ၾကားသိသမွ်

ကိုယ့်မှာ လေယာဉ်ကြောက်ရောဂါရှိတယ်၊လေယာဉ်မစီးခင် သုံးရက်လောက်ကတည်းက ဆိုက်ကိုတွေ ဖောက်နေတာ

ကိုယ့်မှာ လေယာဉ်ကြောက်ရောဂါရှိတယ်။ မြန်မာပြည်မှာတုန်းက ပြည်ပခရီးတွေသွားရင် လေယာဉ်မစီးခင် သုံးရက်လောက်ကတည်းက ဆိုက်ကိုတွေ ဖောက်နေတာ။

အိမ်ကလူတွေကို သေလမ်းသွားတော့မလို မှာစရာရှိတာတွေမှာ၊ အပ်စရာရှိတာတွေအပ်နဲ့။ နက်ဖြန် လေယာဉ်ပေါ်တက်ရမယ်ဆို ဒီနေ့ညမှာ တိုင်ပတ်ပြီ။ ကြည့်ဖူးခဲ့သမျှ လေယာဉ်ပျက်တဲ့ ရုပ်ရှင်ကားတွေ တစ်ကွက်ချင်း ပြန်မြင်။ လေယာဉ်ပေါ်ရောက်ပြီဆိုလည်း မဆင်းမချင်း ကြောက်နေတာ။

အခုများတော့ စီးလိုက်ရတဲ့ လေယာဉ်၊ သွားလိုက်ရတဲ့ခရီး။ အရင်လိုသာ ဆိုက်ကိုဖောက်နေရင် ဆိုက်ကိုနားရချိန်ကို ရှိမှာ မဟုတ်ဘူး။ ကြောက်စိတ်ကတော့ ရှိနေသေးတယ်။ ဒါပေမယ့်လည်း မသွားလို့မှ မဖြစ်လေတော့ အားတင်းရတာပဲ။

Bond ရောင်းလို့ ဒေါ်လာသောင်းဂဏန်းရရ၊ သိန်းဂဏန်းရရ အလုံးအရင်းနဲ့ဝယ်ဖို့ဟဲ့လို့ တွေးရတယ်။ Fund Raise အတွက် သွားရပြန်ရင်လည်း မြို့ခံအဖွဲ့တွေကနေ PDF တွေဆီရောက်မှာလို့တွေးရင်း သွားရပြန်တယ်။ အိမ်မှာနေချင်လိုက်တာကွာတွေးရင်း သွားလိုက်ရရင်းနဲ့။

လေယာဉ်နဲ့ ခရီးသွားတာဟာ ကမ္ဘာမှာ မတော်တဆမှု အနည်းဆုံး ခရီးသွားနည်းလို့ တွေးရင်း အားတင်းတယ်။ အဲ့လိုပဲ လေယာဉ်နဲ့ တစ်ခုခုဖြစ်ရင် အသက်ရှင်သူမရှိဘူးလို့လည်း နှလုံးသွင်းထားတယ်။ လေယာဉ်ပေါ်တက်တာနဲ့ အိပ်ပျော်အောင် အိပ်တယ်။ လေယာဉ်ဘီးချမှ ပြန်ထတယ်။ အိပ်ရေးဝဝဆိုတာ အင်တာနက်မရတဲ့ အဲ့အချိန်လေး အိပ်ရတာ။

US ကလည်း ငစား။ ပြည်တွင်းသွားရတဲ့ခရီးချိန်က ကိုရီးယားကနေ US ထိစီးခဲ့တဲ့ခရီးနဲ့ နင်လားငါလားပဲ။ ပြည်တွင်းလေကြောင်းလိုင်းဆိုတာကလည်း အောင်မင်္ဂလာအဝေးပြေးက VIP Bus မဟုတ်တဲ့ တစ်သောင်းတန်ကားထိုင်ခုံကမှ ကျယ်သေး။ အစားအသောက်ကျွေးမယ်များ မထင်လိုက်နဲ့၊ အချို့လေယာဉ်ဆို ရေတောင် မတိုက်ဘူး။

ပြည်နယ် ငါးဆယ်လည်း ပြည့်တော့မယ်။ ဟို မအိမ်လုံးကလည်း မသေနိုင်သေးဘူး။ ဒီနေ့ လေယာဉ်ခုန်ချက်က ဘေးက အဖြူမကြီး ဘုရားစာတွေ ထထအော်တဲ့အထိ။ ကိုယ်ကတော့ MaALoe မင်းအောင်လှိုင်၊ မင်းအောင်လှိုင် MaALoe နဲ့ သရဏဂုံနဲ့ တလှည့်စီရွတ်ရင်း ငြိမ်နေလိုက်တယ်။

