ၾကားသိသမွ်

ပြည့်အင်အားသည် ထီးလင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင်တွင်ရှိ၏

ပြည့်အင်အားသည် ထီးလင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင်တွင်ရှိ၏

မြန်မာပြည်မှာ လက်နက်ကိုင်သူပုန်များစွာ ၂၀၂၁ မတိုင်မှီက ရှိခဲ့ပါတယ်။ သူတို့နယ်မြေတွေမှာ စိုးမိုးနိုင်ပေမယ့် ရန်ကုန်ကို လာမထိနိုင်ခဲ့ပါ။ သူတို့နယ်မြေမှာလဲ တရုတ်အကျိုးစီးပွါးကို မထိရဲခဲ့ပါ။ ဒါကဘယ်အဖွဲ့ကိုမှ နှိမ်ပြောတာမဟုတ်ဘဲ သမိုင်းအထောက်အထားအနေနဲ့ ပြောပြတာပါ။

ဒီအချိန်မှာ စာရေးသူက PDF နိုင်တယ်ပြောနိုင်သလို မအလဘောမဂျာနယ်တွေ ဘောမတွေကလဲ မအလက နိုင်တယ်လို့ ပြောမှာပါ။ ဒီနေရာမှာ သင်ဟာဗုဒ္ဓဘာသာဆိုရင် ဘုရားဟောခဲ့သလို သူများပြောတာနဲ့မယုံဘဲ မိမိဖာသာ လေ့လာပြီး ဘယ်သူပြောတာအမှန်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ သိပ္ပံပညာသမားဆိုလဲ အထောက်အထားနဲ့မှ ယုံမှာပါ။ ဒီနေရာမှာ လေယာဉ်ပစ်လက်နက်မရသေးတာ လူတိုင်းသေနတ်မရသေးတာကို တွေးမပူဘဲ စာရေးသူတို့ သေနတ်လုံးဝမရှိဘဲ ခဲတံနဲ့စခဲ့တဲ့ တော်လှန်ရေးဆိုတာ မမေ့သင့်ပါ။

စာရေးသူတို့ရဲ့ တော်လှန်ရေးအစပိုင်းမှာ အမေရိကန်၊ အင်္ဂလိပ်နဲ့ NATO နေတိုးကို မျှော်ခဲ့ကြပါတယ်။ အမေရိကန်သင်္ဘောရောက်နေပြီပေါ့။ နေတိုးဟာ မင်းသားနေတိုးလိုဘဲ နှင်းဆီအငြိမ့်ကတာကလွဲရင် ဘာမှမကူခဲ့ပါ။ ဘိုင်ဒင်ဟ,လဲ မင်းသားနေတိုးလိုပါဘဲ။ နောက် NUG အစိုးရအဖွဲ့ထဲက အချို့ကလဲ အမေရိကန်က မအလကရိုဟင်ဂျာကို လူမျိုးတုန်းသတ်တာ ကြေညာချိန်မှာ ရင်ခုန်ခဲ့ကြပါတယ်။ အချို့ကဆို ငါကအရင်ကထဲကပြောတာ ဘာညာဆိုပြီး ဂုဏ်ယူကြပါတယ်။ အမေရိကန်က ကြေညာပေမယ့် လက်နက်တော့စာရေးသူတို့ကို ယူကရိန်းလို မထောက်ပံ့ပါ။

ဒီလိုအခြေအနေမှာ ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံတွေကလဲ မထောက်ပံ့လို့ စာရေးသူတို့တော်လှန်ရေးဟာ အောင်မြင်ဖို့ခက်တယ်လို့ ထင်ရမှာပါ။

