ၾကားသိသမွ်

မိုးဗြဲ PDF အတွက် Project Buffalo ကမ်ပိန်းမှ တပတ်အတွင်း ကျပ်သိန်း ၅၅၀ ကျော်ရရှိ

မိုးဗြဲ PDF အတွက် Project Buffalo ကမ်ပိန်းမှ တပတ်အတွင်း ကျပ်သိန်း ၅၅၀ ကျော်ရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အတွင်း၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် အနိမ့်ပျံ ပုစဉ်းပစ် “Pecheneg” လက်နက်ဝယ်ယူနိုင်ဖို့ Project Buffalo ကမ်ပိန်းကနေ တပတ်အတွင်း ကျပ်သိန်း ၅၅၀ ကျော် ရရှိထားပြီလို့ သိရပါတယ်။

ဒီကမ်ပိန်းကိုတော့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲနဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာငွေ သိန်း ၅၀၀ အထိ ခန့်မှန်းထားကာ ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အင်အားစုတွေနဲ့ မိဘပြည်သူတွေက မိမိတို့ တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးနိုင်ပြီး လိုအပ်တဲ့ပမာဏပြည့်တဲ့အထိ ရက်ကန့်သတ်ထားတာ မရှိဘူးလို့ သိရပါတယ်။

ရှမ်း-ကယားနယ်စပ်နဲ့ ကယားပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးများပြားခဲ့ပြီးနောက် လေကြောင်းကို အားပြုပြီး တိုက်ခိုက်မှုတွေ နေ့စဉ် ရှိနေပါတယ်။

ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အင်အားစုတွေ၊ ပြည်သူတွေအနေနဲ့ Project Buffalo မှာ ပါဝင် လှူဒါန်းလိုပါက အသေးစိတ် အချက်အလက်တွေကို မိုးဗြဲ PDF ကျွဲချိုတပ်ခွဲရဲ့ တရားဝင် Facebook Account နဲ့ Telegram တို့မှာ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက် နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဟာ မင်းမဲ့စရိုက်ဆန်ဆန် မြို့ရွာအနှံ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေ၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကိုပါ ဥပဒေမဲ့ ကျုးလွန်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

မိုးျဗဲ PDF အတြက္ Project Buffalo ကမ္ပိန္းမွ တပတ္အတြင္း က်ပ္သိန္း ၅၅၀ ေက်ာ္ရရွိ

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးျဗဲၿမိဳ႕အတြင္း၊ စစ္ေကာင္စီတပ္ရဲ့ ေလေၾကာင္းတိုက္ခိုက္မႈေတြကို ဟန႔္တားနိုင္ေရးအတြက္ အနိမ့္ပ်ံ ပုစဥ္းပစ္ “Pecheneg” လက္နက္ဝယ္ယူနိုင္ဖို႔ Project Buffalo ကမ္ပိန္းကေန တပတ္အတြင္း က်ပ္သိန္း ၅၅၀ ေက်ာ္ ရရွိထားၿပီလို႔ သိရပါတယ္။

ဒီကမ္ပိန္းကိုေတာ့ မိုးျဗဲျပည္သူ႔ကာကြယ္ေရးတပ္ ကၽြဲခ်ိဳတပ္ခြဲနဲ႔ CDM ဗိုလ္ႀကီး ညီသုတတို႔ ပူးေပါင္းကာ ၿပီးခဲ့တဲ့ ဧၿပီ ၁၉ ရက္က စတင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး ျမန္မာေငြ သိန္း ၅၀၀ အထိ ခန႔္မွန္းထားကာ ျပည္တြင္း ျပည္ပရွိ ေတာ္လွန္ေရး အင္အားစုေတြနဲ႔ မိဘျပည္သူေတြက မိမိတို႔ တတ္နိုင္သေလာက္ ေထာက္ပံ့လႉဒါန္းေပးနိုင္ၿပီး လိုအပ္တဲ့ပမာဏျပည့္တဲ့အထိ ရက္ကန႔္သတ္ထားတာ မရွိဘူးလို႔ သိရပါတယ္။

ရွမ္း-ကယားနယ္စပ္နဲ႔ ကယားျပည္နယ္အတြင္း တိုက္ပြဲေတြမွာ စစ္ေကာင္စီတပ္ဘက္က အထိအခိုက္ အက်အဆုံးမ်ားျပားခဲ့ၿပီးေနာက္ ေလေၾကာင္းကို အားျပဳၿပီး တိုက္ခိုက္မႈေတြ ေန႔စဥ္ ရွိေနပါတယ္။

ျပည္တြင္း ျပည္ပရွိ ေတာ္လွန္ေရး အင္အားစုေတြ၊ ျပည္သူေတြအေနနဲ႔ Project Buffalo မွာ ပါဝင္ လႉဒါန္းလိုပါက အေသးစိတ္ အခ်က္အလက္ေတြကို မိုးျဗဲ PDF ကၽြဲခ်ိဳတပ္ခြဲရဲ့ တရားဝင္ Facebook Account နဲ႔ Telegram တို႔မွာ တိုက္ရိုက္ ဆက္သြယ္လႉဒါန္းနိုင္ပါတယ္။

ျမန္မာနိုင္ငံမွာေတာ့ စစ္အုပ္စုက မတရားအာဏာသိမ္းယူထားတဲ့ ကာလဟာ တႏွစ္ေက်ာ္ ၾကာျမင့္လာခဲ့ၿပီျဖစ္ကာ ဒီကာလေတြအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြ၊ တိုင္းရင္းသားလက္ နက္ကိုင္တပ္ေတြၾကား တိုက္ပြဲေတြ ျပင္းထန္ေနသလို စစ္ေကာင္စီဟာ မင္းမဲ့စရိုက္ဆန္ဆန္ ၿမိဳ႕ရြာအႏွံ့ ျပည္သူေတြကို ညႇဥ္းပန္းႏွိပ္စက္သတ္ျဖတ္တာ၊ ရြာလုံးကၽြတ္မီးရွို႔ဖ်က္ဆီးတာေတြ၊ ေလေၾကာင္းပစ္ကူ တိုက္ခိုက္မႈေတြကိုပါ ဥပေဒမဲ့ က်ဳးလြန္ေနခဲ့တာ ျဖစ္ပါတယ္။

နိုင္ငံတဝန္းမွာေတာ့ ျမန္မာျပည္သူေတြဟာ စစ္အာဏာရွင္စနစ္ ျမန္မာ့ေျမေပၚမွ အၿပီးတိုင္ခ်ဳပ္ၿငိမ္းေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီ တည္ေဆာက္ေရးအတြက္ ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ လူထုသပိတ္တိုက္ပြဲေတြလည္း တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြ အႏွံ့အျပား ျဖစ္ပြားေနပါတယ္။