ၾကားသိသမွ်

ဓာတ်ဆီကိစ္စနှင့် နေပြည်တော်အစိုးရ ဖြစ်လာနိုင်တဲ့ စစ်ကောင်စီ

ဓာတ်ဆီကိစ္စနှင့် နေပြည်တော်အစိုးရ ဖြစ်လာနိုင်တဲ့ စစ်ကောင်စီ

စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကို တိုက်ထုတ်နိုင်ဖို့ မီလီယံချီတဲ့ ဒေါ်လာငွေတွေနဲ့ NUG ကို ကူညီနေကြတယ်လို့ စထရေ့တိုင်မ်း သတင်းဌာနက တင်ပြထားပါတယ် .။ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေသူတွေဟာ နွေဦးတော်လှန်ရေးအတွက် အလွန် စိတ်ဓာတ်တက်ကြွသူတွေပါ ။ ဒီအခြေအနေတွေကို သိတဲ့ စစ်ကောင်စီဟာ ဒီရက်ပိုင်းမှာ ပြည်ဝင်ခွင့် စည်းကမ်းအသစ်တွေ ချမှတ်လိုက်ပါတယ် ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကတော့ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး ။

နောက်သတင်းတစ်ခုကတော့ လတ်တလော ပြတ်လပ်နေတဲ့ လောင်စာစီ အခက်အခဲတွေကို နိုင်ငံတကာသတင်းဌာနတွေက မေးမြန်းတာကို စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ် ။


ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ပြတ်လပ်နေတာဟာ ကောလာဟလတွေသာ ဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ခဲ့ပါတယ် ။ ဓာတ်ဆီတစ်လီတာကို မြန်မာကျပ်ငွေ ၁၉ ၇၅ ကျပ်နဲ့ ဝယ်ယူနိုင်တဲ့ ပမာဏကို ကန့်သတ်ထားတယ်လို့ ရန်ကုန်မြို့က ဓာတ်ဆီဆိုင်အချို့က ပြောပါတယ် ။ လျှတ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြတ်လပ်မှု့မရှိဘူးလို့ ငြင်းဆိုပါတယ် ။ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေပါလို့ ဖြေကြားထားပါတယ် ။

ရန်ကုန်အခြေစိုက် ဆက်သုံးဆီကုမ္မဏီတစ်ခုကတော့ ဒေါ်လာငွေကို အကန့်အသတ်နဲ့သာ ကိုင်ခွင့်ရှိပြီး နိုင်ငံခြားကို ငွေပို့ဖို့ ခက်ခဲတဲ့အကြောင်း ၊ အစိုးရငွေလဲနှုန်းက ၁၈၅၀ ကျပ်ဖြစ်ပြီး ၊ ပြင်ပမှာတော့ တစ်ဒေါ်လာကို ကျပ်ငွေ နှစ်ထောင်ကျော်နေတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ ပြောပြထားပါတယ် ။ ရန်ကုန်ဆိပ်ကမ်းမှာ နိုင်ငံခြားဆီတင်သင်္ဘောကြီး ၂ စီး ဆိုက်ကပ်ထားပြီး ဘာ့ကြောင့်ဆီမချသေးဘူးဆိုတာတော့ သူကိုယ်တိုင်လည်း မသိပါဘူးလို့ ပြောပါတယ် ။


သုံးသပ်ရရင်တော့ ဆက်သုံးဆီပြဿနာက မုန့်လုံးစက္ကူကပ်သလို မလိမ့်တပတ်တွေလုပ်နေတယ်လို့ မြင်ပါတယ် ။ ဆက်သုံးဆီကို လိုသလောက်မရောင်းပဲ ကူးသန်းသွားလာမှု့တွေ ဖြတ်တောင်နေတယ်လို့ ယူဆရပါတယ် ။ မီးမလာတဲ့ မြို့တွေ ၊ ဒီရက်ပိုင်းမှာ ရေပေးတဲ့မြို့တွေ ရှိနေတဲ့အတွက် PDF တွေကို ပြည်သူတွေဒေါကန်လာအောင် အစွမ်းကုန် ညစ်နေတာပါ ။