စာရေးသူတို့ တော်လှန်ရေးအစပိုင်းမှာက တူမီးနဲ့ခံချတာ မိုင်းဆွဲတာသာ အဓိကလုပ်နိုင်ခဲ့ပါတယ်။ ကယားမှာ ရဲစခန်းဝင်သိမ်းချိန်မှာ မအလတို့က ဒါဟာကယားသူပုန်ကကူလို့ဆိုပြီး သူတို့ရှုံးတာကို ပေါ့အောင်လုပ်ပြောကြပါတယ်။ ပင်လည်ဘူးမှာ ဝင်အသိမ်းခံရတော့လဲ ဒါက KIA ပါလို့ဆိုပြီး အရှက်ပြေပြောခဲ့ပါတယ်။ ပုံမှန်မှာ KIA သာ သူ့ဖာသာတိုက်နိုင်နေရင် ၂၀၂၁ မတိုင်ခင်ထဲက ပင်လည်ဘူးကို ဝင်တိုက်မှာပါ။ ယခု KIA က ပါနိုင်ပေမယ့် အဓိကတိုက်သွားတာက PDF ဆိုတာ မမေ့ပါနဲ့။ ဒါပေမယ့် ထီးလင်းမှာ ရဲစခန်းကိုဝင်စီးသွားတာက ဒေသခံ PDF တွေဆိုတာ မအလဘောမတွေတောင် လက်ခံလာနေရပါပြီ။ လက်နက်တွေလဲ အများကြီးရခဲ့ပါတယ်။ မင်းတို့က ရဲစခန်းကိုသာ တိုက်တာပါလို့ပြောရင် AA လဲ ရဲစခန်းကိုတိုက်တာက စခဲ့တာပါလို့ပြောပါရစေ။

မနေ့ကဆိုရင် ရွှေဘိုဆိပ်ခွန်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ပစ်တဲ့အထိ PDF တွေက မအလတပ်ကို ယခင်ကလို မရှောင်တော့ဘဲ ထိပ်တိုက်တွေ့လာတာတွေ့ရပါတယ်။

ယခုနောက်ဆုံးအကြိုက်ဆုံးကတော့ ဘယ်အဖွဲ့မှ စိန်မခေါ်ရဲတဲ့ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုကို ဆားလင်းကြီးနဲ့ ယင်းမာပင်က စာထုတ်ပြီး ဒဲ့စိန်ခေါ်လိုက်တာပါ။ သူတို့စာထုတ်အပြီး နမခနဲ့ မြောက်ပိုင်းတိုင်းမှာ တရုတ်စီမံကိန်းတွေကို လုံခြုံရေးတိုးမြှင့်ဖို့ အစည်းအဝေးတွေ စလုပ်နေရပါပြီ။ ဒီအကွက်က အင်မတန်လှပြီး စာရေးသူတို့အတွက် အရှုံးမရှိတဲ့အကွက်ပါ။ ဒီနည်းကသာ တရုတ်အနေနဲ့ NUG ကိုတွေ့ပြီး အခွန်ဆောင် အသိအမှတ်ပြု ဖြေရှင်းမလား မအလကိုမြှောက်ပေးပြီးဖြေရှင်းမလား ယူကရိန်းကို ဝင်တိုက်သလို ဝင်တိုက်ပြီးရှင်းမလား ဆုံးဖြတ်ရမှာပါ။ စာရေးသူတို့က တရုတ်ဘာလုပ်လုပ် အရှုံးမရှိနိုင်ပါ။ NUG နဲ့လာတွေ့ပြီး အခွန်ဆောင်ရင် စာရေးသူတို မြတ်သလို မအလကိုမြှောက်ပေးရင်လဲ မအလဟာတရုတ်လူဖြစ်သွားလို့ စာရေးသူတို့အတွက် အနောက်အုပ်စုထံက လက်နက်ရဖို့ နီးစပ်သွားမှာပါ။ မြန်မာပြည်ထဲကို တရုတ်တပ်ဝင်ချလာရင်တော့ ယူကရိန်းထက်တောင် လက်နက်မြန်မြန်ရသွားမှာပါ။

