ၾကားသိသမွ်

တောင်ငူခရိုင်KNDO တပ်ရင်း(၄)နယ်မြေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ၁၅ရက်အတွင်း အပြီးတိုင် ရုပ်သိမ်းဖို့ကြေညာ

တောင်ငူခရိုင်KNDO တပ်ရင်း(၄)နယ်မြေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ၁၅ရက်အတွင်း အပြီးတိုင် ရုပ်သိမ်းဖို့ကြေညာ

ဧပြီ ၂၅ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)၊ တောင်ငူခရိုင်မှာရှိတဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့(KNDO) တပ်ရင်း (၄) နယ်မြေက စစ်ကောင်စီတပ်စခန်းတွေ ၁၅ရက်အတွင်း အပြီးတိုင်ရုပ်သိမ်းထွက်ခွာသွားဖို့ KNDO တပ်ရင်း(၄)က သတိပေးကြေညာခဲ့ပါတယ်။


စစ်ကောင်စီတပ်တွေအနေနဲ့ သတ်မှတ်ရက် ကျော်လွန်ပြီး ဆက်လက်တပ်စွဲနေမယ်ဆိုရင် နောက်ဆက်တွဲ ကိစ္စတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း KNDO တပ်ရင်း(၄)ရဲ့ ဧပြီ ၂၅ရက် ရက်စွဲပါ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KNDO တပ်ရင်း(၄)နယ်မြေအတွင်း စစ်စခန်းတွေ တည်ဆောက်တပ်စွဲထားတာဟာ ကရင်လူထုနဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ဘာကောင်းကျိုးသက်ရောက်မှုမျှ မရှိတဲ့အပြင် လူထုအနေနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ တောင် ယာလုပ်ငန်းတွေနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်ရာမှာ အဟန့်အတား အခက်အခဲ ဖြစ်ပြီး လူမှုစီးပွား ဘ၀ ထိခိုက်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျီးချောင်းစစ်စခန်းနဲ့(၄၈)မိုင် ကိုးဒေးစစ်စခန်းတွေကြောင့် ဒေသတွင်းရှိ လူထုတွေဟာ ထိတ်လန့်ကြောက်ရွံ့နေရတာ၊ မိုင်းကွင်းတွေကြောင့် နေ့စဉ်သွားလာနေထိုင်စားသောက်ရာမှာ အဟန့်အတား အခက်အခဲ ဖြစ်ရတာ၊ စစ်ကောင်စီတပ်က ဦးတည်ချက်မဲ့ ပစ်ခတ်မှုတွေကို စိုးရိမ် ကြောက်လန့်နေရတာ စတဲ့ ဒုက္ခတွေ ခံစားနေကြရလို့ အဲဒီ တပ်စခန်းတွေ တည်ရှိနေခြင်းအား လုံး၀ လက်မခံနိုင်ဘူးလို့ KNDO တပ်ရင်း(၄)က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ရက်ကလည်း KNU သထုံခရိုင် မှာရှိတဲ့ KNDO တပ်ရင်း(၂)ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ အဲဒီ ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ လေးကေနဲ့ ဝင်းတာပန် တပ်စခန်းတွေ သုံးရက်အတွင်း ဆုတ်ခွာဖို့ သတိပေးခဲ့ပါတယ်။

ဒီလို သတိပေး ကြေညာတဲ့အပေါ် မလိုက်နာတာကြောင့် ဆိုပြီး ဧပြီ ၂၃ရက် ညပိုင်းနဲ့ ဒီကနေ့မှာ သတိပေး ပစ်ခတ်တာ တွေလုပ်ဆောင်ခဲ့ပါတယ်။

ေတာင္ငူခရိုင္KNDO တပ္ရင္း(၄)နယ္ေျမမွာရွိတဲ့ စစ္ေကာင္စီတပ္စခန္းေတြ ၁၅ရက္အတြင္း အၿပီးတိုင္ ႐ုပ္သိမ္းဖို႔ေၾကညာ

