ၾကားသိသမွ်

နေရာ မပြောင်းရွှေ့ရရေး ရဲစခန်းထဲမှာ နတ်ကန္နားပေးတဲ့ မအူပင်စခန်းမှုး ယနေ့ ပြောင်းရွှေ့ခံရ

နေရာ မပြောင်းရွှေ့ရရေး ရဲစခန်းထဲမှာ နတ်ကန္နားပေးတဲ့ မအူပင်စခန်းမှုး ယနေ့ ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မရဲစခန်းမှ မပြောင်းရွှေ့ရရေးအတွက် နတ်ကန္နားပွဲပေးခဲ့သူ စခန်းမှူး ဒုရဲမှူး ညွှန့်လှိုင်မှာ ယနေ့ညနေတွင် စခန်းမှပြောင်းရွေ့ရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“သူက ငွေနဲ့လည်းလိုက်တယ် အောက်ခြေမှာ အပြစ်မရှိအပြစ်ရှာပြီးဒေသခံတွေစီကငွေကြေးမတရားတောင်းပြီးမပြောင်းရွှေ့ရရေးသူဌာနကအထက်ကလူကြီးတွေကိုလိုက်ထားတယ်။ စခန်းထဲမှာလည်း ပြီးခဲ့သည့်၄ရက်ကမှ နက်နန်းအပ်ပွဲကို နတ်ကတော်တွေခေါ်ပြီး ပူဇော်ပသတာတွေလုပ်တယ်။


ဒါပေမဲ့မရဘူးလေ ဒီညနေပဲပြောင်းရမယ်လို့ သတင်းရတယ်။ ဘယ်ပြောင်းရမလဲလို့တော့ မသိသေးဘူး ” ဟု မအူပင်မြို့ခံတစ်ဦးကပြောသည်။မအူပင်မြို့မ ရဲစခန်းမှူးမှာ ပြီးခဲ့တဲ့ မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဥ်နှင့် ပတ်သတ်ပြီး

၎င်းမပြောင်းရွေ့ရရေးအတွက် နတ်ကတော်များခေါ်ယူကာ ဧပြီလ ၁၉ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ နတ်ကန္နားပွဲပြုလုပ်ခဲ့သည်ဟု ​ဒေသခံတစ်ဦးက ဆိုသည်။ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညွှန်လှိုင်မှာ ဒေသခံပြည်သူများအပေါ်

စွပ်စွဲဖမ်းဆီးမှုများ​ပြုလုပ်နေသူဖြစ်ပြီး ငွေကြေးတော င်းခံကာ ပြန်လွှတ်ပေးသော်လည်း ငွေကြေးမတက်နိုင်သူများအား ထောင်ဒဏ်ပြစ်ဒဏ် ကျခံရသည်အထိ အမှုဖွင့် အရေးယူမှုများပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ကိုကိုမောင်

Zawgyi

ေနရာ မေျပာင္းေရႊ႕ရေရး ရဲစခန္းထဲမွာ နတ္ကႏၷားေပးတဲ့ မအူပင္စခန္းမႈး ယေန႔ ေျပာင္းေရႊ႕ခံရ

ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕မရဲစခန္းမွ မေျပာင္းေရႊ႕ရေရးအတြက္ နတ္ကႏၷားပြဲေပးခဲ့သူ စခန္းမႉး ဒုရဲမႉး ညႊန္႔လွိုင္မွာ ယေန႔ညေနတြင္ စခန္းမွေျပာင္းေရြ႕ရမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။

“သူက ေငြနဲ႔လည္းလိုက္တယ္ ေအာက္ေျခမွာ အျပစ္မရွိအျပစ္ရွာၿပီးေဒသခံေတြစီကေငြေၾကးမတရားေတာင္းၿပီးမေျပာင္းေရႊ႕ရေရးသူဌာနကအထက္ကလူႀကီးေတြကိုလိုက္ထားတယ္။ စခန္းထဲမွာလည္း ၿပီးခဲ့သည့္၄ရက္ကမွ နက္နန္းအပ္ပြဲကို နတ္ကေတာ္ေတြေခၚၿပီး ပူေဇာ္ပသတာေတြလုပ္တယ္။

ဒါေပမဲ့မရဘူးေလ ဒီညေနပဲေျပာင္းရမယ္လို႔ သတင္းရတယ္။ ဘယ္ေျပာင္းရမလဲလို႔ေတာ့ မသိေသးဘူး ” ဟု မအူပင္ၿမိဳ႕ခံတစ္ဦးကေျပာသည္။မအူပင္ၿမိဳ႕မ ရဲစခန္းမႉးမွာ ၿပီးခဲ့တဲ့ မတ္လအတြင္းက ျဖစ္ပြားခဲ့သည့္ လူသတ္မႈျဖစ္စဥ္ႏွင့္ ပတ္သတ္ၿပီး

၎မေျပာင္းေရြ႕ရေရးအတြက္ နတ္ကေတာ္မ်ားေခၚယူကာ ဧၿပီလ ၁၉ ရက္ေန႔မွ ဧၿပီလ ၂၁ ရက္ေန႔အထိ ၃ ရက္ၾကာ နတ္ကႏၷားပြဲျပဳလုပ္ခဲ့သည္ဟု ​ေဒသခံတစ္ဦးက ဆိုသည္။ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ညႊန္လွိုင္မွာ ေဒသခံျပည္သူမ်ားအေပၚ

စြပ္စြဲဖမ္းဆီးမႈမ်ား​ျပဳလုပ္ေနသူျဖစ္ၿပီး ေငြေၾကးေတာ င္းခံကာ ျပန္လႊတ္ေပးေသာ္လည္း ေငြေၾကးမတက္နိုင္သူမ်ားအား ေထာင္ဒဏ္ျပစ္ဒဏ္ က်ခံရသည္အထိ အမႈဖြင့္ အေရးယူမႈမ်ားျပဳလုပ္ေနသူျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ကိုကိုေမာင္