ၾကားသိသမွ်

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းယားလမ်းနေအိမ် NUG ရောင်းချဖို့ စီစဉ်”

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းယားလမ်းနေအိမ် NUG ရောင်းချဖို့ စီစဉ်”

နွေဦးတော်လှန်ရေးအပြီးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ မြေယာ၊ အိုးအိမ်နဲ့ တခြားပစ္စည်းတွေကို သိမ်းဆည်း ရောင်းချမှာဖြစ်ပြီး အဲဒီပစ္စည်းတွေကို အများပြည်သူတွေအနေနဲ့ ကြိုတင်ဝယ်ယူနိုင်အောင် အခုလာမယ့် မေလကစပြီး အစုရှယ်ယာတွေအဖြစ် ရောင်းချပေးသွားမှာဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။


“အင်တာဗျူး ကောက်နုတ်ချက်များ”
၁။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ မြေယာအိုးအိမ်ပိုင်ဆိုင်မှုတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက မတရားရယူထားတဲ့ မြေယာပစ္စည်းတွေကို NUG က တော်လှန်ရေးအပြီးမှာ ပြန်လည်သိမ်းဆည်းပြီး လေလံတင် ရောင်းချမှာဖြစ်တယ်။

၂။ အဆိုပါ ကာလတွင် သိမ်းဆည်းမည့် မြေယာပစ္စည်းတွေကို လက်ရှိပေါက်ဈေးရဲ့ ၇ဝ ရာခိုင်နှုန်းခန့် လျှော့ချပြီး တန်ဖိုးသတ်မှတ်ကာ အစုရှယ်ယာတွေအဖြစ် ရှေ့လမှာ စတင်ရောင်းချမယ်။ ဥပမာ လက်ရှိ တစ်သိန်းတန်ပစ္စည်းကို သုံးသောင်းခန့်နဲ့ ကြိုပွိုင့်အဖြစ် ရောင်းချမှာဖြစ်ပြီး တော်လှန်ရေးပြီးလို့ ဈေးပြိုင်စနစ်နဲ့ လေလံတင်တဲ့အခါ တစ်သိန်းခွဲရမည်ဆိုလျှင်လည်း လက်ရှိ သုံးသောင်းနဲ့ ဝယ်ယူထားသူအနေနဲ့ တစ်သိန်းခွဲရရှိမှာဖြစ်တယ်။

၃။ ကြိုပွိုင့်အဖြစ်ရောင်းချမယ့် ခြံမြေတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ရှိရယူထားတဲ့ မြေအကျယ်အဝန်း ၂ ဧက နီးပါးရှိ အင်းယားလမ်း ခြံနံပါတ် (၁၄) လည်းပါဝင်တယ်။ အဆိုပါခြံမြေကွက်နဲ့ အဆောက်အဦးဟာ လက်ရှိပေါက်ဈေးအရ အမေရိကန်ဒေါ်လာ သန်း ၃ဝ ခန့် တန်ဖိုးရှိတယ်။


၄။ ရန်ကုန်တိုင်းတစ်ခုတည်းမှာတင် NUG က ကြိုတင်ရောင်းချမယ့် အာဏာရှင်တွေပိုင် မြေယာဧက စုစုပေါင်း ၄ဝဝ ခန့်နဲ့ ခြံမြေအဆောက်အဦး ၄ဝ ခန့်ရှိတယ်။

၅။ အများပြည်သူတွေအနေနဲ့ အစုရှယ်ယာတွေကို ကန့်သတ်ချက်မရှိ ဝယ်ယူနိုင်မယ်။

၆။ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက မတရားရယူထားတဲ့ မြေယာတွေကိုလည်း နောင်တော်လှန်ရေးအပြီး တည်ဆောက်မယ့် ဖွံဖြိုးရေးစီမံကိန်းတွေအတွက် လုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ဝယ်ယူနိုင်ရန် ရောင်းချမယ်။

၇။ ၂ဝ၂၁ ခုနှစ် အာဏာာသိမ်းမှုမှာပါဝင်တဲ့ အာဏာာရှင်တွေရဲ့ ခြံမြေပိုင်ဆိုင်ပစ္စည်းတွေကိုသာ NUG က အခု သိမ်းယူမှာဖြစ်ပြီး ယခင်ခေတ်တွေက အာဏာသိမ်းခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရန် မူဝါဒ မရှိပါ။