UN. ကားတစ်စီး ဓာတ်ဆီလာဝယ်တဲ့ဓာတ်ပုံ တွေ့လိုက်ပါတယ် ။ အခြေအနေလာကြည့်တာပါ ။ UN အတွက် ဓာတ်ဆီတကယ်ပြတ်ခဲ့ရင် အချိန်မရွေး ကာဂိုလေယာဉ်နဲ့ ပို့လို့ရပါတယ် ။ ယိုးဒယားနဲ့ ဘင်္ဂလားဘက်ကနေ ဆီဘောက်ဆာ ဝင်လို့ရပါတယ် ။

ဆိုရရင် …၊ မြေပြင်အခြေအနေက စစ်ကောင်စီအတွက် တော်တော်လေး အကျပ်ရိုက်နေစေပါတယ် ။ PDF တွေ သိသိသာသာ အားကောင်းလာပါတယ် ။ ငုပ်လျှိူးနေတဲ့ NUG တာဝန်ရှိသူတွေဟာ လူမြင်ကွင်းကို ရောက်လာပြီး ပ်ြည်သူနဲ့တစ်သားတည်း လို့ ပြသလာပါတယ် ။ ရန်ကုန်လိုမြို့ကြီးမှာ စစ်ကောင်စီလက်အောက်ခံ မိသားစုဝင်တွေအတွက် မလုံခြုံတော့ပါဘူး ။ ပြည်တွင်းသတင်းတွေအရ ရန်ကုန်က စစ်ကောင်စီလက်နက်ကိုင် မိသားစုတွေ နေပြည်တော်ကို ပြောင်းနေကြတယ်လို့ ကြားရပါတယ် ။ မကြာမီအချိန်မှာ ”

နေပြည်တော်အစိုးရ ” အဖြစ်နဲ့ ကျဉ်းကျပ်လာတော့မယ်လို့ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA
20 April, 2022

ဓာတ္ဆီကိစၥႏွင့္ ေနျပည္ေတာ္အစိုးရ ျဖစ္လာနိုင္တဲ့ စစ္ေကာင္စီ

စကၤာပူေရာက္ ျမန္မာနိုင္ငံသားေတြဟာ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြကို တိုက္ထုတ္နိုင္ဖို႔ မီလီယံခ်ီတဲ့ ေဒၚလာေငြေတြနဲ႔ NUG ကို ကူညီေနၾကတယ္လို႔ စထေရ့တိုင္မ္း သတင္းဌာနက တင္ျပထားပါတယ္ .။ စကၤာပူနိုင္ငံမွာ အလုပ္လုပ္ေနသူေတြဟာ ေႏြဦးေတာ္လွန္ေရးအတြက္ အလြန္ စိတ္ဓာတ္တက္ႂကြသူေတြပါ ။ ဒီအေျခအေနေတြကို သိတဲ့ စစ္ေကာင္စီဟာ ဒီရက္ပိုင္းမွာ ျပည္ဝင္ခြင့္ စည္းကမ္းအသစ္ေတြ ခ်မွတ္လိုက္ပါတယ္ ။ ျပည္ပေရာက္ ျမန္မာနိုင္ငံသားေတြကေတာ့ ေနာက္ဆုတ္သြားမွာ မဟုတ္ပါဘူး ။

ေနာက္သတင္းတစ္ခုကေတာ့ လတ္တေလာ ျပတ္လပ္ေနတဲ့ ေလာင္စာစီ အခက္အခဲေတြကို နိုင္ငံတကာသတင္းဌာနေတြက ေမးျမန္းတာကို စစ္ေကာင္စီဘက္က ျငင္းဆိုထားပါတယ္ ။

ဓာတ္ဆီနဲ႔ ဒီဇယ္ဆီ ျပတ္လပ္ေနတာဟာ ေကာလာဟလေတြသာ ျဖစ္တယ္လို႔ စစ္ေကာင္စီက တုံ႔ျပန္ခဲ့ပါတယ္ ။ ဓာတ္ဆီတစ္လီတာကို ျမန္မာက်ပ္ေငြ ၁၉ ၇၅ က်ပ္နဲ႔ ဝယ္ယူနိုင္တဲ့ ပမာဏကို ကန္႔သတ္ထားတယ္လို႔ ရန္ကုန္ၿမိဳ႕က ဓာတ္ဆီဆိုင္အခ်ိဳ႕က ေျပာပါတယ္ ။ လၽွတ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ျပတ္လပ္မႈ႔မရွိဘူးလို႔ ျငင္းဆိုပါတယ္ ။ အေျခအျမစ္မရွိတဲ့ ေကာလာဟလေတြပါလို႔ ေျဖၾကားထားပါတယ္ ။

