ၾကားသိသမွ်

လွိုင်ကော်-မိုးဗြဲကားလမ်းတွင် EPC ဝန်ထမ်း ၂၆ ဦး ဖမ်းဆီးခံရ

လွိုင်ကော်-မိုးဗြဲကားလမ်းတွင် EPC ဝန်ထမ်း ၂၆ ဦး ဖမ်းဆီးခံရ

လွိုင်ကော်-မိုးဗြဲကားလမ်းမှာ တာဝါတိုင်ပြင်ဆင်ဖို့သွားတဲ့ မဟာဓာတ်အားလိုင်းမှူးရုံး (သာစည်) က လျှပ်စစ်ကျွမ်းကျင်(၁) ဦးစိုးသန်း အပါအဝင် ဝန်ထမ်း ၂၆ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားခဲ့တယ်လို့ ကယားပြည်နယ်သတင်းက သတင်းထုတ်ပြန်ထားပါတယ်။

ကယား(ကရင်နီ) ပြည်နယ်အတွင်းက လောပိတ-ရွှေမြို့မဟာဓာတ်အားလိုင်းမှာ ပျက်စီးနေတဲ့ တာဝါတိုင်တွေ ပြင်ဆင်ဖို့ FUSO ကရိန်းယာဉ်နဲ့သွားရာမှ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ရှမ်းကယားနယ်စပ် မိုးဗြဲမြို့နယ်အပါအဝင် လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေ မကြာခဏတိုက်ပွဲတွေဖြစ်နေပြီး ဖမ်းဆီးခံရတဲ့ EPC ဝန်ထမ်းတွေဟာ စစ်တပ်က စေလွှတ်တဲ့သူလျှိုတွေ ဖြစ်နေမလားဆိုတဲ့ အထင်နဲ့ လက်နက်ကိုင်တပ်ဖွဲ့​တွေက ဖမ်းဆီးခဲ့တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လွိုင်ကော်မဟာဓါတ်အားလိုင်းငှာနကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဒီဗွီဘီကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီသတင်းကို မသိရသလို သူတို့အဖွဲ့အနေနဲ့ ဖမ်းဆီးတာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဒီမိုးဗြဲဝန်းကျင်မှာ လတ်တလောအခြေအနေအထိတော့ ပျက်နေတဲ့ ဓာတ်တိုင်က မရှိဘူး။ မိုးဗြဲ EPC ကဆိုရင် ဝန်ထမ်းဦးရေက အဲလောက်ထိမရှိဘူးပေါ့နော်။ အဲဒီအရေအတွက်လောက်မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ပြောချင်တာကတော့ စစ်ရေးတင်းမာတဲ့နေရာမှာ စစ်ကောင်စီ အကြမ်းဖက်စစ်တပ်ရဲ့ အထောက်အကူတွေနဲ့ အကြောင်းအရာတွေနဲ့ သူတို့သွားတာကတော့ ထိန်းသိမ်းပြီးတော့ ဖမ်းဆီးစစ်ဆေးတာတော့ ရှိကောင်းရှိမယ်ထင်တယ်။ ကျနော်တို့ မိုးဗြဲ PDF ကတော့ အဲဒီအရာကို ကောင်းကောင်းတောင် မသိသေးဘူးလို့ပဲ ပြောလို့ရသလို ကျနော်တို့အဖွဲ့ လုပ်ထားတယ်လို့လည်း ပြောလို့မရဘူးခင်ဗျာ။ EPC ဝန်ထမ်းတွေကို ဘယ်အဖွဲ့က ဖမ်းပြီး ဘာကြောင့်ဖမ်းသလဲဆိုတာ ကိုတော့ သီးခြားအတည်ပြုထုတ်ပြန်ခြင်း မရှိ​သေးပါဘူး။”DVB

