ၾကားသိသမွ်

လင်းယုန်ငှက်လိုမိဘတွေဖြစ်ကြပါစေ လို့တိုက်တွန်းလိုက်တဲ့ ဒါရိုက်တာကိုပေါက်

“အမေရိကန်တွေရဲ့လင်းယုန်ငှက် အဓိပ္ပါယ်ဆိုတာ”

တစ်ခါတုန်းက လင်းယုန်ငှက်မ တစ်ကောင် ရှိတယ် သူမဟာ ဥ ဥ ဖို့အတွက် တောင်ပေါ် မှာ ပေါက်တဲ့ သစ်ပင်ရှာတယ် အဲဒီ သစ်ပင်ထဲမှာတောင် အမြင့်ဆုံး သစ်ပင်ပေါ်မှာ အသိုက်ကို ဆောက်တယ် ပထမတော့ အသိုက်ကို ကြီးတဲ့ သစ်ကိုင်းသစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ်

အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ် နောက်တော့မှာ သူမရဲ့ အမွှေးနုတွေကို နူတ်သီးနဲ့ ဆွဲနူတ်ပြီး ထည့်တယ် နောက်တော့ အဲဒီအပေါ်မှာ ဥကို ဥလိုက်ပါတယ် ဥက မျာများ မဥပါဘူး။ တစ်လုံး နှစ်လုံးပါပဲ ၊ အဲဒီဥပေါ်မှာ လင်းယုန်ငှက်မကြီးက ဝပ်တယ် ၊ အချိန်တန်တော့လည်း ဥထဲကလင်းယုန်ငှက်ကလေးတွေ ပေါက်လာတယ် ၊

ငှက်မကြီးက ငယ်သေးတဲ့ ငှက်ကလေးတွေအတွက် အစာရှာကျွေးပါတယ် ၊ လင်းယုန်ငှက်ကလေးတွေ အမွှေးနုတွေ ထွက်လာပြီးဆိုရင် ငှက်မကြီးက အသိုက်ထဲမှာရှိတဲ့ အမွှေးနုတွေကို ဖယ်ရှားပစ်တယ် ၊ နောက်မကြာခင်မှာပဲ ငှက်ကလေးတွေရဲ့ အမွှေးတွေ ရှည်လာရင် လင်းယုန်ငှက်မကြီးက သစ်ရွက်ခြောက်တွေ ဖယ်ရှားပစ်လိုက်တယ်

သဘောကတော့ ကြမ်းတမ်းတဲ့ သစ်ကိုင်းသစ်ခက်တွေရဲ့ အထိအတွေ့နဲ့ ကြီးပြင်းစေချင်လို့ပါ ၊ နောက်မကြာခင်မှာပဲ လင်းယုန်ငှက်ကလေးတွေရဲ့ အတောင်ပံတွေက ရှည်သထက် ရှည်လာတယ် ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကိုရောက်ပြီးလို့ ငှက်မကြီးက ယူဆတဲ့အချိန်မှာ လင်းယုန်ငှက်ကလေးတွေကို အသိုက်ထဲက တွန်းချလိုက်တယ်

လင်းယုန်ငှက်ကလေးတွေက ယက်ကန်၊ယက်ကန်နဲ့တောင်ပေါ် အသိုက်ထဲက ပြုတ်ကျသွားတယ် မပျံနိုင်သေးဘူးလို့ ထင်ရင်လင်းယုန်ငှက်မက အသိုက်ထဲကို ပြန်ချီလာတယ် သိပ်မကြာခင်မှာပဲ လင်းယုန်ငှက်မဟာသူ့ရဲ့ သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်တယ်
ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်

လင်းယုန်ငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီး ပျံသန်းနိုင်ပြီဆိုတာနဲ့ အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့ လင်းယုန်ငှက်မကြီးရဲ့ တာဝန်ပြီးပြီ

အမေရိကန်နိုင်ငံသားတွေဟာ လင်းယုန်ငှက်ပုံပြင်လိုပဲ သူတို့သားသမီးတွေကို ငယ်ငယ်ကထဲက ကိုယ့်အားကိုယ်ကိုးတတ်အောင်လေ့ကျင့်ပေးတယ်မွေးကင်းစမှာပဲ ကိုယ်ပိုင်အိပ်ခန်းမှာ ကိုယ့်ဘာသာကိုယ်အိပ်၊ လမ်းလျှောက်တတ်ကာစမှာပဲ အမှိုက်ပုံးမှာကိုယ့်အမှိုက်ကို ကိုယ်ပစ်တတ်အောင် သင်ပေးတယ်

