ၾကားသိသမွ်

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကို PDFများစီးနင်းတိုက်ခိုက်ဖျက်သိမ်း ရဲစခန်း ပြာကျ

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကို PDFများစီးနင်းတိုက်ခိုက်ဖျက်သိမ်း

-​စော​နွေဦး/ People’s Spring

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကို PDFပူးပေါင်းတပ်က ယ​နေ့(ဧပြီ ၂၄) နေလယ်ပိုင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်မီးရှို့ ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုကြောင့် ထားဝယ်-ထီးခီးလမ်းပိုင်း အရပ်သားကားများ အသုံးပြုမှု ခတ္တ ရပ်ဆိုင်းထားပေးရန် မြေပြင် PDF ရဲဘော်များက မေတ္တာရပ်ခံလိုက်သည်ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ပါဝင်သည်။

“ရဲစခန်းက ပြာကျသွားပြီ။ စစ်ကောင်စီတပ်က စစ်ကူလွှတ်လိုက်တယ်၊ အဲ့တာတွေကို ထပ်​ဆော်ဖို့ အရပ်သားကားတွေ မလာဖို့တားထားကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများက အထက်ပါ စခန်းအနီးသို့ အလုံးအရင်းဖြင့် လာရောက်နေကြသည်ဟုလည်းသိ့ရသည်။

ထိုလမ်းပိုင်းတွင် တိုက်ပွဲများ အချိန်မ​ရွေးဖြစ်ပေါ်လာနိုင်ပါသဖြင့် အရပ်သားများ မထိခိုက်စေရန်အတွက် အရပ်သားကား သွားလာခြင်းမပြုရန် မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ဖွဲ့များက မေတ္တာရပ်ခံထားရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ထားဝယ္-ထီးခီးလမ္းေပၚရွိ ပကာရီရဲစခန္းကို PDFမ်ားစီးနင္းတိုက္ခိုက္ဖ်က္သိမ္း

-​ေစာ​ေႏြဦး/ People’s Spring

ထားဝယ္-ထီးခီးလမ္းေပၚရွိ ပကာရီရဲစခန္းကို PDFပူးေပါင္းတပ္က ယ​ေန႔(ဧၿပီ ၂၄) ေနလယ္ပိုင္းက ဝင္ေရာက္ စီးနင္းတိုက္ခိုက္မီးရွို႔ ဖ်က္သိမ္းလိုက္ၿပီးျဖစ္ေၾကာင္း တနသၤာရီစစ္ေဒသခြဲ ကြပ္ကဲေရးအဖြဲ႕က ယေန႔ ထုတ္ျပန္လိုက္သည္။

ထိုေၾကာင့္ ထားဝယ္-ထီးခီးလမ္းပိုင္း အရပ္သားကားမ်ား အသုံးျပဳမႈ ခတၱ ရပ္ဆိုင္းထားေပးရန္ ေျမျပင္ PDF ရဲေဘာ္မ်ားက ေမတၱာရပ္ခံလိုက္သည္ဟု တနသၤာရီစစ္ေဒသခြဲ ကြပ္ကဲေရးအဖြဲ႕၏ထုတ္ျပန္ခ်က္တြင္ပါဝင္သည္။

“ရဲစခန္းက ျပာက်သြားၿပီ။ စစ္ေကာင္စီတပ္က စစ္ကူလႊတ္လိုက္တယ္၊ အဲ့တာေတြကို ထပ္​ေဆာ္ဖို႔ အရပ္သားကားေတြ မလာဖို႔တားထားၾကတာ”ဟု ေဒသခံတစ္ဦးကေျပာသည္။

လက္ရွိတြင္ စစ္ေကာင္စီတပ္သားမ်ားက အထက္ပါ စခန္းအနီးသို႔ အလုံးအရင္းျဖင့္ လာေရာက္ေနၾကသည္ဟုလည္းသိ့ရသည္။

ထိုလမ္းပိုင္းတြင္ တိုက္ပြဲမ်ား အခ်ိန္မ​ေရြးျဖစ္ေပၚလာနိုင္ပါသျဖင့္ အရပ္သားမ်ား မထိခိုက္ေစရန္အတြက္ အရပ္သားကား သြားလာျခင္းမျပဳရန္ ေျမျပင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ တပ္ဖြဲ႕မ်ားက ေမတၱာရပ္ခံထားရျခင္းျဖစ္သည္ဟုလည္းဆိုသည္။