ၾကားသိသမွ်

စစ်ကောင်စီတပ်တွေ ဆုတ်ခွာဖို့ KNDO ရဲ့ ထုတ်ပြန်ချက် အပေါ် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်စစ်ဆင်ရေး တာဝန်ခံကတုန့်ပြန်ထားဟုဆို

စစ်ကောင်စီတပ်တွေ ဆုတ်ခွာဖို့ KNDO ရဲ့ ထုတ်ပြန်ချက် အပေါ် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တုန့်ပြန်

ဧပြီ ၂၁

‘’သတ္တိရှိရင် ကြေညာချက်ထုတ် မနေနဲ့ လာတိုက်လိုက်စမ်းပါ’’ လို့ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် စစ်ဆင်ရေး တာဝန်ခံက တုန့်ပြန် ပြောကြားကြောင်း ပြည်တွင်း အခြေစိုက် People’svoice Media မှာ ဖေါ်ပြထားပါတယ်။

KNU သထုံခရိုင် တပ်မဟာ ၁ က KNDO တပ်ရင်း ၂ နယ်မြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ လေးကေ နဲ့ ဝင်းတာပန် စခန်းတို့ကနေ စစ်ကောင်စီတပ်တွေ အခုလ ၂၃ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား ဆုတ်ခွာဖို့ KNDO တပ်ရင်း ၂ တပ်ရင်မှူး လက်မှတ်ထိုးပြီး မနေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


ဆုတ်ခွာခြင်းမပြုပါက စစ်ရေးအရ ထိရောက်စွာ အရေးယူမယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။

အခုလို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး People’svoice Media ဆိုတဲ့ သတင်းဌာနကနေ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်ကို ဆက်သွယ် မေးမြန်းခဲ့တာလို့ ဆိုပါတယ်။

အခုလို ပြောကြားချက်နဲ့ ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ဖို့ People’svoice Media ကို ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါ။

People’svoice Media ရဲ့ ဆက်သွယ်မေးမြန်းခဲ့တယ်ဆိုတဲ့ ဖေါ်ပြချက် အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“ KNU ထုတ်ပြန်ချက်ဆိုပြီး Online ပေါ်မှာတက် နေတာတော့တွေ့တယ်၊ တကယ်အစစ်သာဆိုရင်တော့ အစိုးရတပ်မတော်ကို ဒဲ့စိန်ခေါ်တာဖြစ်လို့ အတော်မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်၊

NCA ချိုး ဖောက် တာလည်း ဖြစ်တယ်၊ တပ်မတော်ဆိုတာ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို သွားလာနိုင်တယ်၊ စခန်းချနိုင်တယ်၊ မေးနေစရာမလိုဘူး၊

အဲဒါကို အကြမ်းဖက်သောင်းကျန်းသူ သူပုန်အဖွဲ့က တပ်မတော်ကို ဟို နေရာ မနေနဲ့၊ ဒီနေရာမနေနဲ့ အမိန့်ပေးလို့မရဘူး၊ လေးကေ .. ဝင်းတာပန်ကို ဖယ်ခိုင်းတယ်ဆိုတော့ ရီစရာပဲ ..

သတ္တိရှိရင် ကြေညာချက်ထုတ်မနေနဲ့ လာတိုက်လိုက်စမ်းပါ .. ဖိတ်ခေါ်ပါတယ်လို့ ပြော လိုက်ပါဗျာ”

#THN f j

Zawgyi

စစ္ေကာင္စီတပ္ေတြ ဆုတ္ခြာဖို႔ KNDO ရဲ့ ထုတ္ျပန္ခ်က္ အေပၚ အေရွ႕ ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တုန႔္ျပန္

ဧၿပီ ၂၁

‘’သတၱိရွိရင္ ေၾကညာခ်က္ထုတ္ မေနနဲ႔ လာတိုက္လိုက္စမ္းပါ’’ လို႔ အေရွ႕ ေတာင္တိုင္း စစ္ဌာနခ်ဳပ္ စစ္ဆင္ေရး တာဝန္ခံက တုန႔္ျပန္ ေျပာၾကားေၾကာင္း ျပည္တြင္း အေျခစိုက္ People’svoice Media မွာ ေဖၚျပထားပါတယ္။

KNU သထုံခရိုင္ တပ္မဟာ ၁ က KNDO တပ္ရင္း ၂ နယ္ေျမမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီရဲ့ ေလးေက နဲ႔ ဝင္းတာပန္ စခန္းတို႔ကေန စစ္ေကာင္စီတပ္ေတြ အခုလ ၂၃ ရက္ေန႔ ညေန ၆ နာရီ ေနာက္ဆုံးထား ဆုတ္ခြာဖို႔ KNDO တပ္ရင္း ၂ တပ္ရင္မႉး လက္မွတ္ထိုးၿပီး မေန႔က ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ဆုတ္ခြာျခင္းမျပဳပါက စစ္ေရးအရ ထိေရာက္စြာ အေရးယူမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖၚၿပ ထားတာ ျဖစ္ပါတယ္။

အခုလို ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး People’svoice Media ဆိုတဲ့ သတင္းဌာနကေန အေရွ႕ ေတာင္တိုင္း စစ္ဌာနခ်ဳပ္ကို ဆက္သြယ္ ေမးျမန္းခဲ့တာလို႔ ဆိုပါတယ္။

အခုလို ေျပာၾကားခ်က္နဲ႔ ပတ္သက္ၿပီး အတည္ျပဳခ်က္ ရယူနိုင္ဖို႔ People’svoice Media ကို ဖုန္းနဲ႔ ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရေသးပါ။

People’svoice Media ရဲ့ ဆက္သြယ္ေမးျမန္းခဲ့တယ္ဆိုတဲ့ ေဖၚျပခ်က္ အျပည့္အစုံကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

“ KNU ထုတ္ျပန္ခ်က္ဆိုၿပီး Online ေပၚမွာတက္ ေနတာေတာ့ေတြ႕တယ္၊ တကယ္အစစ္သာဆိုရင္ေတာ့ အစိုးရတပ္မေတာ္ကို ဒဲ့စိန္ေခၚတာျဖစ္လို႔ အေတာ္မိုက္မဲတဲ့လုပ္ရပ္ျဖစ္တယ္၊

NCA ခ်ိဳး ေဖာက္ တာလည္း ျဖစ္တယ္၊ တပ္မေတာ္ဆိုတာ ျပည္တြင္းေသာင္းက်န္းမႈႏွိမ္နင္းေရးနဲ႔ နိုင္ငံေတာ္ ကာကြယ္ေရး တာဝန္ထမ္းေဆာင္ဖို႔ ျမန္မာနိုင္ငံရဲ့ ဘယ္ေနရာမွာမဆို သြားလာနိုင္တယ္၊ စခန္းခ်နိုင္တယ္၊ ေမးေနစရာမလိုဘူး၊

အဲဒါကို အၾကမ္းဖက္ေသာင္းက်န္းသူ သူပုန္အဖြဲ႕က တပ္မေတာ္ကို ဟို ေနရာ မေနနဲ႔၊ ဒီေနရာမေနနဲ႔ အမိန႔္ေပးလို႔မရဘူး၊ ေလးေက .. ဝင္းတာပန္ကို ဖယ္ခိုင္းတယ္ဆိုေတာ့ ရီစရာပဲ ..

သတၱိရွိရင္ ေၾကညာခ်က္ထုတ္မေနနဲ႔ လာတိုက္လိုက္စမ္းပါ .. ဖိတ္ေခၚပါတယ္လို႔ ေျပာ လိုက္ပါဗ်ာ”

#THN f j