ၾကားသိသမွ်

နာမည်ကျော် ကချင်မော်ဒယ်လ်နှင့်သရုပ်ဆောင် မိုင်းမိုင်ကွယ်လွန်

နာမည်ကျော် ကချင်မော်ဒယ်လ်နှင့်သရုပ်ဆောင် မိုင်းမိုင်ကွယ်လွန်

မြစ်ကြီးနား – ဧပြီ ၂၄၊ ၂၀၂၂။

နာမည်ကျော် ကချင်မော်ဒယ်လ်မိုင်းမိုင် (ခ) ဇော်မိုင်အောင် သည် ယနေ့နံနက် ၄ နာရီခန့်က ကွယ်လွန်သွားကြောင်း သိရသည်။

ရောဂါတစ်စုံတစ်ရာမရှိဘဲ အိပ်နေချိန်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သည့် ကချင်အနုပညာရှင် တစ်ဦးက The 74 Media ကို ပြောသည်။


“မသိလိုက်ဘူး သူအိပ်ရင်းနဲ့ ဆုံးသွားတာဆိုတော့။ သူတို့ပြန်တွေ့တဲ့အချိန် နွေးနွေးလေး၊ လူလည်းပျော့သေးတယ် မာမာကြီးတော့မဖြစ်သေးဘူးတဲ့။ မျက်စိရှေ့မှာ ကြီးလာပြီး ကျွန်မတို့မျက်စိရှေ့မှာပဲ ခုလိုကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူ တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။” ဟုပြောသည်။


သရုပ်ဆောင်မိုင်းမိုင်သည် အသက် ၁၇ နှစ်ရွယ်မှ စတင်ကာ အနုပညာလောကသို့ ရောက်လာခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၆ နှစ်ခန့် ရှိပြီဖြစ်ကြောင်းသိရသည်။

သရုပ်ဆောင်မိုင်းမိုင်သေဆုံးမှုနှင့် ပတ်သက်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း သူ၏ အမာခံပရိသတ်တစ်ဦးကပြောသည်။


“မထင်ထားဘူး အရမ်းကြီးစိတ်မကောင်းဖြစ်ရတယ်။ အရင်တုန်းက MTV ခေတ်တုန်းကဆို သူကငယ်ငယ်ချောချောလေးနဲ့ အရမ်းချစ်ဖို့ကောင်းခဲ့တာ၊ အရမ်းကိုနှမြောတယ်” ဟုပြောသည်။

ကချင်အနုပညာရှင် အသိုင်းအဝိုင်း၊ သူ၏ ခင်မင်ရင်းနှီးသူများနှင့် သူ၏ ပရိသတ်မျာက ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းရကြောင်း လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘုတ်(Facebook) တွင် ရေးသားထားကြသည်။


တေးသံရှင် ယုဇန၏“ သတင်းကျွတ်ညလေးတစ်ည” MTV တွင် ပရိသတ်များ သတိထားမိခဲ့သည့် သရုပ်ဆောင်မော်ဒယ် မိုင်းမိုင် (ခ) ဇော်မိုင်အောင်သည် ၂၀၀၀ ကျော်ခုနှစ်များတွင် ရုပ်ရှင်နှင့်တေးသီချင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။#The 74 Media

နာမည္ေက်ာ္ ကခ်င္ေမာ္ဒယ္လ္ႏွင့္သ႐ုပ္ေဆာင္ မိုင္းမိုင္ကြယ္လြန္

ျမစ္ႀကီးနား – ဧၿပီ ၂၄၊ ၂၀၂၂။

နာမည္ေက်ာ္ ကခ်င္ေမာ္ဒယ္လ္မိုင္းမိုင္ (ခ) ေဇာ္မိုင္ေအာင္ သည္ ယေန႔နံနက္ ၄ နာရီခန႔္က ကြယ္လြန္သြားေၾကာင္း သိရသည္။

ေရာဂါတစ္စုံတစ္ရာမရွိဘဲ အိပ္ေနခ်ိန္တြင္ ဆုံးပါးသြားခဲ့ျခင္းျဖစ္သည္ဟု သူႏွင့္နီးစပ္သည့္ ကခ်င္အႏုပညာရွင္ တစ္ဦးက The 74 Media ကို ေျပာသည္။

“မသိလိုက္ဘူး သူအိပ္ရင္းနဲ႔ ဆုံးသြားတာဆိုေတာ့။ သူတို႔ျပန္ေတြ႕တဲ့အခ်ိန္ ေႏြးေႏြးေလး၊ လူလည္းေပ်ာ့ေသးတယ္ မာမာႀကီးေတာ့မျဖစ္ေသးဘူးတဲ့။ မ်က္စိေရွ႕မွာ ႀကီးလာၿပီး ကၽြန္မတို႔မ်က္စိေရွ႕မွာပဲ ခုလိုကြယ္လြန္သြားတဲ့အတြက္ မိသားစုနဲ႔ ထပ္တူ တကယ္ကိုစိတ္မေကာင္းျဖစ္မိပါတယ္။” ဟုေျပာသည္။

သ႐ုပ္ေဆာင္မိုင္းမိုင္သည္ အသက္ ၁၇ ႏွစ္ရြယ္မွ စတင္ကာ အႏုပညာေလာကသို႔ ေရာက္လာျခင္းျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၃၆ ႏွစ္ခန႔္ ရွိၿပီျဖစ္ေၾကာင္းသိရသည္။

သ႐ုပ္ေဆာင္မိုင္းမိုင္ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေၾကာင္း သူ၏ အမာခံပရိသတ္တစ္ဦးကေျပာသည္။
“မထင္ထားဘူး အရမ္းႀကီးစိတ္မေကာင္းျဖစ္ရတယ္။ အရင္တုန္းက MTV ေခတ္တုန္းကဆို သူကငယ္ငယ္ေခ်ာေခ်ာေလးနဲ႔ အရမ္းခ်စ္ဖို႔ေကာင္းခဲ့တာ၊ အရမ္းကိုႏွေျမာတယ္” ဟုေျပာသည္။

ကခ်င္အႏုပညာရွင္ အသိုင္းအဝိုင္း၊ သူ၏ ခင္မင္ရင္းႏွီးသူမ်ားႏွင့္ သူ၏ ပရိသတ္မ်ာက ကြယ္လြန္ျခင္းအတြက္ ဝမ္းနည္းရေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာ ေဖ့ဘုတ္(Facebook) တြင္ ေရးသားထားၾကသည္။

ေတးသံရွင္ ယုဇန၏“ သတင္းကၽြတ္ညေလးတစ္ည” MTV တြင္ ပရိသတ္မ်ား သတိထားမိခဲ့သည့္ သ႐ုပ္ေဆာင္ေမာ္ဒယ္ မိုင္းမိုင္ (ခ) ေဇာ္မိုင္ေအာင္သည္ ၂၀၀၀ ေက်ာ္ခုႏွစ္မ်ားတြင္ ႐ုပ္ရွင္ႏွင့္ေတးသီခ်င္းမ်ားစြာတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူျဖစ္သည္။#The 74 Media