လြိဳင္ေကာ္-မိုးျဗဲကားလမ္းတြင္ EPC ဝန္ထမ္း ၂၆ ဦး ဖမ္းဆီးခံရ

လြိဳင္ေကာ္-မိုးျဗဲကားလမ္းမွာ တာဝါတိုင္ျပင္ဆင္ဖို႔သြားတဲ့ မဟာဓာတ္အားလိုင္းမႉး႐ုံး (သာစည္) က လၽွပ္စစ္ကၽြမ္းက်င္(၁) ဦးစိုးသန္း အပါအဝင္ ဝန္ထမ္း ၂၆ ဦးကို လက္နက္ကိုင္အဖြဲ႕တခုက ဖမ္းဆီးသြားခဲ့တယ္လို႔ ကယားျပည္နယ္သတင္းက သတင္းထုတ္ျပန္ထားပါတယ္။
ကယား(ကရင္နီ) ျပည္နယ္အတြင္းက ေလာပိတ-ေရႊၿမိဳ႕မဟာဓာတ္အားလိုင္းမွာ ပ်က္စီးေနတဲ့ တာဝါတိုင္ေတြ ျပင္ဆင္ဖို႔ FUSO ကရိန္းယာဥ္နဲ႔သြားရာမွ ဖမ္းဆီးခံခဲ့ရတာလို႔ ဆိုပါတယ္။

ရွမ္းကယားနယ္စပ္ မိုးျဗဲၿမိဳ႕နယ္အပါအဝင္ လြိဳင္ေကာ္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ PDF ပူးေပါင္းတပ္ေတြ မၾကာခဏတိုက္ပြဲေတြျဖစ္ေနၿပီး ဖမ္းဆီးခံရတဲ့ EPC ဝန္ထမ္းေတြဟာ စစ္တပ္က ေစလႊတ္တဲ့သူလၽွိုေတြ ျဖစ္ေနမလားဆိုတဲ့ အထင္နဲ႔ လက္နက္ကိုင္တပ္ဖြဲ႕​ေတြက ဖမ္းဆီးခဲ့တာ ျဖစ္နိုင္တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး လြိဳင္ေကာ္မဟာဓါတ္အားလိုင္းငွာနကို ဆက္သြယ္ေပမယ့္ ျပန္လည္ေျဖၾကားျခင္းမရွိပါဘူး။

မိုးျဗဲ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ဒီဗြီဘီကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဒီသတင္းကို မသိရသလို သူတို႔အဖြဲ႕အေနနဲ႔ ဖမ္းဆီးတာမရွိဘူးလို႔ ေျပာပါတယ္။

“က်ေနာ္တို႔ ဒီမိုးျဗဲဝန္းက်င္မွာ လတ္တေလာအေျခအေနအထိေတာ့ ပ်က္ေနတဲ့ ဓာတ္တိုင္က မရွိဘူး။ မိုးျဗဲ EPC ကဆိုရင္ ဝန္ထမ္းဦးေရက အဲေလာက္ထိမရွိဘူးေပါ့ေနာ္။ အဲဒီအေရအတြက္ေလာက္မရွိဘူး။ ဒါေပမယ့္ က်ေနာ္တို႔ ေျပာခ်င္တာကေတာ့ စစ္ေရးတင္းမာတဲ့ေနရာမွာ စစ္ေကာင္စီ အၾကမ္းဖက္စစ္တပ္ရဲ့ အေထာက္အကူေတြနဲ႔ အေၾကာင္းအရာေတြနဲ႔ သူတို႔သြားတာကေတာ့ ထိန္းသိမ္းၿပီးေတာ့ ဖမ္းဆီးစစ္ေဆးတာေတာ့ ရွိေကာင္းရွိမယ္ထင္တယ္။ က်ေနာ္တို႔ မိုးျဗဲ PDF ကေတာ့ အဲဒီအရာကို ေကာင္းေကာင္းေတာင္ မသိေသးဘူးလို႔ပဲ ေျပာလို႔ရသလို က်ေနာ္တို႔အဖြဲ႕ လုပ္ထားတယ္လို႔လည္း ေျပာလို႔မရဘူးခင္ဗ်ာ။ EPC ဝန္ထမ္းေတြကို ဘယ္အဖြဲ႕က ဖမ္းၿပီး ဘာေၾကာင့္ဖမ္းသလဲဆိုတာ ကိုေတာ့ သီးျခားအတည္ျပဳထုတ္ျပန္ျခင္း မရွိ​ေသးပါဘူး။”DVB