ၾကားသိသမွ်

ချောင်းထဲကျသွားတဲ့ စစ်ကားပေါ်က ဗိုလ်မှူးအပါအဝင်၅ဦးေ-သ

ချောင်းထဲကျသွားတဲ့ စစ်ကားပေါ်က ဗိုလ်မှူးအပါအဝင်၅ဦးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း စစ်ကားချောင်းထဲ ထိုးကျခဲ့တဲ့ဖြစ်စဉ်မှာ ဗိုလ်မှူးတစ်ဦးအပါအဝင်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မနက် ၅ နာရီလောက်က ခရမ်းမြို့နယ်၊ကမာကလူကျောက်တံတားအရောက်စစ်ကားချောင်းထဲထိုးကျခဲ့ခြင်းဖြစ်ပြီး ကားခေါင်းခန်းကယာဉ်မောင်းစစ်သားနဲ့ ဗိုလ်မှူး၊ကားနောက်ခန်းမှာလိုက်ပါလာသူတွေထဲက စစ်သား၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရစစ်သား၃ဦးရှိတယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရသိရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။


ဗိုလ်မှူးအပါအဝင်၃ဦးမှာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ဦးမှာ ခရမ်းဆေးရုံရောက်မှ သေတယ်လို့ သိရပါတယ်။

‘ချောင်းကရေနက်ပါတယ်။ မြေတူးစက်တွေနဲ့ တူးထားတာသိပ်မကြာသေးပါဘူး။ကားကဆယ်ပြီးပါပြီ။လက် ရှိမှာ ရေထဲကျသွားတဲ့ သေနတ်တွေလိုက်ရှာနေတယ်’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလူငယ်တစ်ဦးကပြောပါ တယ်။

ဒဏ်ရာရစစ်သားတွေကို ဒီနေ့မနက်၁၀နာရီလောက်က ရန်ကုန်ကို ဆေးရုံကားနဲ့ ပို့လိုက်တယ်လို့သိရပါ တယ်။

အဲဒီစစ်ကားဟာ ကမာကလူရွာလမ်းမထိပ်ကနေ စစ်ဆေးပြီးအပြန် ကမာကလူကျောက်တံတားအရောက် ချောင်းထဲထိုးကျခဲ့တာပါ။#DNA

ေခ်ာင္းထဲက်သြားတဲ့ စစ္ကားေပၚက ဗိုလ္မႉးအပါအဝင္၅ဦးေသ

ရန္ကုန္ေတာင္ပိုင္းခရိုင္၊ခရမ္းၿမိဳ႕နယ္အတြင္း စစ္ကားေခ်ာင္းထဲ ထိုးက်ခဲ့တဲ့ျဖစ္စဥ္မွာ ဗိုလ္မႉးတစ္ဦးအပါအဝင္စစ္သား၅ဦးေသဆုံးခဲ့တယ္လို႔သိရပါတယ္။

ဒီေန႔မနက္ ၅ နာရီေလာက္က ခရမ္းၿမိဳ႕နယ္၊ကမာကလူေက်ာက္တံတားအေရာက္စစ္ကားေခ်ာင္းထဲထိုးက်ခဲ့ျခင္းျဖစ္ၿပီး ကားေခါင္းခန္းကယာဥ္ေမာင္းစစ္သားနဲ႔ ဗိုလ္မႉး၊ကားေနာက္ခန္းမွာလိုက္ပါလာသူေတြထဲက စစ္သား၃ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရစစ္သား၃ဦးရွိတယ္လို႔ တပ္တြင္းသတင္းေပးပို႔ခ်က္အရသိရေၾကာင္း ေဒသတြင္း ေႏြဦးေတာ္လွန္ေရးစာမ်က္ႏွာ ခရမ္းခ်န္နယ္ကေဖာ္ျပပါတယ္။

ဗိုလ္မႉးအပါအဝင္၃ဦးမွာ ေနရာမွာတင္ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး ၂ဦးမွာ ခရမ္းေဆး႐ုံေရာက္မွ ေသတယ္လို႔ သိရပါတယ္။

‘ေခ်ာင္းကေရနက္ပါတယ္။ ေျမတူးစက္ေတြနဲ႔ တူးထားတာသိပ္မၾကာေသးပါဘူး။ကားကဆယ္ၿပီးပါၿပီ။လက္ ရွိမွာ ေရထဲက်သြားတဲ့ ေသနတ္ေတြလိုက္ရွာေနတယ္’လို႔ ခရမ္းၿမိဳ႕ေပၚေနတက္ႂကြလူငယ္တစ္ဦးကေျပာပါ တယ္။

ဒဏ္ရာရစစ္သားေတြကို ဒီေန႔မနက္၁၀နာရီေလာက္က ရန္ကုန္ကို ေဆး႐ုံကားနဲ႔ ပို႔လိုက္တယ္လို႔သိရပါ တယ္။

အဲဒီစစ္ကားဟာ ကမာကလူရြာလမ္းမထိပ္ကေန စစ္ေဆးၿပီးအျပန္ ကမာကလူေက်ာက္တံတားအေရာက္ ေခ်ာင္းထဲထိုးက်ခဲ့တာပါ။#DNA