချင်လို့လား၊ သေနတ်ကိုင်ချင်ရုံသက်သက်ပဲလားဆိုတာ ဆုံးဖြတ်ချက် ခိုင်မာပြီဆိုတော့မှ ဒီလမ်းကို ရွေးစေချင်တယ်” ဟု ဆရာမ မေက ဆိုပါတယ်။#DVB

Zawgyi

ဗမာျပည္သူ႔လြတ္ေျမာက္ေရးတပ္ေတာ္ရဲ့ သင္တန္းနည္းျပဆရာမ ေမ

“ဘာလုပ္ေနလဲ၊

ေလ့က်င့္ေနတယ္၊

ဘာလုပ္ဖို႔လဲ

တိုက္ပြဲဝင္ဖို႔၊

ဘယ္သူ႔အတြက္လဲ

ျပည္သူ႔အတြက္ ျပည္သူ႔အတြက္၊

ဘာစိတ္ဓာတ္လဲ

သံမဏိစိတ္ဓာတ္ သံမဏိစိတ္ဓာတ္၊

ဘာစစ္သားလဲ

ျပည္သူ႔စစ္သား နိုင္ငံ့စစ္သား။

“ဘယ္ေျခထိုး—- က်ား ၊ က်ား “ အစရွိတဲ့အသံေတြဟာ ေတာတြင္းတေနရာက ေတာ္လွန္ေရး တပ္စခန္းတခုလုံး ဟိန္းကာပ်ံ႕ႏွံ့ေနပါတယ္။ အဲဒီအသံေတြဟာ အၾကမ္းဖက္ စစ္ေကာင္စီအား လက္နက္ကိုင္ကာ ခုခံတြန္းလွန္စစ္ဆင္ႏႊဲေနတဲ့ ဗမာျပည္သူ႔လြတ္ေျမာက္ေရးတပ္ေတာ္ (BPLA) ရဲ့ ေလ့က်င့္ေရးကြင္းမွ သင္တန္းသူ၊ သင္တန္းသားေတြရဲ့ ဟစ္ေႂကြးသံေတြပါ။

အဲဒီသင္တန္းသားေတြကို သင္တန္းေပးေနတဲ့ နည္းျပေတြထဲမွာ ေမမိုးပြင့္ (သို႔) ေမ တေယာက္လည္း အပါအဝင္ ျဖစ္ပါတယ္။
ျဖဴျဖဴႏြဲ႕ႏြဲ႕ခ်စ္စရာဟန္ပန္ရွိေပမယ့္ စစ္ပညာသင္ၾကားေနတဲ့ အခ်ိန္မွာ စစ္သားတဦးလို အမိန႔္ေတြေပးၿပီး တည္ၾကည္ေသာမ်က္ႏွာထားနဲ႔ သင္တန္းေပးေနတဲ့ ဆရာမ ေမဟာ အျခား ေတာ္လွန္ေရး ရဲေဘာ္ေတြနဲ႔မတူဘဲ ထူးျခားလို႔ ေနပါတယ္။
သင္တန္းနည္းျပဆရာမ ေမဟာ အၾကမ္းဖက္စစ္ေကာင္စီ အာဏာမသိမ္းမီက ရိုးရိုးသာမန္၀န္ထမ္းတဦးသာ ျဖစ္ပါတယ္။

“၃ လပိုင္းေလာက္ စတင္ပစ္ခတ္တဲ့အခ်ိန္မွာ ဆုံးသြားတဲ့လူငယ္ေတြ နည္းတာမဟုတ္ဘူး။ အရမ္းဝမ္းနည္းတယ္။ ဘာမွလုပ္မေပးနိုင္ခဲ့ဘူ။ ထိေရာက္မယ့္ နည္းလမ္းရွာမရဘူး။ တေန႔တေန႔ တက္လာတဲ့ သတင္းေတြအတြက္ ပူေဆြး႐ုံကလြဲ မလုပ္ေပးနိုင္ဘူး။ အရင္က ဆႏၵျပၿပီး အနိုင္ရမယ္ပဲ ေတြးခဲ့တာ ေနာက္ေတာ့ မရမွန္းသိခဲ့တယ္။ ရပ္ကြက္ထဲထိ ပစ္ခတ္ေတာ့ လက္နက္ကိုင္တိုက္မွ နိုင္မယ္ဆိုတာ သိလာတယ္။ ခုခံစားေနရတာမ်ိဳး ေနာင္ကေလးေတြ မခံစားေစခ်င္ေတာ့ဘူး။ လက္နက္ကိုင္ဖို႔ ဆုံးျဖတ္ၿပီးခ်ိန္ သူငယ္ခ်င္းနဲ႔တိုင္ပင္ၿပီး ခ်ိတ္ဆက္ခဲ့တာ။ BPLA နဲ႔ ဆက္သြယ္မိၿပီး ေရာက္လာခဲ့တယ္” လို႔ ေမက ေျပာပါတယ္။

