ၾကားသိသမွ်

ထိုင်း-မြန်မာနယ်စပ် မြဝတီ အမှတ် ၁ တံတားဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် မြဝတီ အမှတ် ၁ တံတားဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွား

ဧရာဝတီ၊ ဧပြီ ၂၄၊ ၂၀၂၂

မြန်မာ-ထိုင်းနယ်စပ် မြန်မာဘက်ခြမ်းရှိ မြဝတီ ချစ် ကြည်ရေး အမှတ် ၁ တံတားတွင် ယမန်နေ့ (ဧပြီ ၂၃ ရက်) ၁၀ နာရီကျော်တွင် ပြင်းထန်သော ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ်၊ မော်တော် ယာဉ်များ၊ အဆောက်အအုံများနှင့် အနီးရှိ ဈေးဆိုင်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုအခြေအနေ ကိုမူ လတ်တလော မသိရှိရသေးပေ။


ယင်း ပေါက်ကွဲမှုမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု ပြောဆိုကြသလို ပေါက်ကွဲသံကို မြဝတီမြို့နှင့် ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့ကပါ ကျယ်လောင်စွာ ကြား လိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။


မဲဆောက်မြို့တွင်နေထိုင်သူ တဦးက “ညက အသံအကျယ်ကြီး ကြားလိုက်ရတယ်။ မြဝတီနဲ့ နီးတဲ့သူတချို့ကတော့ အိမ်တွေတောင် တုန်ပြီး ယမ်းနံ့တောင် ဒီဘက်က ရတယ်လို့ ပြောနေကြတယ်” ဟု ပြောသည်။


လက်ရှိတွင် ကရင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ ဖြစ် ပွားနေသလို မြဝတီ- ကော့ကရိတ်လမ်း၊ မြဝတီ- ဝေါ်လေ လမ်းမကြီးများအား ညပိုင်းတွင် အသုံးပြုသွားလာကြခြင်း မပြုလုပ်ရန်လည်း ကရင် အမျိုးသား အစည်း အရုံး (KNU) ဒူးပလာယာ ခရိုင်က ယခုလအတွင်း ထုတ်ပြန်သတိပေးထားသည်။

ဓာတ်ပုံ- CJ

ထိုင္း-ျမန္မာနယ္စပ္ ျမဝတီ အမွတ္ ၁ တံတားဂိတ္တြင္ ေပါက္ကြဲမႈျဖစ္ပြား

ဧရာဝတီ၊ ဧၿပီ ၂၄၊ ၂၀၂၂

ျမန္မာ-ထိုင္းနယ္စပ္ ျမန္မာဘက္ျခမ္းရွိ ျမဝတီ ခ်စ္ ၾကည္ေရး အမွတ္ ၁ တံတားတြင္ ယမန္ေန႔ (ဧၿပီ ၂၃ ရက္) ၁၀ နာရီေက်ာ္တြင္ ျပင္းထန္ေသာ ေပါက္ကြဲမႈတခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ စစ္ေဆးေရးဂိတ္၊ ေမာ္ေတာ္ ယာဥ္မ်ား၊ အေဆာက္အအုံမ်ားႏွင့္ အနီးရွိ ေဈးဆိုင္တခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ၿပီး လူထိခိုက္မႈအေျခအေန ကိုမူ လတ္တေလာ မသိရွိရေသးေပ။

ယင္း ေပါက္ကြဲမႈမွာ ကားဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းဟု ေျပာဆိုၾကသလို ေပါက္ကြဲသံကို ျမဝတီၿမိဳ႕ႏွင့္ ထိုင္းဘက္ျခမ္းရွိ မဲေဆာက္ၿမိဳ႕ကပါ က်ယ္ေလာင္စြာ ၾကား လိုက္ရေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

မဲေဆာက္ၿမိဳ႕တြင္ေနထိုင္သူ တဦးက “ညက အသံအက်ယ္ႀကီး ၾကားလိုက္ရတယ္။ ျမဝတီနဲ႔ နီးတဲ့သူတခ်ိဳ႕ကေတာ့ အိမ္ေတြေတာင္ တုန္ၿပီး ယမ္းနံ့ေတာင္ ဒီဘက္က ရတယ္လို႔ ေျပာေနၾကတယ္” ဟု ေျပာသည္။

လက္ရွိတြင္ ကရင္ျပည္နယ္အတြင္း၌ တိုက္ပြဲမ်ား ျဖစ္ ပြားေနသလို ျမဝတီ- ေကာ့ကရိတ္လမ္း၊ ျမဝတီ- ေဝၚေလ လမ္းမႀကီးမ်ားအား ညပိုင္းတြင္ အသုံးျပဳသြားလာၾကျခင္း မျပဳလုပ္ရန္လည္း ကရင္ အမ်ိဳးသား အစည္း အ႐ုံး (KNU) ဒူးပလာယာ ခရိုင္က ယခုလအတြင္း ထုတ္ျပန္သတိေပးထားသည္။

ဓာတ္ပုံ- CJ