ၾကားသိသမွ်

ဟားခါး-ဂန့်ဂေါကြားတွင် စစ်ကောင်စီနှင့် CDF နှစ်ရက်ကြာတိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်သား အနည်းဆုံး ၂၀​ဂန့်ဟုဆို

ဟားခါး-ဂန့်ဂေါကြားတွင် စစ်ကောင်စီနှင့် CDF နှစ်ရက်ကြာတိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်သား အနည်းဆုံး ၂၀​သေဟုဆို

​စော​နွေဦး/People’s Spring

ဟားခါး-ဂန့်ဂေါကြားတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ချင်းပြည်ကာကွယ်ရေးတပ်တို့ကြား ယမန့်နေမှစတင်ပြီး နှစ်ရက်ကြာ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဂန့်ဂေါမှ ချင်းတောင်သို့ တက်လာသည့် အင်အား၄၀၀ ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့သည် လန်ကာဝီရွာနှင့် လမ်းတုပ်ရွာတို့ကြားတွင် ယမန်နေ့ ညနေ ၅နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ယမန့်နေ့( ဧပြီ ၂၃ရက်)က စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး၂၀ မှ ၃၀ ကြားအထိ ကျဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီနေ့လည်းတိုက်ပွဲဖြစ်နေတယ်။ အသေးစိပ်တော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှူကို ချင်းအမျိုးသားတပ် (CNA)နှင့် ဟားခါးမြို့နယ်ချင်းပြည်ကာကွယ်ရေးတပ်- CDF( ဟားခါး) တို့က အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန့်နေတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်းလည်း သိရသည်။