အရွယ်နဲ့ အမျှ တတ်နိုင်တဲ့ဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ် ၊ အသက် ( ၁၈ )နှစ်ပြည့်ရင်တော့ လင်းယုန်ငှက်မက အသိုက်ထဲက တွန်းချလိုက်သလိုမျိုး တွန်းချလိုက်တာပဲ

ကိုယ့်စရိတ်ကိုယ်ရှာပြီး ကောလိပ်၊ တက္ကသိုလ် တက်ပေတော့ ဘွဲ့ မရခင်မှာပဲ လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ ယောကျာ်းရော၊ မိန်းမပါ အရွယ်ရောက်တာနဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ

သေနတ်တိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်နေပြီ ရေကူးခြင်း အတတ်ပညာကိုလည်း ကောင်းကောင်း ကျွမ်းကျင်နေပြီ
အခြားအားကစားကို ဝါသနာပါရင် ဝါသနာပါတဲ့အလျှောက် ကောင်းကောင်းကျွမ်းကျင်နေပြီ အမေရိကန် အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားတွေကိုလည်း အနည်းဆုံးတစ်မျိုးထက်ပို တတ်မြောက်နေပြီ

အဓိက ဦးတည်ပြီး လေ့ကျင့်ပျိုးထောင်တာကကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်ဓာတ်ကို ပြုစုပျိုးထောင်တာပါ ၊ ဒီအပြင် အားမနာတတ်ခြင်း အတတ်ပညာကိုလည်း ဒီအရွယ်မှာ တော်တော် ကျွမ်းကျင်နေပြီ

သူတို့တွေဟာ အားမနာတတ်ပေမယ့် တခြားသူတွေဖက်က စာနာစိတ်နဲ့ ကြည့်တတ်၊ခံစားတတ် အောင်လည်း တစ်လက်စထဲ သင်ပေးတဲ့အတွက် တတ်မြောက်နေပြီ

အကြိုက်ဆုံး လေ့ကျင့်ပျိုးထောင်မှုတစ်ခုကတော့ စာဖတ်ဝါသနာပါအောင် ငယ်ငယ်ကထဲက မိဘရော၊ ဆရာသမားတွေကပါလေ့ကျင့်ပြုစု ပျိုးထောင်ပေးတာပါပဲ အရွယ်ရောက်ချိန်မှာ စာအုပ်အမြောက်အများကို ဖတ်ပြီးနှင့်ပြီ ဘက်ပေါင်းစုံအပေါ် တော်တော်လေးနှံ့စပ်နေပြီ

ဒီအပြင် ခရီးသွားခြင်းကိုလည်း ငယ်ငယ်လေးထဲကဝါသနာအလျှောက် မိဘနဲ့ အတူလျှောက်လည်ခဲ့ပေါင်းများပြီ နိုင်ငံပေါင်းမြောက်များစွာကိုလည်း ရောက်ဖူးနေပြီ သားသမီးတွေကို မိဘများအနေနဲ့ ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာ တစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်ပါဘူး

ရင်ခွင်ထဲမှာ အမြဲတမ်းထည့်ထားဖို့လည်းမဟုတ်ဘူး။ ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး။အိမ်ထောင်ဖက်ကောင်းကောင်းကို ရွေးပေးတာလည်း မဟုတ်ပါဘူး။

မိဘများ အနေနဲ့ သားသမီးတွေကို ပေးသင့်တဲ့အကောင်းဆုံး လက်ဆောင်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတဲ့စိတ်ဓာတ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးစိတ် ကို ရနိုင်တဲ့အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ သူတို့ ကြောက်နေတဲ့ အလုပ်ကို သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ်

မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ် ကိုယ့်သားသမီးကို ကိုယ်ချစ်တယ်ဆိုရင် ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် တွေးခေါ်မျှော်မြင်နိုင်အောင် လုပ်ကိုင်ရှာဖွေစားသောက်တတ်အောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်။ သူတို့ကို အကြိမ်ကြိမ် အခါခါ တွန်းချဖို့ လိုအပ်ပါတယ်။# crdမူရင်းရေးသားသူ

သားသမီးတွေကို ချစ်တယ် ချစ်တယ် ဆိုပြီး ဟိုဟာမလုပ်နဲ့ ဟိုနားမသွားနဲ့ ဟိုလူနဲ့မပေါင်းနဲ့လုပ်ပြီး ကိုယ့်အနားမှာထားနေတာဟာ ကလေးအတွက် သဘာဝအလျှောက်သင်ယူသင့်တာတွေကို ပိတ်ပင်နေချင်းသာဖြစ်တဲ့မိဘမျိုး မဖြစ်ပါစေနဲ့။


