ၾကားသိသမွ်

ဖယ်ခုံNon-CDM ပညာ​ရေးလခစားများ​ကျောင်းဖွင့်င်ရန်ကြိုးစားပါက၎င်းတို့၏လုံခြုံ​ရေးကိုအထူးစိုးရိမ်ဟုအသိ​ပေး

ဖယ်ခုံNon-CDM ပညာ​ရေးလခစားများ​ကျောင်းဖွင့်င်ရန်ကြိုးစားပါက၎င်းတို့၏လုံခြုံ​ရေးကိုအထူးစိုးရိမ်ဟုအသိ​ပေး

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ် တောင်ပိုင်း၊ဖယ်ခုံမြို့တွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအတွက် Non-CDM ပညာရေးလခစားများ၏ လုံခြုံရေးကို အထူးစိုးရိမ်မိကြောင်း ဖယ်ခုံမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီကမေလတွင် Non -CDM ပညာရေးလခစားများကို သင်တန်းပို့ချပြီး စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရသည်ဟု​ဖော်ပြထားသည်။


စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်းတစ်နှစ်ကျော်ကာလအတွင်း ၎င်းတို့ကို ဆန့်ကျင်သည့် ဖယ်ခုံမြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်းများကိုစစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်၍ဖိနှိပ်မှုများပြုလုပ်ခဲ့သည်။တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်​ကောင်စီကိုခုခံတိုက်ခိုက်​သော ဒေသတွင်း မြေပေါ်၊ မြေ အောက် လက်နက်ကိုင်တပ်ဖွဲ့များစွာ ပေါ်ထွက်လာခဲ့သည်။

စစ်ကောင်စီအနေဖြင့်လည်း ဖယ်ခုံဒေသတွင်းတိုက်ပွဲများ၌ တိုက်လေယဉ်များအသုံးပြုပြီး လေယဉ်ဖြင့် ဗုံးကြဲခြင်းများကို အဆင်ခြင်မဲ့စွာ ပြုလုပ်နေသောကြောင့်အပြစ်မဲ့ပြည်သူများ၏ အသက်၊အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာကြောင်းဖယ်ခုံ(ပကဖ)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုသို့သောအခြေအနေများတွေ့ရှိရပါလျှက်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ ရပ်တည်သော၊ ချိတ်ဆက်ဆောင်ရွက် နေသော အကြမ်း ဖက်မှုကိုအားပေးသည့် Non-CDM များက ​ဒေသတွင်း​ကျောင်းများပြန်ဖွင့်ရန်ကြိုးပမ်းလာပါက ဖယ်ခုံ(ပကဖ)က Non-CDM များ၏အသက်၊အိုး၊အိမ် စည်းစိမ်များ၏ လုံခြုံဘေးကင်းမှုကို အထူးစိုးရိမ်မိသည်ဟု အသိပေးထားသည်။

ဖယ္ခုံNon-CDM ပညာ​ေရးလခစားမ်ား​ေက်ာင္းဖြင့္င္ရန္ႀကိဳးစားပါက၎တို႔၏လုံျခဳံ​ေရးကိုအထူးစိုးရိမ္ဟုအသိ​ေပး

ရဲေခါင္/People’s Spring

ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ဖယ္ခုံၿမိဳ႕တြင္ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ ျပင္ဆင္ေနမႈအတြက္ Non-CDM ပညာေရးလခစားမ်ား၏ လုံျခဳံေရးကို အထူးစိုးရိမ္မိေၾကာင္း ဖယ္ခုံၿမိဳ႕ နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ထုတ္ျပန္ သည္။

အၾကမ္းဖက္စစ္ေကာင္စီကေမလတြင္ Non -CDM ပညာေရးလခစားမ်ားကို သင္တန္းပို႔ခ်ၿပီး စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ ျပင္ဆင္ေနသည္ကို ၾကားသိေနရသည္ဟု​ေဖာ္ျပထားသည္။

စစ္တပ္၏ အာဏာသိမ္းၿပီးေနာက္ပိုင္းတစ္ႏွစ္ေက်ာ္ကာလအတြင္း ၎တို႔ကို ဆန္႔က်င္သည့္ ဖယ္ခုံၿမိဳ႕နယ္အတြင္းမွ CDM ပညာေရးဝန္ထမ္းမ်ားကိုစစ္​ေကာင္စီတပ္က ဖမ္းဆီးႏွိပ္စက္၍ဖိႏွိပ္မႈမ်ားျပဳလုပ္ခဲ့သည္။တစ္ဖက္တြင္လည္း အၾကမ္းဖက္စစ္​ေကာင္စီကိုခုခံတိုက္ခိုက္​ေသာ ေဒသတြင္း ေျမေပၚ၊ ေၿမ ေအာက္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားစြာ ေပၚထြက္လာခဲ့သည္။

စစ္ေကာင္စီအေနျဖင့္လည္း ဖယ္ခုံေဒသတြင္းတိုက္ပြဲမ်ား၌ တိုက္ေလယဥ္မ်ားအသုံးျပဳၿပီး ေလယဥ္ျဖင့္ ဗုံးၾကဲျခင္းမ်ားကို အဆင္ျခင္မဲ့စြာ ျပဳလုပ္ေနေသာေၾကာင့္အျပစ္မဲ့ျပည္သူမ်ား၏ အသက္၊အိုးအိမ္ ထိခိုက္ဆုံးရႈံးမႈမ်ား ေန႔စဥ္ႏွင့္အမၽွ ပိုမိုမ်ားျပားလာေၾကာင္းဖယ္ခုံ(ပကဖ)၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ထိုသို႔ေသာအေျခအေနမ်ားေတြ႕ရွိရပါလၽွက္ႏွင့္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္အတူ ရပ္တည္ေသာ၊ ခ်ိတ္ဆက္ေဆာင္ရြက္ ေနေသာ အၾကမ္း ဖက္မႈကိုအားေပးသည့္ Non-CDM မ်ားက ​ေဒသတြင္း​ေက်ာင္းမ်ားျပန္ဖြင့္ရန္ႀကိဳးပမ္းလာပါက ဖယ္ခုံ(ပကဖ)က Non-CDM မ်ား၏အသက္၊အိုး၊အိမ္ စည္းစိမ္မ်ား၏ လုံျခဳံေဘးကင္းမႈကို အထူးစိုးရိမ္မိသည္ဟု အသိေပးထားသည္။