ၾကားသိသမွ်

“ဝ” ကေတီဗီတစ်ခုတွင် ပြသနာတက်ရာမှ တာချီလိတ်မှ ရဲဝန်ထမ်းဟောင်း ဖေသက်ဟန်အိမ် ရဲဝင်ဖမ်း၊ စိတ်ကြွဆေးပြား ၁၀ သန်းကျော်နှင့် ပစ္စတိုများ ဖမ်းမိ

“ဝ” ကေတီဗီတစ်ခုတွင် ပြသနာတက်ရာမှ တာချီလိတ်မှ ရဲဝန်ထမ်းဟောင်း ဖေသက်ဟန်အိမ် ရဲဝင်ဖမ်း၊ စိတ်ကြွဆေးပြား ၁၀ သန်းကျော်နှင့် ပစ္စတိုများ ဖမ်းမိ

တာချီလိတ်တွင် ကိုဗစ်ကာလ သင်္ကြန်တွင်း ပါတီပွဲကျင်းပသည့်ကိစ္စဖြင့် နာမည်ကြီးလာသည့် ရဲဝန်ထမ်းဟောင်း ဖေသက်ဟန်၏ နေအိမ်ကို ရဲများ ဧပြီလ ၂၄ရက် နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးရာ စိတ်ကြွဆေးပြား ၁၀သန်းကျော်နှင့် ပစ္စတိုသေနတ်များကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။


တာချီလိတ်မြို့၊​ ဝိန်းကျောက်ရပ်ကွက်ရှိ “ဝ” ဝန်းအတွင်း ဖွင့်လှစ်ထားသည့် ဟယ်ရီပေါ်တာ ကေတီဗီတွင် ဧပြီလ ၂၃ရက် ယမန်နေ့ညက ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဖေသက်ဟန်၏ နေအိမ်ကို ရဲများဝင်ရောက်စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၀သန်းကျော်၊ စိတ်ကြွဆေးပြားရိုက်စက်များနှင့် ပစ္စတိုများ ဖမ်းမိခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့ညက “ဝ”တွေပိုင်တဲ့ ကေတစ်ဗွီတစ်ခုမှာ သူ(ဖေသက်ဟန်)တို့အဖွဲ့နဲ့ “ဝ” တွေနဲ့ ပြသနာတက်တယ်။ အဲဒီကေတီဗီက တော်တော်ခမ်းခမ်းနားနားပဲ။ နိုင်ငံတကာအဆင့်ရှိတယ်။ အဲဒီမှာ ပြသနာတက်တော့ “ဝ”နဲ့ဆိုတော့ ဝင်မဖမ်းလို့ မရတော့ဘူး။ ဝင်ဖမ်းတော့ အိမ်ထဲမှာ အကုန်မိတာပဲ” ဟု ၎င်းက ပြောသည်။


ဖေသက်ဟန်၏ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါး၊ လက်နက်များနှင့်အတူ ပိုင်ရှင်ဖေသက်ဟန်နှင့် ၎င်းတပည့်များကိုပါ ဖမ်းဆီးမိကြောင်း ဝိန်းကျောက်ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ပြောသည်။

“မနက်က လမ်းပိတ်ပြီး စစ်နေတာတွေ့တယ်။ ပြီးတော့ သူ(ဖေသက်ဟန်)ကိုရော၊ သူ့တပည့်တွေပါ ဖမ်းသွားတယ်။ မနည်းဘူး” ဟု ၎င်းက ပြောသည်။

ဖေသက်ဟန်မှာ ၂၀၂၀ခုနှစ် ကိုဗစ်ဖြစ်ပွားနေချိန် သင်္ကြန်ကာလအတွင်း ၎င်းပိုင်ဆိုင်သည့် Crash Bar တွင် ပါတီပွဲကျင်းပကာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်ကိစ္စဖြင့် နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်က သဘာဝဘေးဥပဒေဖြင့် အရေးယူရန် ညွှန်ကြားခြင်းခဲ့ရသူ ဖြစ်သည်။