လူပေါင်းစုံနဲ့ပေါင်းတတ်ရမယ်အဖြစ်အပျက်မျိုးစုံ ပတ်ဝန်းကျင်မျိုးစုံကိုထိတွေ့ခံစားနိုင်ရမယ် အဆိုးအကောင်းတွေအများကြီးကို ဖြတ်သန်းရမယ်။


ဒီအတွေ့အကြံုတွေကို ကလေးတွေကို ထိတွေ့ခွင့်ပေးပါ။သူများပြောပြလို့ သိရတဲ့ အသိနဲ့ ကိုယ်တိုင်ထိတွေ့လို့ရခဲ့တဲ့ သင်ခန်းစာနဲ့ မတူပါဘူး။ လင်းယုန်ငှက်လိုမိဘတွေဖြစ်ကြပါစေ။#AungMinNaing

Zawgyi

“အေမရိကန္ေတြရဲ့လင္းယုန္ငွက္ အဓိပၸါယ္ဆိုတာ”

တစ္ခါတုန္းက လင္းယုန္ငွက္မ တစ္ေကာင္ ရွိတယ္ သူမဟာ ဥ ဥ ဖို႔အတြက္ ေတာင္ေပၚ မွာ ေပါက္တဲ့ သစ္ပင္ရွာတယ္ အဲဒီ သစ္ပင္ထဲမွာေတာင္ အျမင့္ဆုံး သစ္ပင္ေပၚမွာ အသိုက္ကို ေဆာက္တယ္ ပထမေတာ့ အသိုက္ကို ႀကီးတဲ့ သစ္ကိုင္းသစ္ခက္ေတြနဲ႔ ေဆာက္လုပ္ပါတယ္ အဲဒီအထဲမွာ သစ္ရြက္ေျခာက္ေတြ ထည့္တယ္ ေနာက္ေတာ့မွာ သူမရဲ့ အေမႊးႏုေတြကို ႏူတ္သီးနဲ႔ ဆြဲႏူတ္ၿပီး ထည့္တယ္ ေနာက္ေတာ့ အဲဒီအေပၚမွာ ဥကို ဥလိုက္ပါတယ္ ဥက မ်ာမ်ား မဥပါဘူး။ တစ္လုံး ႏွစ္လုံးပါပဲ ၊ အဲဒီဥေပၚမွာ လင္းယုန္ငွက္မႀကီးက ဝပ္တယ္ ၊ အခ်ိန္တန္ေတာ့လည္း ဥထဲကလင္းယုန္ငွက္ကေလးေတြ ေပါက္လာတယ္ ၊ ငွက္မႀကီးက

ငယ္ေသးတဲ့ ငွက္ကေလးေတြအတြက္ အစာရွာေကၽြးပါတယ္ ၊ လင္းယုန္ငွက္ကေလးေတြ အေမႊးႏုေတြ ထြက္လာၿပီးဆိုရင္ ငွက္မႀကီးက အသိုက္ထဲမွာရွိတဲ့ အေမႊးႏုေတြကို ဖယ္ရွားပစ္တယ္ ၊ ေနာက္မၾကာခင္မွာပဲ ငွက္ကေလးေတြရဲ့ အေမႊးေတြ ရွည္လာရင္ လင္းယုန္ငွက္မႀကီးက သစ္ရြက္ေျခာက္ေတြ ဖယ္ရွားပစ္လိုက္တယ္

သေဘာကေတာ့ ၾကမ္းတမ္းတဲ့ သစ္ကိုင္းသစ္ခက္ေတြရဲ့ အထိအေတြ႕နဲ႔ ႀကီးျပင္းေစခ်င္လို႔ပါ ၊ ေနာက္မၾကာခင္မွာပဲ လင္းယုန္ငွက္ကေလးေတြရဲ့ အေတာင္ပံေတြက ရွည္သထက္ ရွည္လာတယ္ ပ်ံသန္းလို႔ ရနိုင္တဲ့ အခ်ိန္ကိုေရာက္ၿပီးလို႔ ငွက္မႀကီးက ယူဆတဲ့အခ်ိန္မွာ လင္းယုန္ငွက္ကေလးေတြကို အသိုက္ထဲက တြန္းခ်လိုက္တယ္

လင္းယုန္ငွက္ကေလးေတြက ယက္ကန္၊ယက္ကန္နဲ႔ေတာင္ေပၚ အသိုက္ထဲက ျပဳတ္က်သြားတယ္မပ်ံနိုင္ေသးဘူးလို႔ ထင္ရင္ လင္းယုန္ငွက္မက အသိုက္ထဲကို ျပန္ခ်ီလာတယ္ သိပ္မၾကာခင္မွာပဲ လင္းယုန္ငွက္မဟာသူ႔ရဲ့ သားသမီးေတြကို အသိုက္ထဲက တြန္းခ်ျပန္တယ္

