ၾကားသိသမွ်

ရွေးကောက်ပွဲအနိုင်ရ ပြင်သစ်သမ္မတကို NUG ဝန်ကြီး ဂုဏ်ပြု

ရွေးကောက်ပွဲအနိုင်ရ ပြင်သစ်သမ္မတကို NUG ဝန်ကြီး ဂုဏ်ပြု

ပြင်သစ်နိုင်ငံရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရသွားတဲ့ သမ္မတ အီမန်နျူရယ် မက်ခရွန်းကို ဂုဏ်ပြုတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလာပါတယ်။

သမ္မတ မက်ခရွန်းကို ဂုဏ်ပြုကြောင်းပြောရင်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ သမ္မတရဲ့အားပေးထောက်ခံမှုကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဝန်ကြီးက သူ့ရဲ့လူမှုကွန်ယက်မှာ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ တင်ထားတာဖြစ်ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်းဟာ ရွေးကောက်ပွဲမှာ လက်ယာစွန်း အမျိုးသမီးသမ္မတလောင်း မရီးန်လီပဲန်းကို အနိုင်ရခဲ့တာဖြစ်လို့ ပြင်သစ်နိုင်ငံသမိုင်းမှာ နှစ်ပေါင်း ၂၀ အတွင်း ဒုတိယအကြိမ်မြောက် ပြန်လည်ရွေးကောက်ခံရတဲ့ တာဝန်ထမ်းဆောင်ဆဲသမ္မတတစ်ဦးလည်းဖြစ်လာပါတယ်။

ဓာတ်ပုံ – Getty

ေရြးေကာက္ပြဲအနိုင္ရ ျပင္သစ္သမၼတကို NUG ဝန္ႀကီး ဂုဏ္ျပဳ

ျပင္သစ္နိုင္ငံေရြးေကာက္ပြဲမွာ ထပ္မံအနိုင္ရသြားတဲ့ သမၼတ အီမန္န်ဴရယ္ မက္ခရြန္းကို ဂုဏ္ျပဳတဲ့အေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)ရဲ့ လူသားခ်င္းစာနာေထာက္ထားေရးနဲ႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာလာပါတယ္။

သမၼတ မက္ခရြန္းကို ဂုဏ္ျပဳေၾကာင္းေျပာရင္း ျမန္မာနိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ သမၼတရဲ့အားေပးေထာက္ခံမႈကိုလည္း ေက်းဇူးတင္တဲ့အေၾကာင္း ဝန္ႀကီးက သူ႔ရဲ့လူမႈကြန္ယက္မွာ ၿပီးခဲ့တဲ့ နာရီပိုင္းကပဲ တင္ထားတာျဖစ္ပါတယ္။

ျပင္သစ္သမၼတ မက္ခရြန္းဟာ ေရြးေကာက္ပြဲမွာ လက္ယာစြန္း အမ်ိဳးသမီးသမၼတေလာင္း မရီးန္လီပဲန္းကို အနိုင္ရခဲ့တာျဖစ္လို႔ ျပင္သစ္နိုင္ငံသမိုင္းမွာ ႏွစ္ေပါင္း ၂၀ အတြင္း ဒုတိယအႀကိမ္ေျမာက္ ျပန္လည္ေရြးေကာက္ခံရတဲ့ တာဝန္ထမ္းေဆာင္ဆဲသမၼတတစ္ဦးလည္းျဖစ္လာပါတယ္။

ဓာတ္ပုံ – Getty