သို့သော် ထောင်ဒဏ်ချမှတ်ခံရခြင်းမရှိဘဲ ဒဏ်ငွေ ၅၀၀၀ ကျပ်ဖြင့်သာ ပြန်လည်လွတ်မြောက်လာပြီး ရဲအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။


ယင်းနောက် လုံခြုံရေးကုမ္ပဏီတည်တောင်ကာ လုပ်ကိုင်နေပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပြီး တာချီလိတ်ဗျူဟာမှ ဗျူဟာမှူးနှင့် ရင်းနှီးသူအဖြစ် နာမည်ကြီးသလို ရဲတပ်သားအဆင့်မှ ထွက်သော်လည်း ဘား၊ လုံခြုံရေးကုမ္ပဏီများ တည်ထောင်လုပ်ကိုင်နိုင်သူအဖြစ် လူပြောများသူဖြစ်သည်။

၎င်း၏ လူမှုကွန်ယက်အကောင့်တွင် တန်ဖိုးကြီး ဆိုင်ကယ်နှင့် ကားများဖြင့် ဓာတ်ပုံတွဲရိုက်တင်ခြင်း၊ တပည့်တပန်းများဖြင့် လူမိုက်ဂိုဏ်းဆန်ဆန်ပုံများ တင်လေ့ရှိသည့်အတွက် လူသိများသူလည်း ဖြစ်သည်။#မဲခေါင်

Photo – Phay Mone’s FB

“ဝ” ေကတီဗီတစ္ခုတြင္ ျပသနာတက္ရာမွ တာခ်ီလိတ္မွ ရဲဝန္ထမ္းေဟာင္း ေဖသက္ဟန္အိမ္ ရဲဝင္ဖမ္း၊ စိတ္ႂကြေဆးျပား ၁၀ သန္းေက်ာ္ႏွင့္ ပစၥတိုမ်ား ဖမ္းမိ

တာခ်ီလိတ္တြင္ ကိုဗစ္ကာလ သၾကၤန္တြင္း ပါတီပြဲက်င္းပသည့္ကိစၥျဖင့္ နာမည္ႀကီးလာသည့္ ရဲဝန္ထမ္းေဟာင္း ေဖသက္ဟန္၏ ေနအိမ္ကို ရဲမ်ား ဧၿပီလ ၂၄ရက္ နံနက္ပိုင္းက ဝင္ေရာက္ဖမ္းဆီးရာ စိတ္ႂကြေဆးျပား ၁၀သန္းေက်ာ္ႏွင့္ ပစၥတိုေသနတ္မ်ားကို ဖမ္းဆီးရမိေၾကာင္း စုံစမ္းသိရသည္။

တာခ်ီလိတ္ၿမိဳ႕၊​ ဝိန္းေက်ာက္ရပ္ကြက္ရွိ “ဝ” ဝန္းအတြင္း ဖြင့္လွစ္ထားသည့္ ဟယ္ရီေပၚတာ ေကတီဗီတြင္ ဧၿပီလ ၂၃ရက္ ယမန္ေန႔ညက ပစ္ခတ္မႈ ျဖစ္ပြားၿပီးေနာက္ ယေန႔ နံနက္ပိုင္းတြင္ ေဖသက္ဟန္၏ ေနအိမ္ကို ရဲမ်ားဝင္ေရာက္စစ္ေဆးရာ စိတ္ႂကြေဆးျပား ၁၀သန္းေက်ာ္၊ စိတ္ႂကြေဆးျပားရိုက္စက္မ်ားႏွင့္ ပစၥတိုမ်ား ဖမ္းမိျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“မေန႔ညက “ဝ”ေတြပိုင္တဲ့ ေကတစ္ဗြီတစ္ခုမွာ သူ(ေဖသက္ဟန္)တို႔အဖြဲ႕နဲ႔ “ဝ” ေတြနဲ႔ ျပသနာတက္တယ္။ အဲဒီေကတီဗီက ေတာ္ေတာ္ခမ္းခမ္းနားနားပဲ။ နိုင္ငံတကာအဆင့္ရွိတယ္။ အဲဒီမွာ ျပသနာတက္ေတာ့ “ဝ”နဲ႔ဆိုေတာ့ ဝင္မဖမ္းလို႔ မရေတာ့ဘူး။ ဝင္ဖမ္းေတာ့ အိမ္ထဲမွာ အကုန္မိတာပဲ” ဟု ၎က ေျပာသည္။