ဒီလိုနည္းနဲ႔ပဲ အႀကိမ္ႀကိမ္ အခါခါ တြန္းခ်ပါတယ္လင္းယုန္ငွက္ကေလးေတြဟာ ေလထဲမွာ ဝဲၿပီး ပ်ံသန္းနိုင္ၿပီဆိုတာနဲ႔ အစစအရာရာ ကိုယ့္တာဝန္ ကိုယ္ယူေပေတာ့လင္းယုန္ငွက္မႀကီးရဲ့ တာဝန္ၿပီးၿပီ

အေမရိကန္နိုင္ငံသားေတြဟာ လင္းယုန္ငွက္ပုံျပင္လိုပဲသူတို႔သားသမီးေတြကို ငယ္ငယ္ကထဲကကိုယ့္အားကိုယ္ကိုးတတ္ေအာင္ေလ့က်င့္ေပးတယ္

ေမြးကင္းစမွာပဲ ကိုယ္ပိုင္အိပ္ခန္းမွာ ကိုယ့္ဘာသာကိုယ္အိပ္၊ လမ္းေလၽွာက္တတ္ကာစမွာပဲ အမွိုက္ပုံးမွာကိုယ့္အမွိုက္ကို ကိုယ္ပစ္တတ္ေအာင္ သင္ေပးတယ္အရြယ္နဲ႔ အမၽွ တတ္နိုင္တဲ့ဝန္ကို ထမ္းေဆာင္ဖို႔ေလ့က်င့္ေပးတယ္ ၊ အသက္ ( ၁၈ )ႏွစ္ျပည့္ရင္ေတာ့ လင္းယုန္ငွက္မက အသိုက္ထဲက တြန္းခ်လိုက္သလိုမ်ိဳး တြန္းခ်လိုက္တာပဲ

ကိုယ့္စရိတ္ကိုယ္ရွာၿပီး ေကာလိပ္၊ တကၠသိုလ္ တက္ေပေတာ့ ဘြဲ႕ မရခင္မွာပဲ လုပ္ငန္းအေတြ႕အၾကဳံက အမ်ိဳးမ်ိဳးရေနၿပီေယာက်ာ္းေရာ၊ မိန္းမပါ အရြယ္ေရာက္တာနဲ႔ကားကိုလည္း ကၽြမ္းကၽြမ္းက်င္က်င္ ေမာင္းတတ္ေနၿပီ

ေသနတ္တိုင္းကိုလည္း ကၽြမ္းကၽြမ္းက်င္က်င္ ပစ္တတ္ေနၿပီ ေရကူးျခင္း အတတ္ပညာကိုလည္း ေကာင္းေကာင္း ကၽြမ္းက်င္ေနၿပီ

အျခားအားကစားကို ဝါသနာပါရင္ ဝါသနာပါတဲ့အေလၽွာက္ ေကာင္းေကာင္းကၽြမ္းက်င္ေနၿပီ အေမရိကန္ အဂၤလိပ္ဘာသာစကားအျပင္ အျခားဘာသာစကားေတြကိုလည္း အနည္းဆုံးတစ္မ်ိဳးထက္ပို တတ္ေျမာက္ေနၿပီ

အဓိက ဦးတည္ၿပီး ေလ့က်င့္ပ်ိဳးေထာင္တာကကိုယ့္အားကိုယ္ကိုးတတ္တဲ့ စိတ္ဓာတ္ကို ျပဳစုပ်ိဳးေထာင္တာပါ ၊ ဒီအျပင္ အားမနာတတ္ျခင္း အတတ္ပညာကိုလည္း ဒီအရြယ္မွာ ေတာ္ေတာ္ ကၽြမ္းက်င္ေနၿပီ

သူတို႔ေတြဟာ အားမနာတတ္ေပမယ့္ တျခားသူေတြဖက္က စာနာစိတ္နဲ႔ ၾကည့္တတ္၊ခံစားတတ္ ေအာင္လည္း တစ္လက္စထဲ သင္ေပးတဲ့အတြက္ တတ္ေျမာက္ေနၿပီ