၈။ စစ်တပ်အာဏာသိမ်းခြင်းရဲ့ အဓိကအချက်မှာ စစ်ခေါင်းဆောင်တွေအနေနဲ့ ရရှိမယ့် စည်းစိမ်ချမ်းသာတွေကို မက်မောတဲ့အတွက် ဖြစ်တယ်။ ဒီလိုလုပ်ဆောင်လို့ မရဘဲ မိမိတို့ ရှိပြီးသား ပိုင်ဆိုင်မှုတွေကိုပါ ဆုံးရှုံးရမယ်ဆိုတဲ့အချက်ကို ကမ္ဘာသမိုင်းမှာ စံနမူနာအဖြစ် တည်ရှိရေးအတွက် အခုလို သိမ်းဆည်းရောင်းချရန် NUG က ဆောင်ရွက်ခြင်း ဖြစ်တယ်။

၉။ အခုလို သိမ်းဆည်းပစ္စည်းများ၊ ရောင်းချရရှိငွေများကို နွေဦးတော်လှန်ရေးအတွက် အသက်ပေး၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ အိုးအိမ်တွေ ဖျက်ဆီးမီးရှို့ချေမှုန်းခံရတဲ့ ပြည်သူတွေ ပြန်လည်နလံထူရေးအတွက် သုံးစွဲမှာဖြစ်တယ်။ RFA

Zawgyi

“ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ အင္းယားလမ္းေနအိမ္ NUG ေရာင္းခ်ဖို႔ စီစဥ္”

ေႏြဦးေတာ္လွန္ေရးအၿပီးမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္အပါအဝင္ လက္ရွိ အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ေတြ ပိုင္ဆိုင္တဲ့ ေျမယာ၊ အိုးအိမ္နဲ႔ တျခားပစၥည္းေတြကို သိမ္းဆည္း ေရာင္းခ်မွာျဖစ္ၿပီး အဲဒီပစၥည္းေတြကို အမ်ားျပည္သူေတြအေနနဲ႔ ႀကိဳတင္ဝယ္ယူနိုင္ေအာင္ အခုလာမယ့္ ေမလကစၿပီး အစုရွယ္ယာေတြအျဖစ္ ေရာင္းခ်ေပးသြားမွာျဖစ္တယ္လို႔ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာနက ေျပာပါတယ္။

“အင္တာဗ်ဴး ေကာက္ႏုတ္ခ်က္မ်ား”
၁။ အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြရဲ့ ေျမယာအိုးအိမ္ပိုင္ဆိုင္မႈေတြနဲ႔ စစ္ေကာင္စီလက္ေအာက္ခံ ဝန္ႀကီးဌာနေတြက မတရားရယူထားတဲ့ ေျမယာပစၥည္းေတြကို NUG က ေတာ္လွန္ေရးအၿပီးမွာ ျပန္လည္သိမ္းဆည္းၿပီး ေလလံတင္ ေရာင္းခ်မွာျဖစ္တယ္။

၂။ အဆိုပါ ကာလတြင္ သိမ္းဆည္းမည့္ ေျမယာပစၥည္းေတြကို လက္ရွိေပါက္ေဈးရဲ့ ၇ဝ ရာခိုင္ႏႈန္းခန႔္ ေလၽွာ့ခ်ၿပီး တန္ဖိုးသတ္မွတ္ကာ အစုရွယ္ယာေတြအျဖစ္ ေရွ႕လမွာ စတင္ေရာင္းခ်မယ္။ ဥပမာ လက္ရွိ တစ္သိန္းတန္ပစၥည္းကို သုံးေသာင္းခန႔္နဲ႔ ႀကိဳပြိဳင့္အျဖစ္ ေရာင္းခ်မွာျဖစ္ၿပီး ေတာ္လွန္ေရးၿပီးလို႔ ေဈးၿပိဳင္စနစ္နဲ႔ ေလလံတင္တဲ့အခါ တစ္သိန္းခြဲရမည္ဆိုလၽွင္လည္း လက္ရွိ သုံးေသာင္းနဲ႔ ဝယ္ယူထားသူအေနနဲ႔ တစ္သိန္းခြဲရရွိမွာျဖစ္တယ္။

