ၾကားသိသမွ်

လုံခြုံစိတ်ချရတဲ့ နေရာရောက်အောင် ကူညီကယ်ထုတ်ပေးခဲ့ဖူးတဲ့ ဇနီးမောင်နှံကိုVideo Call ဖြင့် ဂါဝရပြုကန်တော့လိုက်တဲ့သရုပ်ဆောင်မင်းမော်ကွန်း

၅၀၅ က ဖြင့် ဝရမ်းထုတ်ခံရလို့ ရှောင်တိမ်းခဲ့ရတဲ့

ကိုကျော်နဲ့ ကျွန်တော့်ကို လုံခြုံစိတ်ချရတဲ့ နေရာ

ရောက်အောင် ကူညီကယ်ထုတ်ပေးခဲ့ဖူးသော

ကျေးဇူးရှိသလို ခုချိနိထိစောင့်ရှောက်ပေးနေဆဲ

ဖြစ်သော ကျွန်တော်နဲ့ ကိုကျော်ရဲ့ ကျေးဇူးရှင်

ကိုကြီးစိုးကို Video Call ဖြင့် ဂါဝရပြုကန်တော့

ခဲ့သော ပုံရိပ်လေးပါ….🙏🙏🙏


ယခုလို တော်လှန်ရေးကာလမှာ လုပ်စရာတွေ

ရှိသေးတာမို့ ကိုကြီးစိုးတို့ ဇနီးမောင်နှံမျက်နှာ

ကို ပိတ်ထားတာပါ တော်လှန်ရေးအောင်မြင်တဲ့

တစ်နေ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေကို စင်

ပေါ် မှာ ကျေးဇူးပြန်ဆပ်ကန်တော့တဲ့ အချိန်ကျရင်

ရှေ့ဆုံးတန်းမှာ ထားပြီးကန်တော့ရမယ့် လေးစား

စရာလူကြီးလူကောင်း ပုဂ္ဂိုလ်တစ်ဦးပါ….


ထို့အပြင် ကိုကြီးစိုးဟာ အကြမ်းဖက်စစ်ကောင်စီ

လက်ထဲ ကျရောက်ခါနီး NUG အစိုးရပိုင်းမှ လက်ရှိ

ဒုဝန်ကြီးတစ်ဦးနဲ့ သူ့မိသားစုကို ကျွန်တော်နဲ့ ညှိနှိုင်း

တိုင်ပင်ပြီး လွတ်မြောက်အောင် ကယ်ထုတ်ပေးခဲ့ဖူး

သလို လုံခြုံစိတ်ချရသော နေရာတစ်ခုရသည်အထိ

ကူညီပေးနိုင်ခဲ့ပါသေးတယ်….


လက်ရှိမှာလည်း အနုပညာရှင်အချို့နဲ့ CDM တွေ

ထွက်ပြေးတိမ်းရှောင်လာသူတွေကို ကူညီမှုတွေ

ပေးနေတဲ့ လူမျိုးမခွဲ ဘာသာမခွဲခြားတတ်တဲ့ စစ်

အာဏာရှင်ကို လက်မခံသော ဘာသာခြားတစ်ဦး

ဖြစ်ပါတယ်….

ရဲမင်း(AAC)—🚩၅၀၅ က
ခေတ္တလွတ်မြောက်နယ်မြေ….
24-4-2022…..

Source& photo credit;ရဲမင်း(AAC)—🚩







ခဲ့သော ပုံရိပ်လေးပါ….🙏🙏🙏



















ဖြစ်ပါတယ်….

ရဲမင်း(AAC)—🚩၅၀၅ က
24-4-2022…..

Source& photo credit;ရဲမင်း(AAC)—🚩