ဆားလင်းကြီး၊ ထီးလင်းနဲ့ ယင်းမာပင်ကိုကြိုက်တာက တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်လာတာပါ။ အရေးကြီးတာက တော်လှန်ရေးကာလမှာ ဘယ်သတင်းဌာနက ဘာဝေဖန်မလဲ ဘယ်လူ့အခွင့်အရေးအဖွဲ့က ဘာဝေဖန်မလဲ ဘယ်နိုင်ငံကြီးက ငြိုငြင်မလဲ သိပ်မစဉ်းစားဘဲ လုပ်သင့်တာကို လုပ်နေတာပါ။ သတင်းဌာနတွေ လူ့အခွင့်အရေးအဖွဲ့တွေက သူတို့အလုပ်သူတို့လုပ်သလို စာရေးသူတို့ကလဲ တော်လှန်ရေးကို တော်လှန်ရေးလို ဆက်လုပ်ရမှာပါ။ သူတို့က သတင်းဌာနတွေနဲ့လဲ အင်တာဗျူးတွေသိပ်မပေး အာမခြောင်ဘဲ ကိုင်နေတာပါ။

ဒါကြောင့်မိုလို့ ပြည့်အင်အားက ထီးလင်း၊ ဆားလင်းကြီး၊ ယင်းမာပင်နှင့် စစ်ကိုင်း မကွေးတွင်ရှိသည်လို့ ပြောပါရစေ။ ကျန်ဒေသမှာလဲ ပြည့်အင်အားရှိပါတယ်။ ဒါပေမယ့် စစ်ကိုင်းက တရုတ်စီမံကိန်းကို တိုက်ရိုက်စိန်ခေါ်လိုက်လို့ပါ။Myat Tun Oo

Zawgyi

ျပည့္အင္အားသည္ ထီးလင္း၊ ဆားလင္းႀကီးႏွင့္ ယင္းမာပင္တြင္ရွိ၏

ျမန္မာျပည္မွာ လက္နက္ကိုင္သူပုန္မ်ားစြာ ၂၀၂၁ မတိုင္မွီက ရွိခဲ့ပါတယ္။ သူတို႔နယ္ေျမေတြမွာ စိုးမိုးနိုင္ေပမယ့္ ရန္ကုန္ကို လာမထိနိုင္ခဲ့ပါ။ သူတို႔နယ္ေျမမွာလဲ တ႐ုတ္အက်ိဳးစီးပြါးကို မထိရဲခဲ့ပါ။ ဒါကဘယ္အဖြဲ႕ကိုမွ ႏွိမ္ေျပာတာမဟုတ္ဘဲ သမိုင္းအေထာက္အထားအေနနဲ႔ ေျပာျပတာပါ။

ဒီအခ်ိန္မွာ စာေရးသူက PDF နိုင္တယ္ေျပာနိုင္သလို မအလေဘာမဂ်ာနယ္ေတြ ေဘာမေတြကလဲ မအလက နိုင္တယ္လို႔ ေျပာမွာပါ။ ဒီေနရာမွာ သင္ဟာဗုဒၶဘာသာဆိုရင္ ဘုရားေဟာခဲ့သလို သူမ်ားေျပာတာနဲ႔မယုံဘဲ မိမိဖာသာ ေလ့လာၿပီး ဘယ္သူေျပာတာအမွန္ဆိုတာ ဆုံးျဖတ္နိုင္ပါတယ္။ သိပၸံပညာသမားဆိုလဲ အေထာက္အထားနဲ႔မွ ယုံမွာပါ။ ဒီေနရာမွာ ေလယာဥ္ပစ္လက္နက္မရေသးတာ လူတိုင္းေသနတ္မရေသးတာကို ေတြးမပူဘဲ စာေရးသူတို႔ ေသနတ္လုံးဝမရွိဘဲ ခဲတံနဲ႔စခဲ့တဲ့ ေတာ္လွန္ေရးဆိုတာ မေမ့သင့္ပါ။

