ၾကားသိသမွ်

ရေရှင်ကျေးရွာ တိုက်ပွဲတွင်ဗိုလ်ကြီးထက်အောင်ခိုင် ၊ ရဲ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ လာမကောက်

ကလေးမြို့၊ ရေရှင်ကျေးရွာ တိုက်ပွဲတွင် သေဆုံးသော ဗိုလ်ကြီးထက်အောင်ခိုင် ၊ ရဲ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ လာမကောက်၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကနယ်မြေရှင်းလင်းစဉ် လက်နက်ခဲယမ်း သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာအနီး တိုက်ပွဲတွင် အရာရှိ ၃ ဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ ခန့် သေဆုံးခဲ့ပြီး စစ်တပ်ဘက်က အလောင်း လာကောက်ယူခြင်းမရှိကြောင်း၊

ဒေသကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် အလောင်းများနှင့် လက်နက်ခဲယမ်းများရရှိကြောင်း ရိန်းဂျားကလေး ကာ ကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


ကလေးမြို့နယ်တွင် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ RKDF က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားအလောင်းများနှင့်အတူ စစ်ဘက်သုံးဆိုင်ရာ ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြော်ငး၊

သိမ်းဆည်းရမိသော ပစ္စည်းအချို့မှာ 5.56 ကျည် ၂၂၄ တောင့် ၊ UZI ကျည် ၆၁ တောင့် ၊ UZI ကျည်အိမ် ၂ ခု ၊ Enarga ဗုံးသီး ၃ လုံး ၊ MA ကျည်အိမ် ၄ခု ၊လက်ကိုင်ဖုန်း ၁ လုံး [ယာဥ်ထိန်းရဲဖုန်းဟုထင်ရ] ၊ စကားပြောစက်တလုံး စသော ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


ရေရှင်ကျေးရွာတိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးအနက် ခလရ ၈၇ မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ တပ်သား ရန်နိုင်ကျော်၊ ရဲဒုတပ်ကြပ် စိုးမင်းသူတို့ ပါဝင်ကြောင်း သိရှိရသည်။


တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများ ရှိပြီး ဆက်သွယ်ရေးတပ်မှ တပ်သား ညီညီထွန်းနိုင် ၊ ဒကစ(ကလေး)မှ တပ်ကြပ် ဖိုးအေး၊ ထပရ ၉၃၄ မှ တပ်ကြပ် သိုက်စိုး၊ စကခ (၁၀) မှ တပ်ကြပ်ဇော်လွင်၊ စအရ ၉၁၆ မှ တပ်သားတင့်နိုင်ဦး၊ ပျူစောထီးများဖြစ်ကြသည့် အင်းကျွန်းရွာ မှ စိုးမင်းထွေး၊ သန်းနိုင်၊ မန်းကီး၊ ဘဂျမ်း၊ တင်ကိုဦးတို့လည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ကေလးၿမိဳ႕၊ ေရရွင္ေက်းရြာ တိုက္ပြဲတြင္ ေသဆုံးေသာ ဗိုလ္ႀကီးထက္ေအာင္ခိုင္ ၊ ရဲ ၁ ဦး အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အေလာင္းမ်ား လာမေကာက္၊ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕မ်ားကနယ္ေျမရွင္းလင္းစဥ္ လက္နက္ခဲယမ္း သိမ္းဆည္းရမိ

ရန္ကုန္၊ ဧၿပီ ၂၄

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္ေတာင္ဘက္တြင္ ဧၿပီလ ၂၂ ရက္ေန႔ ျဖစ္ပြားေသာ ေရရွင္ေက်းရြာအနီး တိုက္ပြဲတြင္ အရာရွိ ၃ ဦးအပါအဝင္ စစ္သားႏွင့္ ပ်ဴေစာထီး ၂၀ ခန႔္ ေသဆုံးခဲ့ၿပီး စစ္တပ္ဘက္က အေလာင္း လာေကာက္ယူျခင္းမရွိေၾကာင္း၊ ေဒသကာကြယ္ေရးတပ္မ်ားက နယ္ေျမရွင္းလင္း ေဆာင္ရြက္စဥ္ အေလာင္းမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားရရွိေၾကာင္း ရိန္းဂ်ားကေလး ကာ ကြယ္ေရးတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရွိရသည္။

ကေလးၿမိဳ႕နယ္တြင္ ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္အတူ RKDF က နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ရာ အၾကမ္းဖက္စစ္ေကာင္စီ တပ္သားအေလာင္းမ်ားႏွင့္အတူ စစ္ဘက္သုံးဆိုင္ရာ ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာ္ငး၊ သိမ္းဆည္းရမိေသာ ပစၥည္းအခ်ိဳ႕မွာ 5.56 က်ည္ ၂၂၄ ေတာင့္ ၊ UZI က်ည္ ၆၁ ေတာင့္ ၊ UZI က်ည္အိမ္ ၂ ခု ၊ Enarga ဗုံးသီး ၃ လုံး ၊ MA က်ည္အိမ္ ၄ခု ၊လက္ကိုင္ဖုန္း ၁ လုံး [ယာဥ္ထိန္းရဲဖုန္းဟုထင္ရ] ၊ စကားေျပာစက္တလုံး စေသာ ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။

ေရရွင္ေက်းရြာတိုက္ပြဲတြင္ ေသဆုံးခဲ့ေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ ဦးအနက္ ခလရ ၈၇ မွ ဗိုလ္ႀကီးထက္ေအာင္ခိုင္၊ တပ္သား ရန္နိုင္ေက်ာ္၊ ရဲဒုတပ္ၾကပ္ စိုးမင္းသူတို႔ ပါဝင္ေၾကာင္း သိရွိရသည္။

တိုက္ပြဲတြင္ စစ္တပ္ဘက္မွ ဒဏ္ရာရရွိသူမ်ား ရွိၿပီး ဆက္သြယ္ေရးတပ္မွ တပ္သား ညီညီထြန္းနိုင္ ၊ ဒကစ(ကေလး)မွ တပ္ၾကပ္ ဖိုးေအး၊ ထပရ ၉၃၄ မွ တပ္ၾကပ္ သိုက္စိုး၊ စကခ (၁၀) မွ တပ္ၾကပ္ေဇာ္လြင္၊ စအရ ၉၁၆ မွ တပ္သားတင့္နိုင္ဦး၊ ပ်ဴေစာထီးမ်ားျဖစ္ၾကသည့္ အင္းကၽြန္းရြာ မွ စိုးမင္းေထြး၊ သန္းနိုင္၊ မန္းကီး၊ ဘဂ်မ္း၊ တင္ကိုဦးတို႔လည္း ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။