ရန္ကုန္အေျခစိုက္ ဆက္သုံးဆီကုမၼဏီတစ္ခုကေတာ့ ေဒၚလာေငြကို အကန္႔အသတ္နဲ႔သာ ကိုင္ခြင့္ရွိၿပီး နိုင္ငံျခားကို ေငြပို႔ဖို႔ ခက္ခဲတဲ့အေၾကာင္း ၊ အစိုးရေငြလဲႏႈန္းက ၁၈၅၀ က်ပ္ျဖစ္ၿပီး ၊ ျပင္ပမွာေတာ့ တစ္ေဒၚလာကို က်ပ္ေငြ ႏွစ္ေထာင္ေက်ာ္ေနတဲ့အတြက္ အခက္အခဲေတြရွိတယ္လို႔ ေျပာျပထားပါတယ္ ။ ရန္ကုန္ဆိပ္ကမ္းမွာ နိုင္ငံျခားဆီတင္သေဘၤာႀကီး ၂ စီး ဆိုက္ကပ္ထားၿပီး ဘာ့ေၾကာင့္ဆီမခ်ေသးဘူးဆိုတာေတာ့ သူကိုယ္တိုင္လည္း မသိပါဘူးလို႔ ေျပာပါတယ္ ။

သုံးသပ္ရရင္ေတာ့ ဆက္သုံးဆီျပႆနာက မုန္႔လုံးစကၠဴကပ္သလို မလိမ့္တပတ္ေတြလုပ္ေနတယ္လို႔ ျမင္ပါတယ္ ။ ဆက္သုံးဆီကို လိုသေလာက္မေရာင္းပဲ ကူးသန္းသြားလာမႈ႔ေတြ ျဖတ္ေတာင္ေနတယ္လို႔ ယူဆရပါတယ္ ။ မီးမလာတဲ့ ၿမိဳ႕ေတြ ၊ ဒီရက္ပိုင္းမွာ ေရေပးတဲ့ၿမိဳ႕ေတြ ရွိေနတဲ့အတြက္ PDF ေတြကို ျပည္သူေတြေဒါကန္လာေအာင္ အစြမ္းကုန္ ညစ္ေနတာပါ ။

UN. ကားတစ္စီး ဓာတ္ဆီလာဝယ္တဲ့ဓာတ္ပုံ ေတြ႕လိုက္ပါတယ္ ။ အေျခအေနလာၾကည့္တာပါ ။ UN အတြက္ ဓာတ္ဆီတကယ္ျပတ္ခဲ့ရင္ အခ်ိန္မေရြး ကာဂိုေလယာဥ္နဲ႔ ပို႔လို႔ရပါတယ္ ။ ယိုးဒယားနဲ႔ ဘဂၤလားဘက္ကေန ဆီေဘာက္ဆာ ဝင္လို႔ရပါတယ္ ။

ဆိုရရင္ …၊ ေျမျပင္အေျခအေနက စစ္ေကာင္စီအတြက္ ေတာ္ေတာ္ေလး အက်ပ္ရိုက္ေနေစပါတယ္ ။ PDF ေတြ သိသိသာသာ အားေကာင္းလာပါတယ္ ။ ငုပ္လၽွိဴးေနတဲ့ NUG တာဝန္ရွိသူေတြဟာ လူျမင္ကြင္းကို ေရာက္လာၿပီး ပ္ျည္သူနဲ႔တစ္သားတည္း လို႔ ျပသလာပါတယ္ ။ ရန္ကုန္လိုၿမိဳ႕ႀကီးမွာ စစ္ေကာင္စီလက္ေအာက္ခံ မိသားစုဝင္ေတြအတြက္ မလုံျခဳံေတာ့ပါဘူး ။ ျပည္တြင္းသတင္းေတြအရ ရန္ကုန္က စစ္ေကာင္စီလက္နက္ကိုင္ မိသားစုေတြ ေနျပည္ေတာ္ကို ေျပာင္းေနၾကတယ္လို႔ ၾကားရပါတယ္ ။

မၾကာမီအခ်ိန္မွာ ” ေနျပည္ေတာ္အစိုးရ ” အျဖစ္နဲ႔ က်ဥ္းက်ပ္လာေတာ့မယ္လို႔ သုံးသပ္ခ်င္ပါတယ္ ။

ဘႀကီးေအာင္ LA
20 April, 2022