ၾကားသိသမွ်

မင်းအောင်လှိုင်နေအိမ်အား မေလဆန်းတွင် လေလံတင်ရောင်းမည်ဟု NUGအစိုးရဘဏ္ဍာရေးဝန်ကြီးပြော

မင်းအောင်လှိုင်နေအိမ်အား မေလဆန်းတွင် လေလံတင်ရောင်းမည်ဟု NUGအစိုးရဘဏ္ဍာရေးဝန်ကြီးပြော

ရန်ကုန်၊ ဧပြီ ၂၄
လူငယ့်ခေတ်

အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရန်ကုန်ရှိနေအိမ်အား မေလဆန်းပိုင်းတွင် လေလံ တင်ရောင်းချသွားမည်ဟု NUGအစိုးရ၏စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥဦးတင်ထွန်းနိုင်က ပြောသည်။

အဆိုပါ နေအိမ်အားလေလံတင်ရောင်းချရန် ရက်ကိုရွေးချယ်သတ်မှတ်ထားပြီးဖြစ်ကာ မကြာခင် အသေးစိတ် အသိပေးသွားမည်ဟု ၎င်းကယနေ့တွင် ဒူဘိုင်းနှင့်အရှေ့အလယ်ပိုင်းဒေသရောက် မြန်နိုင်ငံသားများနှင့် တွေ့ဆုံ သည့် စကားဝိုင်းတွင် သတင်းစကားပါးခဲ့ခြင်းဖြစ်သည်။

“ကြိုပွိုင့်စနစ်နဲ့ ရောင်းချမယ့်အစီအစဥ်မှာ အေးဂျင့် Network တွေနဲ့ပဲဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

မင်းအောင်လှိုင်က အင်းလျားလမ်း၊ ခြံအမှတ် (၁၄) နေအိမ်အား တပ်မတော်ဧည့်ဂေဟာအမည်ပေါက်ပြောင်းကာ ၎င်းနေအိမ်အဖြစ် သိမ်းယူထားခြင်းဖြစ်သည်။

အဆိုပါနေအိမ်မှာ မြေ ၁ ဒသမ ၈၆ ဧကကျယ်ပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၅ သိန်းကျော် (အမေရိကန် ဒေါ်လာ သန်း ၃၀ ခန့်) ရှိကြောင်း သိရသည်။

NUG အစိုးရအနေဖြင့် အဆိုပါ နေအိမ်အပါအဝင် တပ်သိမ်းမြေများအား ပြည်သူပိုင်အဖြစ် ပြန်လည်သိမ်းယူ၍ သင့်တင့်သောနှုန်းဖြင့် ပြန်လည်လေလံတင်ရောင်းချမည်ဟု ကနဦးသတင်း ထုတ်ထားပြန်သည်။

တော်လှန်ရေးကာလတွင် ကြိုပွိုင့်သဘောမျိုးဖြစ်သည့် ကာလတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းမျှဖြင့် ရောင်းချသွားမည် ဟုလည်း ဦးတင်ထွန်းနိုင်က ပြောကြားထားသည်။

မင္းေအာင္လွိုင္ေနအိမ္အား ေမလဆန္းတြင္ ေလလံတင္ေရာင္းမည္ဟု NUGအစိုးရဘ႑ာေရးဝန္ႀကီးေျပာ

ရန္ကုန္၊ ဧၿပီ ၂၄
လူငယ့္ေခတ္

အာဏာသိမ္းအၾကမ္းဖက္ စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္၏ ရန္ကုန္ရွိေနအိမ္အား ေမလဆန္းပိုင္းတြင္ ေလလံ တင္ေရာင္းခ်သြားမည္ဟု NUGအစိုးရ၏စီမံကိန္းဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဥဦးတင္ထြန္းနိုင္က ေျပာသည္။

အဆိုပါ ေနအိမ္အားေလလံတင္ေရာင္းခ်ရန္ ရက္ကိုေရြးခ်ယ္သတ္မွတ္ထားၿပီးျဖစ္ကာ မၾကာခင္ အေသးစိတ္ အသိေပးသြားမည္ဟု ၎ကယေန႔တြင္ ဒူဘိုင္းႏွင့္အေရွ႕အလယ္ပိုင္းေဒသေရာက္ ျမန္နိုင္ငံသားမ်ားႏွင့္ ေတြ႕ဆုံ သည့္ စကားဝိုင္းတြင္ သတင္းစကားပါးခဲ့ျခင္းျဖစ္သည္။

“ႀကိဳပြိဳင့္စနစ္နဲ႔ ေရာင္းခ်မယ့္အစီအစဥ္မွာ ေအးဂ်င့္ Network ေတြနဲ႔ပဲဆက္လက္ခ်ိတ္ဆက္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု ဦးတင္ထြန္းနိုင္က ေျပာသည္။

မင္းေအာင္လွိုင္က အင္းလ်ားလမ္း၊ ၿခံအမွတ္ (၁၄) ေနအိမ္အား တပ္မေတာ္ဧည့္ေဂဟာအမည္ေပါက္ေျပာင္းကာ ၎ေနအိမ္အျဖစ္ သိမ္းယူထားျခင္းျဖစ္သည္။

အဆိုပါေနအိမ္မွာ ေၿမ ၁ ဒသမ ၈၆ ဧကက်ယ္ၿပီး ကာလတန္ဖိုး က်ပ္သိန္းေပါင္း ၅ သိန္းေက်ာ္ (အေမရိကန္ ေဒၚလာ သန္း ၃၀ ခန႔္) ရွိေၾကာင္း သိရသည္။

NUG အစိုးရအေနျဖင့္ အဆိုပါ ေနအိမ္အပါအဝင္ တပ္သိမ္းေျမမ်ားအား ျပည္သူပိုင္အျဖစ္ ျပန္လည္သိမ္းယူ၍ သင့္တင့္ေသာႏႈန္းျဖင့္ ျပန္လည္ေလလံတင္ေရာင္းခ်မည္ဟု ကနဦးသတင္း ထုတ္ထားျပန္သည္။

ေတာ္လွန္ေရးကာလတြင္ ႀကိဳပြိဳင့္သေဘာမ်ိဳးျဖစ္သည့္ ကာလတန္ဖိုး၏ ၃၀ ရာခိုင္ႏႈန္းမၽွျဖင့္ ေရာင္းခ်သြားမည္ ဟုလည္း ဦးတင္ထြန္းနိုင္က ေျပာၾကားထားသည္။