BPLA မွာ စစ္သင္တန္းစတင္တက္ေရာက္ခ်ိန္က အသက္ ၁၈ ႏွစ္ျပည့္ၿပီးျဖစ္တဲ့ ေမဟာ မၾကာမီ ၁၉ ႏွစ္ျပည့္ေတာ့မွာပါ။
“ေယာက်္ား မိန္းမ တန္းတူလို႔ ေတြးတယ္၊ အဲဒါေၾကာင့္ ေမ့အတြက္ သင္တန္းသားေတြက သိပ္ၿပီးအခက္အခဲ မျဖစ္ေစဘူး” လို႔ သူမက ဆိုပါတယ္။

BPLA ရဲေဘာ္တဦးျဖစ္လာၿပီးေနာက္ ေရွ႕တန္းထြက္ဖို႔ ဆႏၵျပင္းျပေပမယ့္ နည္းျပအျဖစ္ တာ၀န္ေပးအပ္ခဲ့တာေၾကာင့္ ႀကံ့ခိုင္ၿပီး စနစ္က်တဲ့ ေတာ္လွန္ေရးရဲေဘာ္သစ္ေတြ ေပၚထြက္လာေစဖို႔ ေလ့က်င့္သင္ၾကားေပးေနသူလည္း ျဖစ္ပါတယ္။

“ဒီလမ္းကိုေရြးခ်ယ္ၿပီၿပီးျဖစ္လို႔ မွားတယ္ မေတြးမိဘူး၊ ေတာ္လွန္ေရး ဘယ္ေလာက္ပဲႏွစ္ၾကာၾကာ ေတာ္လွန္ေရးၿပီးဆုံးေအာင္ လုပ္မယ္။ ေတာ္လွန္ေရးၿပီးရင္ ဒီမွာဆက္ေနျဖစ္မလား၊ ဝါသနာပါတဲ့ ဖိုတိုေမာ္ဒယ္လုပ္ျဖစ္မလား မေသခ်ာေသးဘူး “ လို႔ ေမက ေျပာပါတယ္။

ကရင္ျပည္နယ္မွာ ေျခကုပ္ယူၿပီး အာဏာရွင္စနစ္နဲ႔အတူ လူမ်ိဳးႀကီးဝါဒႀကီးစိုးမႈကိုပါ တိုက္ထုတ္မယ့္ တပ္တခုဟာ တိုင္းရင္းသားေဒသလြတ္ေျမာက္နယ္ေျမတေနရာမွာ မဟာမိတ္ EAO ေတြရဲ့ အကူအညီနဲ႔ စနစ္တက် စုဖြဲ႕ေလ့က်င့္ေနၾကတာပါ။

BPLA ရဲ့ စစ္အေျခခံသင္တန္းဟာ ၃ လနဲ႔ ၄ လၾကား ၾကာျမင့္ၿပီး ခက္ခဲၾကမ္းတမ္းတဲ့ သင္ခန္းစာေတြကို ေက်ာ္ျဖတ္နိုင္ဖို႔ ခိုင္မာတဲ့စိတ္ဓာတ္နဲ႔ က်န္းမာေရးေကာင္းမြန္ရမယ္လို႔ သင္တန္းနည္းျပဆရာမ ေမက ေျပာပါတယ္။

“ေမတို႔တုန္းက အရမ္းပင္ပန္းေတာ့ သင္တန္းကို တနာရီစာပဲေတြးတယ္။ တရက္စာ တရက္စာပဲ ေတြးတယ္။ သင္တန္းတခ်ိန္ခ်င္းစီကို ျဖတ္သန္းဖို႔ အားေမြးရတယ္” လို႔ သင္တန္းကာလအေတြ႕အၾကဳံကို ေမက ရွင္းျပပါတယ္။

လက္ရွိမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ လက္တြဲၿပီး တိုက္ပြဲဝင္ေနတဲ့ ဗမာျပည္သူ႔လြတ္ေျမာက္ေရးတပ္ေတာ္(BPLA) တပ္ဖြဲ႕ဝင္ေတြရဲ့ တိုက္ခိုက္ေရးစြမ္းရည္ကို မဟာမိတ္အဖြဲ႕ေတြကလည္း ခ်ီးက်ဴးစကား ေျပာလာၾကပါတယ္။

စစ္သင္တန္းတခုမွာ အမ်ိဳးသမီး ၂၀ ရာခိုင္ႏႈန္းေလာက္ ပါ၀င္ၿပီး သင္တန္းၿပီးဆုံးပါက တာ၀န္က်ရာကို တာ၀န္ထမ္းေဆာင္ရသလို သင္တန္းနည္းျပအျဖစ္ ျပန္လည္တာဝန္ထမ္းေဆာင္ေနရသူေတြလည္း ရွိပါတယ္။

“ကိုယ့္ဆုံးျဖတ္ခ်က္ကို ေသခ်ာစဥ္းစားဆုံးျဖတ္ေစခ်င္တယ္။ လက္နက္ကိုင္ေတာ္လွန္ခ်င္လို႔လား၊ ေသနတ္ကိုင္ခ်င္႐ုံသက္သက္ပဲလားဆိုတာ ဆုံးျဖတ္ခ်က္ ခိုင္မာၿပီဆိုေတာ့မွ ဒီလမ္းကို ေရြးေစခ်င္တယ္” ဟု ဆရာမ ေမက ဆိုပါတယ္။#DVB