အႀကိဳက္ဆုံး ေလ့က်င့္ပ်ိဳးေထာင္မႈတစ္ခုကေတာ့စာဖတ္ဝါသနာပါေအာင္ ငယ္ငယ္ကထဲက မိဘေရာ၊ ဆရာသမားေတြကပါေလ့က်င့္ျပဳစု ပ်ိဳးေထာင္ေပးတာပါပဲ အရြယ္ေရာက္ခ်ိန္မွာ စာအုပ္အေျမာက္အမ်ားကို

ဖတ္ၿပီးႏွင့္ၿပီ ဘက္ေပါင္းစုံအေပၚ ေတာ္ေတာ္ေလးႏွံ့စပ္ေနၿပီဒီအျပင္ ခရီးသြားျခင္းကိုလည္း ငယ္ငယ္ေလးထဲကဝါသနာအေလၽွာက္ မိဘနဲ႔ အတူေလၽွာက္လည္ခဲ့ေပါင္းမ်ားၿပီ နိုင္ငံေပါင္းေျမာက္မ်ားစြာကိုလည္း ေရာက္ဖူးေနၿပီ သားသမီးေတြကို မိဘမ်ားအေနနဲ႔ ဘဝမွာ အေကာင္းဆုံးလက္ေဆာင္ဟာ တစ္သက္လုံး သုံးလို႔ မကုန္တဲ့ ေငြမဟုတ္ပါဘူး ရင္ခြင္ထဲမွာ အျမဲတမ္းထည့္ထားဖို႔လည္းမဟုတ္ဘူး။ ဘြဲ႕လက္မွတ္လည္း မဟုတ္ပါဘူး။အိမ္ေထာင္ဖက္ေကာင္းေကာင္းကို ေရြးေပးတာလည္း မဟုတ္ပါဘူး။

မိဘမ်ား အေနနဲ႔ သားသမီးေတြကို ေပးသင့္တဲ့အေကာင္းဆုံး လက္ေဆာင္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္အားကိုးတဲ့စိတ္ဓာတ္
ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္အားကိုးစိတ္ ကို ရနိုင္တဲ့ အေကာင္းဆုံး နည္းလမ္းတစ္ခုကေတာ့ သူတို႔ ေၾကာက္ေနတဲ့ အလုပ္ကို သူတို႔ကို လုပ္ခြင့္ေပးလိုက္ျခင္း ျဖစ္တယ္ မိဘမ်ားအေနနဲ႔ ထိန္းေၾကာင္းေပးဖို႔ပဲ လိုပါတယ္ ကိုယ့္သားသမီးကို ကိုယ္ခ်စ္တယ္ဆိုရင္ ကိုယ္ေျခေထာက္ေပၚ ကိုယ္ရပ္တည္နိုင္ေအာင္ ေတြးေခၚေမၽွာ္ျမင္နိုင္ေအာင္ လုပ္ကိုင္ရွာေဖြစားေသာက္တတ္ေအာင္ ငယ္ငယ္ကတည္းက ေလ့က်င့္ပ်ိဳးေထာင္ေပးသင့္ပါတယ္။ သူတို႔ကို အႀကိမ္ႀကိမ္ အခါခါ တြန္းခ်ဖို႔ လိုအပ္ပါတယ္။# crdမူရင္းေရးသားသူ

သားသမီးေတြကို ခ်စ္တယ္ ခ်စ္တယ္ ဆိုၿပီးဟိုဟာမလုပ္နဲ႔ ဟိုနားမသြားနဲ႔ ဟိုလူနဲ႔မေပါင္းနဲ႔လုပ္ၿပီးကိုယ့္အနားမွာထားေနတာဟာ ကေလးအတြက္ သဘာဝအေလၽွာက္သင္ယူသင့္တာေတြကို ပိတ္ပင္ေနခ်င္းသာျဖစ္တဲ့မိဘမ်ိဳး မျဖစ္ပါေစနဲ႔။

လူေပါင္းစုံနဲ႔ေပါင္းတတ္ရမယ္အျဖစ္အပ်က္မ်ိဳးစုံပတ္ဝန္းက်င္မ်ိဳးစုံကိုထိေတြ႕ခံစားနိုင္ရမယ္အဆိုးအေကာင္းေတြအမ်ားႀကီးကို ျဖတ္သန္းရမယ္။

ဒီအေတြ႕အၾကဳံေတြကို ကေလးေတြကို ထိေတြ႕ခြင့္ေပးပါ။သူမ်ားေျပာျပလို႔ သိရတဲ့ အသိနဲ႔ ကိုယ္တိုင္ထိေတြ႕လို႔
ရခဲ့တဲ့ သင္ခန္းစာနဲ႔ မတူပါဘူး။

လင္းယုန္ငွက္လိုမိဘေတြျဖစ္ၾကပါေစ။#AungMinNaing