ၾကားသိသမွ်

ကန်ကြီးထောင့်မှာ တစ်သောင်းတန်အတုနဲ့ Wave Pay ငွေလွှဲသူကို ဖမ်းမိ

ကန်ကြီးထောင့်မှာ တစ်သောင်းတန်အတုနဲ့ Wave Pay ငွေလွှဲသူကို ဖမ်းမိ

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ တစ်သောင်းတန်ငွေအတုအချို့နဲ့ Wave Pay လာရောက်ငွေလွှဲသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

ရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဧပြီလ ၂၃ ရက်နေ့က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စျေးဆိုင်တစ်ဆိုင်ကို လာရောက်ပြီး တစ်

သောင်းကျပ်တန်ငွေစက္ကူအတုတွေနဲ့ Wave Pay ငွေလွှဲဖို့ လာတာလို့ ဆိုပါတယ်။

“သူက ရခိုင်မှာရှိတဲ့ သူ့အမျိုးကို ငွေတစ်သိန်းလွှဲမယ်ဆိုပြီးတော့ တစ်သောင်းတန်အတုတွေနဲ့ လာလွှဲတာ အဲ့မှာ ပိုက်ဆံအတုထဲမှာ ၆ ရွက်

က နံပါတ်တူနေတော့ သိသွားပြီးတော့ အဖမ်းခံရတာ၊ ရဲတွေက ငွေကိုပါ လွှဲခိုင်းလိုက်ပြီး လာထုတ်တဲ့သူကိုပါ ဖမ်းထားတယ်လို့ကြား

တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။


ပုသိမ်မြို့မှာလည်း ငွေစက္ကူအတုအသုံးပြုကာ စျေးမှာယူတာတွေ KBZ Pay ငွေထုတ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ကန္ႀကီးေထာင့္မွာ တစ္ေသာင္းတန္အတုနဲ႔ Wave Pay ေငြလႊဲသူကို ဖမ္းမိ

ဧရာဝတီတိုင္း ကန္ႀကီးေထာင့္ၿမိဳ႕နယ္မွာ တစ္ေသာင္းတန္ေငြအတုအခ်ိဳ႕နဲ႔ Wave Pay လာေရာက္ေငြလႊဲသူ အမ်ိဳး

သမီးတစ္ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဧၿပီလ ၂၃ ရက္ေန႔က အသက္ ၂၇ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ အမွတ္ (၁) ရပ္ကြက္မွာရွိတဲ့ ေစ်းဆိုင္တစ္ဆိုင္ကို လာေရာက္ၿပီး တစ္ေ

သာင္းက်ပ္တန္ေငြစကၠဴအတုေတြနဲ႔ Wave Pay ေငြလႊဲဖို႔ လာတာလို႔ ဆိုပါတယ္။

“သူက ရခိုင္မွာရွိတဲ့ သူ႔အမ်ိဳးကို ေငြတစ္သိန္းလႊဲမယ္ဆိုၿပီးေတာ့ တစ္ေသာင္းတန္အတုေတြနဲ႔ လာလႊဲတာ အဲ့မွာ ပိုက္ဆံအတုထဲမွာ

၆ ရြက္က နံပါတ္တူေနေတာ့ သိသြားၿပီးေတာ့ အဖမ္းခံရတာ၊ ရဲေတြက ေငြကိုပါ လႊဲခိုင္းလိုက္ၿပီး လာထုတ္တဲ့သူကိုပါ ဖမ္းထား

တယ္လို႔ၾကားတယ္” လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

ပုသိမ္ၿမိဳ႕မွာလည္း ေငြစကၠဴအတုအသုံးျပဳကာ ေစ်းမွာယူတာေတြ KBZ Pay ေငြထုတ္တဲ့ ျဖစ္စဥ္ေတြ ျဖစ္ပြားခဲ့ဖူးပါတယ္။