စာေရးသူတို႔ရဲ့ ေတာ္လွန္ေရးအစပိုင္းမွာ အေမရိကန္၊ အဂၤလိပ္နဲ႔ NATO ေနတိုးကို ေမၽွာ္ခဲ့ၾကပါတယ္။ အေမရိကန္သေဘၤာေရာက္ေနၿပီေပါ့။ ေနတိုးဟာ မင္းသားေနတိုးလိုဘဲ ႏွင္းဆီအၿငိမ့္ကတာကလြဲရင္ ဘာမွမကူခဲ့ပါ။ ဘိုင္ဒင္ဟ,လဲ မင္းသားေနတိုးလိုပါဘဲ။ ေနာက္ NUG အစိုးရအဖြဲ႕ထဲက အခ်ိဳ႕ကလဲ အေမရိကန္က မအလကရိုဟင္ဂ်ာကို လူမ်ိဳးတုန္းသတ္တာ ေၾကညာခ်ိန္မွာ ရင္ခုန္ခဲ့ၾကပါတယ္။ အခ်ိဳ႕ကဆို ငါကအရင္ကထဲကေျပာတာ ဘာညာဆိုၿပီး ဂုဏ္ယူၾကပါတယ္။ အေမရိကန္က ေၾကညာေပမယ့္ လက္နက္ေတာ့စာေရးသူတို႔ကို ယူကရိန္းလို မေထာက္ပံ့ပါ။

ဒီလိုအေျခအေနမွာ ပတ္ဝန္းက်င္အိမ္နီးခ်င္းနိုင္ငံေတြကလဲ မေထာက္ပံ့လို႔ စာေရးသူတို႔ေတာ္လွန္ေရးဟာ ေအာင္ျမင္ဖို႔ခက္တယ္လို႔ ထင္ရမွာပါ။

စာေရးသူတို႔ ေတာ္လွန္ေရးအစပိုင္းမွာက တူမီးနဲ႔ခံခ်တာ မိုင္းဆြဲတာသာ အဓိကလုပ္နိုင္ခဲ့ပါတယ္။ ကယားမွာ ရဲစခန္းဝင္သိမ္းခ်ိန္မွာ မအလတို႔က ဒါဟာကယားသူပုန္ကကူလို႔ဆိုၿပီး သူတို႔ရႈံးတာကို ေပါ့ေအာင္လုပ္ေျပာၾကပါတယ္။ ပင္လည္ဘူးမွာ ဝင္အသိမ္းခံရေတာ့လဲ ဒါက KIA ပါလို႔ဆိုၿပီး အရွက္ေျပေျပာခဲ့ပါတယ္။ ပုံမွန္မွာ KIA သာ သူ႔ဖာသာတိုက္နိုင္ေနရင္ ၂၀၂၁ မတိုင္ခင္ထဲက ပင္လည္ဘူးကို ဝင္တိုက္မွာပါ။ ယခု KIA က ပါနိုင္ေပမယ့္ အဓိကတိုက္သြားတာက PDF ဆိုတာ မေမ့ပါနဲ႔။ ဒါေပမယ့္ ထီးလင္းမွာ ရဲစခန္းကိုဝင္စီးသြားတာက ေဒသခံ PDF ေတြဆိုတာ မအလေဘာမေတြေတာင္ လက္ခံလာေနရပါၿပီ။ လက္နက္ေတြလဲ အမ်ားႀကီးရခဲ့ပါတယ္။ မင္းတို႔က ရဲစခန္းကိုသာ တိုက္တာပါလို႔ေျပာရင္ AA လဲ ရဲစခန္းကိုတိုက္တာက စခဲ့တာပါလို႔ေျပာပါရေစ။

မေန႔ကဆိုရင္ ေရႊဘိုဆိပ္ခြန္ရြာမွာ တပ္စြဲထားတဲ့ စစ္တပ္ကို ဝင္ပစ္တဲ့အထိ PDF ေတြက မအလတပ္ကို ယခင္ကလို မေရွာင္ေတာ့ဘဲ ထိပ္တိုက္ေတြ႕လာတာေတြ႕ရပါတယ္။

