ၾကားသိသမွ်

စစ်ကောင်စီနှင့် ဆွေးနွေးလျင် ပြေလည်နိုင်ဖွယ်မရှိဟု KIO ပြော

စစ်ကောင်စီနှင့် ဆွေးနွေးလျင် ပြေလည်နိုင်ဖွယ်မရှိဟု KIO ပြော

လိုင်ဇာ – ဧပြီ ၂၂၊ ၂၀၂၂။

စစ်ကောင်စီနှင့် ဆွေးနွေးလျင်ပြေလည်နိုင်ဖွယ်မရှိကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ပြောသည့်မိန့်ခွန်းနှင့်ပတ်သက်ပြီး KIO ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ဆွေးနွေးတာက နှစ်ပေါင်း ၆၀ ကျော်ရှိပြီလေ။ ဘာမှအဖြေကောင်းမှ မထွက်တာ။ အခုလည်း ထွက်မှာမှ မဟုတ်တာ။ အခုက ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ပြေလည်ရင်လည်း NUG နဲ့ပြေလည်မှာမဟုတ်ပါဘူး” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်ခြင်းမရှိဘဲ ဆွေးနွေးပါက မင်းအောင်လှိုင်အနေဖြင့် နိုင်ငံရေး စစ်ရေးအကြပ်အတည်းကြောင့် ထွက်ပေါက်ရှာသည့်ပုံစံမျိုးသာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

စစ်ကောင်စီဥက္ကဌက ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးသွားလိုသည်ဟု ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ တရားဝင်စာရောက်ရှိလာသည့်အပေါ် ပြန်လည်တုံ့ပြန်သွားမည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“သူ့(မင်းအောင်လှိုင်) အနေနဲ့ မိန့်ခွန်းထဲမှာပါတယ်လေ။ ဒီမိုကရေစီ ဖယ်ဒရယ်တွေကို ဆွေးနွေးဖို့ပဲ‌ ပြောနေတာ။ ကျွန်တော်တို့တိုင်းရင်းသားတွေကမှ စိတ်မဝင်စားတာ။ နောက်ကျွန်တော်တို့ ကေအိုင်အိုရဲ့ထုတ်ပြန် ကြေငြာချက်က အကြောင်းအရာတွေမှ မပါတာ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အဆိုပါဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးပါဝင်တက်ရောက်ပေးဖို့ရန် မေလ ကိုးရက်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ပေးရန် မိန့်ခွန်းတွင်ပြောဆိုထားသည်။

စစ်ကောင်စီဥက္ကဌ၏ ဖိတ်ခေါ်ချက်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က တပ်မတော်အနေဖြင့် နိုင်ငံရေးမှထွက်ခွာမည်ဟု ကတိပြုမှသာ တွေ့ဆုံဆွေးနွေးမည်ဟု ပြောဆိုထားသည်။

စစ္ေကာင္စီႏွင့္ ေဆြးေႏြးလ်င္ ေျပလည္နိုင္ဖြယ္မရွိဟု KIO ေျပာ

လိုင္ဇာ – ဧၿပီ ၂၂၊ ၂၀၂၂။

စစ္ေကာင္စီႏွင့္ ေဆြးေႏြးလ်င္ေျပလည္နိုင္ဖြယ္မရွိေၾကာင္း ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO) ၏ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံက ေျပာၾကားလိုက္သည္။

စစ္ေကာင္စီဥကၠဌဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ ယေန႔ေျပာသည့္မိန႔္ခြန္းႏွင့္ပတ္သက္ၿပီး KIO ၏ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက The 74 Media ကိုေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကၽြန္ေတာ္တို႔တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕နဲ႔ေဆြးေႏြးတာက ႏွစ္ေပါင္း ၆၀ ေက်ာ္ရွိၿပီေလ။ ဘာမွအေျဖေကာင္းမွ မထြက္တာ။ အခုလည္း ထြက္မွာမွ မဟုတ္တာ။ အခုက ကၽြန္ေတာ္တို႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕နဲ႔ေျပလည္ရင္လည္း NUG နဲ႔ေျပလည္မွာမဟုတ္ပါဘူး” ဟု ေျပာသည္။

တိုင္းရင္းသားလက္နက္ကိုင္အားလုံးပါဝင္ျခင္းမရွိဘဲ ေဆြးေႏြးပါက မင္းေအာင္လွိုင္အေနျဖင့္ နိုင္ငံေရး စစ္ေရးအၾကပ္အတည္းေၾကာင့္ ထြက္ေပါက္ရွာသည့္ပုံစံမ်ိဳးသာျဖစ္ေၾကာင္း ဗိုလ္မႉးႀကီးေနာ္ဘူက ဆက္ေျပာသည္။

စစ္ေကာင္စီဥကၠဌက ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေခါင္းေဆာင္မ်ားကို ေတြ႕ဆုံေဆြးေႏြးသြားလိုသည္ဟု ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဖိတ္ေခၚခ်က္ႏွင့္ပတ္သက္၍ တရားဝင္စာေရာက္ရွိလာသည့္အေပၚ ျပန္လည္တုံ႔ျပန္သြားမည္ဟု ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာသည္။

“သူ႔(မင္းေအာင္လွိုင္) အေနနဲ႔ မိန႔္ခြန္းထဲမွာပါတယ္ေလ။ ဒီမိုကေရစီ ဖယ္ဒရယ္ေတြကို ေဆြးေႏြးဖို႔ပဲ‌ ေျပာေနတာ။ ကၽြန္ေတာ္တို႔တိုင္းရင္းသားေတြကမွ စိတ္မဝင္စားတာ။ ေနာက္ကၽြန္ေတာ္တို႔ ေကအိုင္အိုရဲ့ထုတ္ျပန္ ေၾကျငာခ်က္က အေၾကာင္းအရာေတြမွ မပါတာ” ဟု ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္အေနျဖင့္ အဆိုပါေဆြးေႏြးပြဲသို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အသီးသီးမွ ေခါင္းေဆာင္မ်ားကိုယ္တိုင္ႏွင့္ အဖြဲ႕ဝင္ႏွစ္ဦးပါဝင္တက္ေရာက္ေပးဖို႔ရန္ ေမလ ကိုးရက္ေန႔ေနာက္ဆုံးထားၿပီး အေၾကာင္းျပန္ေပးရန္ မိန႔္ခြန္းတြင္ေျပာဆိုထားသည္။

စစ္ေကာင္စီဥကၠဌ၏ ဖိတ္ေခၚခ်က္ႏွင့္ပတ္သက္ၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) က တပ္မေတာ္အေနျဖင့္ နိုင္ငံေရးမွထြက္ခြာမည္ဟု ကတိျပဳမွသာ ေတြ႕ဆုံေဆြးေႏြးမည္ဟု ေျပာဆိုထားသည္။