ၾကားသိသမွ်

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို တွေ့မယ်လို့ စစ်ခေါင်းဆောင် ကမ်းလှမ်းသော်လည်း (PDF) တွေ မပါဘူး လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို တွေ့မယ်လို့ စစ်ခေါင်းဆောင် ကမ်းလှမ်း

ဒီကမ်းလှမ်းမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မပါဘူးလို့ဆို

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့မှာ မိန့်ခွန်းထွက်ပြောပြီးဖိတ်ခေါ်လိုက်ပါတယ်။

အဲ့ဒီနောက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို စစ်ကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်တွေက ဆက်လက်တွေ့ဆုံဆွေးနွေးမယ့်အကြောင်း မိန့်ခွန်းမှာထည့်ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ကိုယ်တိုင် နဲ့ အဖွဲ့ဝင် နှစ်ဦးစီ တက်ရောက်ပေးဖို့နဲ့ မေလ ၉ ရက်နေ့ နောက်ဆုံးစာရင်းပေးဖို့ သူကပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်ကလိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးနိုင်ပြီးစစ်ကောင်စီဘက်ကလည်း လုပ်ပေးနိုင်သမျှကိုပြန်ဆွေးနွေးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒီဖိတ်ကြားချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ မပါဘူး လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြကို ေတြ႕မယ္လို႔ စစ္ေခါင္းေဆာင္ ကမ္းလွမ္း

ဒီကမ္းလွမ္းမႈမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ မပါဘူးလို႔ဆို

တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမယ္လို႔ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ဒီကေန႔မွာ မိန႔္ခြန္းထြက္ေျပာၿပီးဖိတ္ေခၚလိုက္ပါတယ္။

အဲ့ဒီေနာက္ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြကို စစ္ေကာင္စီအဖြဲ႕ဝင္ ကိုယ္စားလွယ္ေတြက ဆက္လက္ေတြ႕ဆုံေဆြးေႏြးမယ့္အေၾကာင္း မိန႔္ခြန္းမွာထည့္ေျပာပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြ ကိုယ္တိုင္ နဲ႔ အဖြဲ႕ဝင္ ႏွစ္ဦးစီ တက္ေရာက္ေပးဖို႔နဲ႔ ေမလ ၉ ရက္ေန႔ ေနာက္ဆုံးစာရင္းေပးဖို႔ သူကေျပာပါတယ္။

ဒီေဆြးေႏြးပြဲမွာ တိုင္းရင္းသားေတြဘက္ကလိုလားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းေျပာဆိုေဆြးေႏြးနိုင္ၿပီးစစ္ေကာင္စီဘက္ကလည္း လုပ္ေပးနိုင္သမၽွကိုျပန္ေဆြးေႏြးမယ္လို႔ စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ဒီဖိတ္ၾကားခ်က္မွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF) ေတြ မပါဘူး လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။