ယခုေနာက္ဆုံးအႀကိဳက္ဆုံးကေတာ့ ဘယ္အဖြဲ႕မွ စိန္မေခၚရဲတဲ့ တ႐ုတ္ရဲ့ ရင္းႏွီးျမဳပ္ႏွံမႈကို ဆားလင္းႀကီးနဲ႔ ယင္းမာပင္က စာထုတ္ၿပီး ဒဲ့စိန္ေခၚလိုက္တာပါ။ သူတို႔စာထုတ္အၿပီး နမခနဲ႔ ေျမာက္ပိုင္းတိုင္းမွာ တ႐ုတ္စီမံကိန္းေတြကို လုံျခဳံေရးတိုးျမႇင့္ဖို႔ အစည္းအေဝးေတြ စလုပ္ေနရပါၿပီ။ ဒီအကြက္က အင္မတန္လွၿပီး စာေရးသူတို႔အတြက္ အရႈံးမရွိတဲ့အကြက္ပါ။ ဒီနည္းကသာ တ႐ုတ္အေနနဲ႔ NUG ကိုေတြ႕ၿပီး အခြန္ေဆာင္ အသိအမွတ္ျပဳ ေျဖရွင္းမလား မအလကိုေျမႇာက္ေပးၿပီးေျဖရွင္းမလား ယူကရိန္းကို ဝင္တိုက္သလို ဝင္တိုက္ၿပီးရွင္းမလား ဆုံးျဖတ္ရမွာပါ။ စာေရးသူတို႔က တ႐ုတ္ဘာလုပ္လုပ္ အရႈံးမရွိနိုင္ပါ။ NUG နဲ႔လာေတြ႕ၿပီး အခြန္ေဆာင္ရင္ စာေရးသူတို ျမတ္သလို မအလကိုေျမႇာက္ေပးရင္လဲ မအလဟာတ႐ုတ္လူျဖစ္သြားလို႔ စာေရးသူတို႔အတြက္ အေနာက္အုပ္စုထံက လက္နက္ရဖို႔ နီးစပ္သြားမွာပါ။ ျမန္မာျပည္ထဲကို တ႐ုတ္တပ္ဝင္ခ်လာရင္ေတာ့ ယူကရိန္းထက္ေတာင္ လက္နက္ျမန္ျမန္ရသြားမွာပါ။

ဆားလင္းႀကီး၊ ထီးလင္းနဲ႔ ယင္းမာပင္ကိုႀကိဳက္တာက ေတာ္လွန္ေရးကို ေတာ္လွန္ေရးနဲ႔တူေအာင္ လုပ္လာတာပါ။ အေရးႀကီးတာက ေတာ္လွန္ေရးကာလမွာ ဘယ္သတင္းဌာနက ဘာေဝဖန္မလဲ ဘယ္လူ႔အခြင့္အေရးအဖြဲ႕က ဘာေဝဖန္မလဲ ဘယ္နိုင္ငံႀကီးက ၿငိဳျငင္မလဲ သိပ္မစဥ္းစားဘဲ လုပ္သင့္တာကို လုပ္ေနတာပါ။ သတင္းဌာနေတြ လူ႔အခြင့္အေရးအဖြဲ႕ေတြက သူတို႔အလုပ္သူတို႔လုပ္သလို စာေရးသူတို႔ကလဲ ေတာ္လွန္ေရးကို ေတာ္လွန္ေရးလို ဆက္လုပ္ရမွာပါ။ သူတို႔က သတင္းဌာနေတြနဲ႔လဲ အင္တာဗ်ဴးေတြသိပ္မေပး အာမေျခာင္ဘဲ ကိုင္ေနတာပါ။

ဒါေၾကာင့္မိုလို႔ ျပည့္အင္အားက ထီးလင္း၊ ဆားလင္းႀကီး၊ ယင္းမာပင္ႏွင့္ စစ္ကိုင္း မေကြးတြင္ရွိသည္လို႔ ေျပာပါရေစ။ က်န္ေဒသမွာလဲ ျပည့္အင္အားရွိပါတယ္။ ဒါေပမယ့္ စစ္ကိုင္းက တ႐ုတ္စီမံကိန္းကို တိုက္ရိုက္စိန္ေခၚလိုက္လို႔ပါ။Myat Tun Oo