၃။ ႀကိဳပြိဳင့္အျဖစ္ေရာင္းခ်မယ့္ ၿခံေျမေတြထဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ လက္ရွိရယူထားတဲ့ ေျမအက်ယ္အဝန္း ၂ ဧက နီးပါးရွိ အင္းယားလမ္း ၿခံနံပါတ္ (၁၄) လည္းပါဝင္တယ္။ အဆိုပါၿခံေျမကြက္နဲ႔ အေဆာက္အဦးဟာ လက္ရွိေပါက္ေဈးအရ အေမရိကန္ေဒၚလာ သန္း ၃ဝ ခန႔္ တန္ဖိုးရွိတယ္။

၄။ ရန္ကုန္တိုင္းတစ္ခုတည္းမွာတင္ NUG က ႀကိဳတင္ေရာင္းခ်မယ့္ အာဏာရွင္ေတြပိုင္ ေျမယာဧက စုစုေပါင္း ၄ဝဝ ခန႔္နဲ႔ ၿခံေျမအေဆာက္အဦး ၄ဝ ခန႔္ရွိတယ္။

၅။ အမ်ားျပည္သူေတြအေနနဲ႔ အစုရွယ္ယာေတြကို ကန႔္သတ္ခ်က္မရွိ ဝယ္ယူနိုင္မယ္။

၆။ စစ္ေကာင္စီလက္ေအာက္ခံ ဝန္ႀကီးဌာနေတြက မတရားရယူထားတဲ့ ေျမယာေတြကိုလည္း ေနာင္ေတာ္လွန္ေရးအၿပီး တည္ေဆာက္မယ့္ ဖြံၿဖိဳးေရးစီမံကိန္းေတြအတြက္ လုပ္ငန္းရွင္ေတြအေနနဲ႔ ႀကိဳတင္ဝယ္ယူနိုင္ရန္ ေရာင္းခ်မယ္။

၇။ ၂ဝ၂၁ ခုႏွစ္ အာဏာာသိမ္းမႈမွာပါဝင္တဲ့ အာဏာာရွင္ေတြရဲ့ ၿခံေျမပိုင္ဆိုင္ပစၥည္းေတြကိုသာ NUG က အခု သိမ္းယူမွာျဖစ္ၿပီး ယခင္ေခတ္ေတြက အာဏာသိမ္းေခါင္းေဆာင္ေတြရဲ့ ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းရန္ မူဝါဒ မရွိပါ။

၈။ စစ္တပ္အာဏာသိမ္းျခင္းရဲ့ အဓိကအခ်က္မွာ စစ္ေခါင္းေဆာင္ေတြအေနနဲ႔ ရရွိမယ့္ စည္းစိမ္ခ်မ္းသာေတြကို မက္ေမာတဲ့အတြက္ ျဖစ္တယ္။ ဒီလိုလုပ္ေဆာင္လို႔ မရဘဲ မိမိတို႔ ရွိၿပီးသား ပိုင္ဆိုင္မႈေတြကိုပါ ဆုံးရႈံးရမယ္ဆိုတဲ့အခ်က္ကို ကမၻာသမိုင္းမွာ စံနမူနာအျဖစ္ တည္ရွိေရးအတြက္ အခုလို သိမ္းဆည္းေရာင္းခ်ရန္ NUG က ေဆာင္ရြက္ျခင္း ျဖစ္တယ္။

၉။ အခုလို သိမ္းဆည္းပစၥည္းမ်ား၊ ေရာင္းခ်ရရွိေငြမ်ားကို ေႏြဦးေတာ္လွန္ေရးအတြက္ အသက္ေပး၊ ဖမ္းဆီးညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရသူေတြ၊ CDM ဝန္ထမ္းေတြနဲ႔ အိုးအိမ္ေတြ ဖ်က္ဆီးမီးရွို႔ေခ်မႈန္းခံရတဲ့ ျပည္သူေတြ ျပန္လည္နလံထူေရးအတြက္ သုံးစြဲမွာျဖစ္တယ္။RFA