ၾကားသိသမွ်

NLDမန်းခရိုင် ဒု-ဥက္ကဌ ဦးကိုကိုလေး ရှောင်တိမ်း‌နေရင်း ကွယ်လွန်

NLDမန်းခရိုင် ဒု-ဥက္ကဌ ဦးကိုကိုလေး ရှောင်တိမ်း‌နေရင်း ကွယ်လွန်

ဧပြီ၂၁၊၂၀၂၂

ဒီနေ့ ဧပြီ၂၁ရက် မနက်၆နာရီခန့်က NLDမန်းခရိုင် ဒု-ဥက္ကဌ ဦးကိုကိုလေး ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယဖက်မှာ စစ်ကောင်စီရဲ့

ဖမ်းဆီးမှုကိုရှောင်တိမ်းနေရင်း ဦးနှောက်သွေးကြောပြတ် ကွယ်လွန်သွားတယ်လို့ သတင်းရရှိပါတယ်။

သူ့အမျိုးသမီးဖြစ်သူ ဒေါ်စိုးစိုးကို ဧပြီ၁၂ရက်နေ့မှာ စစ်ကောင်စီက ဓါးဆာခံအဖြစ်ဖမ်းဆီးခဲ့သလို သူ့ မိသားစုဝင်တွေလည်း ဘေးလွတ်ရာ

ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။


ဧပြီ၁၈ရက်နေ့မှာ ဓါးဆာခံအဖြစ်အဖမ်းခံခဲ့ရတဲဲ့ ဒေါ်စိုးစိုး သေဆုံးခဲ့တယ်လို့သိရပြီး အဲ့ဒီသတင်းကို သူကြားပြီးနောက် ဆီးချို၊ သွေးတိုး၊

နှလုံးရောဂါအခံရှိတဲ့ ဦးကိုကိုလေး ဦးနှောက်သွေးကြောပြတ်သေခဲ့တာလို့ မိသားစုနဲ့ နီးစပ်တဲ့သူတွေက အတည်ပြုပါတယ်။


ဦးကိုကိုလေးဟာ NLDပါတီမန်းခရိုင်ဒုဥက္ကဌတာဝန်ကို ၂၀၁၃ခုနှစ်ကတည်း ကထမ်းဆောင်လာ သူလို့သိရပြီး ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ၁ရက်

နေ့ အာဏာသိမ်းပြီး နောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာ ကြောင့် ၅၀၅ပုဒ်မနဲ့ဖမ်းဝရမ်းထုတ်ခံရပြီး ရှောင်တိမ်းနေရသူ ဖြစ်ပါတယ်။#BVJ

NLDမန္းခရိုင္ ဒု-ဥကၠဌ ဦးကိုကိုေလး ေရွာင္တိမ္း‌ေနရင္း ကြယ္လြန္

ဧၿပီ၂၁၊၂၀၂၂

ဒီေန႔ ဧၿပီ၂၁ရက္ မနက္၆နာရီခန႔္က NLDမန္းခရိုင္ ဒု-ဥကၠဌ ဦးကိုကိုေလး ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္းတယဖက္မွာ စစ္ေကာင္စီရဲ့ ဖမ္းဆီးမႈကိုေရွာင္တိမ္းေနရင္း ဦးေႏွာက္ေသြးေၾကာျပတ္ ကြယ္လြန္သြားတယ္လို႔ သတင္းရရွိပါတယ္။

သူ႔အမ်ိဳးသမီးျဖစ္သူ ေဒၚစိုးစိုးကို ဧၿပီ၁၂ရက္ေန႔မွာ စစ္ေကာင္စီက ဓါးဆာခံအျဖစ္ဖမ္းဆီးခဲ့သလို သူ႔ မိသားစုဝင္ေတြလည္း ေဘးလြတ္ရာေရွာင္တိမ္းေနရတယ္လို႔ သိရပါတယ္။

ဧၿပီ၁၈ရက္ေန႔မွာ ဓါးဆာခံအျဖစ္အဖမ္းခံခဲ့ရတဲဲ့ ေဒၚစိုးစိုး ေသဆုံးခဲ့တယ္လို႔သိရၿပီး အဲ့ဒီသတင္းကို သူၾကားၿပီးေနာက္ ဆီးခ်ိဳ၊ ေသြးတိုး၊ႏွလုံးေရာဂါအခံရွိတဲ့ ဦးကိုကိုေလး ဦးေႏွာက္ေသြးေၾကာျပတ္ေသခဲ့တာလို႔ မိသားစုနဲ႔ နီးစပ္တဲ့သူေတြက အတည္ျပဳပါတယ္။

ဦးကိုကိုေလးဟာ NLDပါတီမန္းခရိုင္ဒုဥကၠဌတာဝန္ကို ၂၀၁၃ခုႏွစ္ကတည္း ကထမ္းေဆာင္လာ သူလို႔သိရၿပီး ၂၀၂၁ခုႏွစ္ေဖေဖာ္ဝါရီ၁ရက္ေန႔ အာဏာသိမ္းၿပီး ေနာက္ပိုင္း ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာ ေၾကာင့္ ၅၀၅ပုဒ္မနဲ႔ဖမ္းဝရမ္းထုတ္ခံရၿပီး ေရွာင္တိမ္းေနရသူ ျဖစ္ပါတယ္။#BVJ