ၾကားသိသမွ်

ရွေးကောက်ခံ အစိုးရနဲ့သာ ဆက်ဆံပြီး စစ်အုပ်စုကို လုံးဝမသိအမှတ်မပြုဖို့ အာဆီယံကို APHR တိုက်တွန်း

ရွေးကောက်ခံ အစိုးရနဲ့သာ ဆက်ဆံပြီး စစ်အုပ်စုကို လုံးဝမသိအမှတ်မပြုဖို့ အာဆီယံကို APHR တိုက်တွန်း

အာဆီယံအနေနဲ့ တရားဝင် ရွေးကောက်ခံ အစိုးရနဲ့သာ ဆက်ဆံပြီး စစ်အုပ်စုကို လုံးဝအသိအမှတ်မပြုဖို့ APHR (လူ့အခွင့်အရေးအတွက် အာဆီယံအမတ်များအဖွဲ့) က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ တစ်နှစ်တစ်ယောက်ပြောင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်မှုလုပ်ငန်းစဉ်ကို အသေအချာပြန်လည် သုံးသပ်ဖို့၊

အာဆီယံအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လုံခြုံရေးကောင်စီတို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှု အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ အရပ်ဖက်အဖွဲ့တွေ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့၊ အာဆီယံအနေနဲ့ NUG အစိုးရ၊ EAOs တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တရားဝင်လူသိရှင်ကြားတွေ့ဆုံဖို့ အစရှိတဲ့ အချက် ၅ ချက်ကို APHR က တိုက်တွန်းတဲ့အကြောင်း ဧပြီ ၂၄ ရက်နေ့က အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားတယ်လို့ RFA က ရေးသားထားပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာဆီယံဟာ အလုပ်မဖြစ်တဲ့ အာဆီယံမူ ၅ ရပ်ကို လွှင့်ပစ်သင့်တာကြာပြီလို့ ဆိုပါတယ်။

‘အခုဆို တစ်နှစ်ကျော်ပြီ။ မင်းအောင်လှိုင်က လှည့်ကိုမကြည့်တာ။ အာဆီယံအနေနဲ့ အဖြစ်မှန်ကို ရင်ဆိုင်ဖို့လိုပါ ပြီ။ အခု APHR ရဲ့ အိတ်ဖွင့်ပေးစာကိုလည်း အာဆီယံအနေနဲ့ အလေးထားဖို့လိုတယ်’ လို့ သူကပြောပါတယ်။

မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပိတ်ဆို့အရေးယူဖို့ အချိန်တန်ပြီလို့ APHR က ဆိုပါတယ်။

ေရြးေကာက္ခံ အစိုးရနဲ႔သာ ဆက္ဆံၿပီး စစ္အုပ္စုကို လုံးဝမသိအမွတ္မျပဳဖို႔ အာဆီယံကို APHR တိုက္တြန္း

အာဆီယံအေနနဲ႔ တရားဝင္ ေရြးေကာက္ခံ အစိုးရနဲ႔သာ ဆက္ဆံၿပီး စစ္အုပ္စုကို လုံးဝအသိအမွတ္မျပဳဖို႔ APHR (လူ႔အခြင့္အေရးအတြက္ အာဆီယံအမတ္မ်ားအဖြဲ႕) က တိုက္တြန္းလိုက္ပါတယ္။

ဒါ့အျပင္ အာဆီယံအေနနဲ႔ တစ္ႏွစ္တစ္ေယာက္ေျပာင္းေနတဲ့ ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ခန႔္အပ္မႈလုပ္ငန္းစဥ္ကို အေသအခ်ာျပန္လည္ သုံးသပ္ဖို႔၊

အာဆီယံအေနနဲ႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၊ လုံျခဳံေရးေကာင္စီတို႔နဲ႔ အနီးကပ္ပူးေပါင္းေဆာင္ရြက္ဖို႔၊ အာဆီယံရဲ့ လူသားခ်င္းစာနာမႈ အဖြဲ႕အေနနဲ႔ ျမန္မာနိုင္ငံအတြင္းရွိ အရပ္ဖက္အဖြဲ႕ေတြ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕ေတြနဲ႔ အနီးကပ္ပူးေပါင္းေဆာင္ရြက္ၿပီး ဒုကၡေရာက္ေနတဲ့သူေတြကို ကူညီဖို႔၊ အာဆီယံအေနနဲ႔ NUG အစိုးရ၊ EAOs တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြကို တရားဝင္လူသိရွင္ၾကားေတြ႕ဆုံဖို႔ အစရွိတဲ့ အခ်က္ ၅ ခ်က္ကို APHR က တိုက္တြန္းတဲ့အေၾကာင္း ဧၿပီ ၂၄ ရက္ေန႔က အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားတယ္လို႔ RFA က ေရးသားထားပါတယ္။

ရန္ကုန္အေျခစိုက္ နိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးက အာဆီယံဟာ အလုပ္မျဖစ္တဲ့ အာဆီယံမူ ၅ ရပ္ကို လႊင့္ပစ္သင့္တာၾကာၿပီလို႔ ဆိုပါတယ္။

‘အခုဆို တစ္ႏွစ္ေက်ာ္ၿပီ။ မင္းေအာင္လွိုင္က လွည့္ကိုမၾကည့္တာ။ အာဆီယံအေနနဲ႔ အျဖစ္မွန္ကို ရင္ဆိုင္ဖို႔လိုပါ ၿပီ။ အခု APHR ရဲ့ အိတ္ဖြင့္ေပးစာကိုလည္း အာဆီယံအေနနဲ႔ အေလးထားဖို႔လိုတယ္’ လို႔ သူကေျပာပါတယ္။

မင္းေအာင္လွိုင္နဲ႔ ျမန္မာစစ္တပ္ကို စစ္ရာဇဝတ္မႈ၊ လူသားအျဖစ္ကို ဆန႔္က်င္တဲ့ ရာဇဝတ္မႈေတြနဲ႔ ပိတ္ဆို႔အေရးယူဖို႔ အခ်ိန္တန္ၿပီလို႔ APHR က ဆိုပါတယ္။