အခုထိကို ရီဝေဝေနဲ့  ငပလီမှာ လှိုင်းစီးနေရသလိုပဲ။ ခွီး

😵‍💫ပန်ဆယ်လို

Zawgyi

ကိုယ့္မွာ ေလယာဥ္ေၾကာက္ေရာဂါရွိတယ္။ ျမန္မာျပည္မွာတုန္းက ျပည္ပခရီးေတြသြားရင္ ေလယာဥ္မစီးခင္ သုံးရက္ေလာက္ကတည္းက ဆိုက္ကိုေတြ ေဖာက္ေနတာ။

အိမ္ကလူေတြကို ေသလမ္းသြားေတာ့မလို မွာစရာရွိတာေတြမွာ၊ အပ္စရာရွိတာေတြအပ္နဲ႔။ နက္ျဖန္ ေလယာဥ္ေပၚတက္ရမယ္ဆို ဒီေန႔ညမွာ တိုင္ပတ္ၿပီ။ ၾကည့္ဖူးခဲ့သမၽွ ေလယာဥ္ပ်က္တဲ့ ႐ုပ္ရွင္ကားေတြ တစ္ကြက္ခ်င္း ျပန္ျမင္။ ေလယာဥ္ေပၚေရာက္ၿပီဆိုလည္း မဆင္းမခ်င္း ေၾကာက္ေနတာ။

အခုမ်ားေတာ့ စီးလိုက္ရတဲ့ ေလယာဥ္၊ သြားလိုက္ရတဲ့ခရီး။ အရင္လိုသာ ဆိုက္ကိုေဖာက္ေနရင္ ဆိုက္ကိုနားရခ်ိန္ကို ရွိမွာ မဟုတ္ဘူး။ ေၾကာက္စိတ္ကေတာ့ ရွိေနေသးတယ္။ ဒါေပမယ့္လည္း မသြားလို႔မွ မျဖစ္ေလေတာ့ အားတင္းရတာပဲ။

Bond ေရာင္းလို႔ ေဒၚလာေသာင္းဂဏန္းရရ၊ သိန္းဂဏန္းရရ အလုံးအရင္းနဲ႔ဝယ္ဖို႔ဟဲ့လို႔ ေတြးရတယ္။ Fund Raise အတြက္ သြားရျပန္ရင္လည္း ၿမိဳ႕ခံအဖြဲ႕ေတြကေန PDF ေတြဆီေရာက္မွာလို႔ေတြးရင္း သြားရျပန္တယ္။ အိမ္မွာေနခ်င္လိုက္တာကြာေတြးရင္း သြားလိုက္ရရင္းနဲ႔။

ေလယာဥ္နဲ႔ ခရီးသြားတာဟာ ကမၻာမွာ မေတာ္တဆမႈ အနည္းဆုံး ခရီးသြားနည္းလို႔ ေတြးရင္း အားတင္းတယ္။ အဲ့လိုပဲ ေလယာဥ္နဲ႔ တစ္ခုခုျဖစ္ရင္ အသက္ရွင္သူမရွိဘူးလို႔လည္း ႏွလုံးသြင္းထားတယ္။ ေလယာဥ္ေပၚတက္တာနဲ႔ အိပ္ေပ်ာ္ေအာင္ အိပ္တယ္။ ေလယာဥ္ဘီးခ်မွ ျပန္ထတယ္။ အိပ္ေရးဝဝဆိုတာ အင္တာနက္မရတဲ့ အဲ့အခ်ိန္ေလး အိပ္ရတာ။

US ကလည္း ငစား။ ျပည္တြင္းသြားရတဲ့ခရီးခ်ိန္က ကိုရီးယားကေန US ထိစီးခဲ့တဲ့ခရီးနဲ႔ နင္လားငါလားပဲ။ ျပည္တြင္းေလေၾကာင္းလိုင္းဆိုတာကလည္း ေအာင္မဂၤလာအေဝးေျပးက VIP Bus မဟုတ္တဲ့ တစ္ေသာင္းတန္ကားထိုင္ခုံကမွ က်ယ္ေသး။ အစားအေသာက္ေကၽြးမယ္မ်ား မထင္လိုက္နဲ႔၊ အခ်ိဳ႕ေလယာဥ္ဆို ေရေတာင္ မတိုက္ဘူး။

ျပည္နယ္ ငါးဆယ္လည္း ျပည့္ေတာ့မယ္။ ဟို မအိမ္လုံးကလည္း မေသနိုင္ေသးဘူး။ ဒီေန႔ ေလယာဥ္ခုန္ခ်က္က ေဘးက အျဖဴမႀကီး ဘုရားစာေတြ ထထေအာ္တဲ့အထိ။ ကိုယ္ကေတာ့ MaALoe မင္းေအာင္လွိုင္၊ မင္းေအာင္လွိုင္ MaALoe နဲ႔ သရဏဂုံနဲ႔ တလွည့္စီရြတ္ရင္း ၿငိမ္ေနလိုက္တယ္။

အခုထိကို ရီေဝေဝနဲ႔ ငပလီမွာ လွိုင္းစီးေနရသလိုပဲ။ ခြီး
😵‍💫ပန္ဆယ္လို