ဧၿပီ ၂၅ ၊ ၂၀၂၂

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) တပ္မဟာ(၂)၊ ေတာင္ငူခရိုင္မွာရွိတဲ့ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ ဖြဲ႕(KNDO) တပ္ရင္း (၄) နယ္ေျမက စစ္ေကာင္စီတပ္စခန္းေတြ ၁၅ရက္အတြင္း အၿပီးတိုင္႐ုပ္သိမ္းထြက္ခြာသြားဖို႔ KNDO တပ္ရင္း(၄)က သတိေပးေၾကညာခဲ့ပါတယ္။

စစ္ေကာင္စီတပ္ေတြအေနနဲ႔ သတ္မွတ္ရက္ ေက်ာ္လြန္ၿပီး ဆက္လက္တပ္စြဲေနမယ္ဆိုရင္ ေနာက္ဆက္တြဲ ကိစၥေတြကို တာဝန္ယူမွာမဟုတ္ဘူးလို႔လည္း KNDO တပ္ရင္း(၄)ရဲ့ ဧၿပီ ၂၅ရက္ ရက္စြဲပါ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

KNDO တပ္ရင္း(၄)နယ္ေျမအတြင္း စစ္စခန္းေတြ တည္ေဆာက္တပ္စြဲထားတာဟာ ကရင္လူထုနဲ႔ တိုင္းရင္းသားျပည္သူေတြအတြက္ ဘာေကာင္းက်ိဳးသက္ေရာက္မႈမၽွ မရွိတဲ့အျပင္ လူထုအေနနဲ႔ ဥယ်ာဥ္ၿခံလုပ္ငန္းေတြ ေတာင္ ယာလုပ္ငန္းေတြနဲ႔ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းေတြ လုပ္ကိုင္ ေဆာင္ရြက္ရာမွာ အဟန႔္အတား အခက္အခဲ ျဖစ္ၿပီး လူမႈစီးပြား ဘ၀ ထိခိုက္ေနတယ္လို႔ ဆိုပါတယ္။

အထူးသျဖင့္ က်ီးေခ်ာင္းစစ္စခန္းနဲ႔(၄၈)မိုင္ ကိုးေဒးစစ္စခန္းေတြေၾကာင့္ ေဒသတြင္းရွိ လူထုေတြဟာ ထိတ္လန႔္ေၾကာက္ရြံ့ေနရတာ၊ မိုင္းကြင္းေတြေၾကာင့္ ေန႔စဥ္သြားလာေနထိုင္စားေသာက္ရာမွာ အဟန႔္အတား အခက္အခဲ ျဖစ္ရတာ၊ စစ္ေကာင္စီတပ္က ဦးတည္ခ်က္မဲ့ ပစ္ခတ္မႈေတြကို စိုးရိမ္ ေၾကာက္လန႔္ေနရတာ စတဲ့ ဒုကၡေတြ ခံစားေနၾကရလို႔ အဲဒီ တပ္စခန္းေတြ တည္ရွိေနျခင္းအား လုံး၀ လက္မခံနိုင္ဘူးလို႔ KNDO တပ္ရင္း(၄)က ထုတ္ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၂၀ရက္ကလည္း KNU သထုံခရိုင္ မွာရွိတဲ့ KNDO တပ္ရင္း(၂)ကလည္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာမွာ အဲဒီ ေဒသမွာရွိတဲ့ စစ္ေကာင္စီရဲ့ ေလးေကနဲ႔ ဝင္းတာပန္ တပ္စခန္းေတြ သုံးရက္အတြင္း ဆုတ္ခြာဖို႔ သတိေပးခဲ့ပါတယ္။

ဒီလို သတိေပး ေၾကညာတဲ့အေပၚ မလိုက္နာတာေၾကာင့္ ဆိုၿပီး ဧၿပီ ၂၃ရက္ ညပိုင္းနဲ႔ ဒီကေန႔မွာ သတိေပး ပစ္ခတ္တာ ေတြလုပ္ေဆာင္ခဲ့ပါတယ္။