ေဖသက္ဟန္၏ ေနအိမ္ကို ဝင္ေရာက္ဖမ္းဆီးရာ မူးယစ္ေဆးဝါး၊ လက္နက္မ်ားႏွင့္အတူ ပိုင္ရွင္ေဖသက္ဟန္ႏွင့္ ၎တပည့္မ်ားကိုပါ ဖမ္းဆီးမိေၾကာင္း ဝိန္းေက်ာက္ရပ္ကြက္တြင္း ေနထိုင္သူတစ္ဦးက ေျပာသည္။

“မနက္က လမ္းပိတ္ၿပီး စစ္ေနတာေတြ႕တယ္။ ၿပီးေတာ့ သူ(ေဖသက္ဟန္)ကိုေရာ၊ သူ႔တပည့္ေတြပါ ဖမ္းသြားတယ္။ မနည္းဘူး” ဟု ၎က ေျပာသည္။

ေဖသက္ဟန္မွာ ၂၀၂၀ခုႏွစ္ ကိုဗစ္ျဖစ္ပြားေနခ်ိန္ သၾကၤန္ကာလအတြင္း ၎ပိုင္ဆိုင္သည့္ Crash Bar တြင္ ပါတီပြဲက်င္းပကာ တိုက္ရိုက္ထုတ္လႊင့္ခဲ့သည့္ကိစၥျဖင့္ နိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္က သဘာဝေဘးဥပေဒျဖင့္ အေရးယူရန္ ညႊန္ၾကားျခင္းခဲ့ရသူ ျဖစ္သည္။ သို႔ေသာ္ ေထာင္ဒဏ္ခ်မွတ္ခံရျခင္းမရွိဘဲ ဒဏ္ေငြ ၅၀၀၀ က်ပ္ျဖင့္သာ ျပန္လည္လြတ္ေျမာက္လာၿပီး ရဲအျဖစ္မွ ထုတ္ပယ္ခံခဲ့ရသူျဖစ္သည္။

ယင္းေနာက္ လုံျခဳံေရးကုမၸဏီတည္ေတာင္ကာ လုပ္ကိုင္ေနၿပီး စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္ၿပီး တာခ်ီလိတ္ဗ်ဴဟာမွ ဗ်ဴဟာမႉးႏွင့္ ရင္းႏွီးသူအျဖစ္ နာမည္ႀကီးသလို ရဲတပ္သားအဆင့္မွ ထြက္ေသာ္လည္း ဘား၊ လုံျခဳံေရးကုမၸဏီမ်ား တည္ေထာင္လုပ္ကိုင္နိုင္သူအျဖစ္ လူေျပာမ်ားသူျဖစ္သည္။

၎၏ လူမႈကြန္ယက္အေကာင့္တြင္ တန္ဖိုးႀကီး ဆိုင္ကယ္ႏွင့္ ကားမ်ားျဖင့္ ဓာတ္ပုံတြဲရိုက္တင္ျခင္း၊ တပည့္တပန္းမ်ားျဖင့္ လူမိုက္ဂိုဏ္းဆန္ဆန္ပုံမ်ား တင္ေလ့ရွိသည့္အတြက္ လူသိမ်ားသူလည္း ျဖစ္သည္။#မဲေခါင္

Photo – Phay Mone’s FB