ၾကားသိသမွ်

တင့်ကားနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များအထိ ပစ်ခတ်နိုင်သော လက်နက်တမျိုးကို မြို့ပြပျောက်ကျားအဖွဲ့ တီထွင်နိုင်

တင့်ကားနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များအထိ ပစ်ခတ်နိုင်သော လက်နက်တမျိုးကို မြို့ပြပျောက်ကျားအဖွဲ့ တီထွင်နိုင်

မန္တလေး၊ ဧပြီ ၂၁

တင့်ကားနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များအထိ ပစ်ခတ်နိုင်ပြီး ရွေ့လျားစနစ်ကို ချိန်ရွယ်ပစ်ခတ်နိုင်သော လက်နက် ကြီးတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း မန္တလေးမြို့ပြပျောက်ကျား မဟာမိတ်တပ်ပေါင်းစု၊ အနက်ရောင်သေမင်း အဖွဲ့ထံမှ သိရသည်။

အဆိုပါ လက်နက်၏ အားသာချက်မှာ အနည်ဆုံး ပေ ၃၅၀၀ အကွာအဝေးပစ်မှတ်အတွက်ဖြစ်ပြီး ကျည်၏အမြန်နှုန်း သည် စနိုက်ပါကျည်၊ ရှော့တိုက်ကျည်များထက် အဆပေါင်းများစွာ မြန်ဆန်ကြောင်း သိရသည်။

“ကျွန်တော်တို့လက်နက်က ရွေ့လျားနေတဲ့အရာတွေကို ပစ်ဖို့အတွက် လုပ်ခဲ့တာပါ။ အသေမဟုတ်ပါဘူး။ လူက ကိုင်ပြီးတော့ ချိန်ပြီးတော့ ပစ်ရတာပါ”ဟု အနက်ရောင်သေမင်းအဖွဲ့ တာ၀န်ရှိသူကပြောသည်။

ယခု တီထွင်နိုင်ခဲ့သည့် လက်နက်သည် စိတ်ကူးကိုချဲ့ထွင်လုပ်ဆောင်ခဲ့သည့် လက်နက်ဖြစ်သည့်အတွက် အမျိုးအစား အမည်နာမ မရှိကြောင်း၊ အဓိကလုပ်ဆောင်ချက်သည် စနိုက်ပါကဲ့သို့ အဝေးကိုချိန်ရွယ်ကာ ပစ်ခတ်ရသည့် လက်နက်ကြီးဖြစ်ကြောင်း၊ ထိကွဲကျည် အမျိုးအစားကို အသုံးပြုထားသည့် အဆိုပါလက်နက်ကို အကြိမ်ကြိမ်စမ်း သပ်ထားရာ အဖွဲ့၏ ဇေယျစစ်ဆင်ရေးတွင် ထည့်သွင်းအသုံးပြုသွားမည်ဟု သိရသည်။

၎င်းအဖွဲ့သည် မန္တလေးမြို့ပေါ်အထိ တိုက်ပွဲဆင်နွှဲမည့် ဇေယျစစ်ဆင်ရေးကို အကောင်အထည်ဖော်ဆောင်နေကြောင်း၊ စစ်ဆင်ရေး၏ ပထမပွဲဦးထွက်အနေဖြင့် ဧပြီလ ၁၉ ရက် ညပိုင်းတွင် မန္တလေးတိုင်း စဉ့်ကိုင်မြို့နှင့် ပလိပ်မြို့ အကြားတွင် စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။#လူငယ့်ခေတ်

တင့္ကားႏွင့္ တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ားအထိ ပစ္ခတ္နိုင္ေသာ လက္နက္တမ်ိဳးကို ၿမိဳ႕ျပေပ်ာက္က်ားအဖြဲ႕ တီထြင္နိုင္

မႏၲေလး၊ ဧၿပီ ၂၁

တင့္ကားႏွင့္ တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ားအထိ ပစ္ခတ္နိုင္ၿပီး ေရြ႕လ်ားစနစ္ကို ခ်ိန္ရြယ္ပစ္ခတ္နိုင္ေသာ လက္နက္ ႀကီးတစ္မ်ိဳးကို တီထြင္နိုင္ခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ျပေပ်ာက္က်ား မဟာမိတ္တပ္ေပါင္းစု၊ အနက္ေရာင္ေသမင္း အဖြဲ႕ထံမွ သိရသည္။

အဆိုပါ လက္နက္၏ အားသာခ်က္မွာ အနည္ဆုံး ေပ ၃၅၀၀ အကြာအေဝးပစ္မွတ္အတြက္ျဖစ္ၿပီး က်ည္၏အျမန္ႏႈန္း သည္ စနိုက္ပါက်ည္၊ ေရွာ့တိုက္က်ည္မ်ားထက္ အဆေပါင္းမ်ားစြာ ျမန္ဆန္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔လက္နက္က ေရြ႕လ်ားေနတဲ့အရာေတြကို ပစ္ဖို႔အတြက္ လုပ္ခဲ့တာပါ။ အေသမဟုတ္ပါဘူး။ လူက ကိုင္ၿပီးေတာ့ ခ်ိန္ၿပီးေတာ့ ပစ္ရတာပါ”ဟု အနက္ေရာင္ေသမင္းအဖြဲ႕ တာ၀န္ရွိသူကေျပာသည္။

ယခု တီထြင္နိုင္ခဲ့သည့္ လက္နက္သည္ စိတ္ကူးကိုခ်ဲ႕ထြင္လုပ္ေဆာင္ခဲ့သည့္ လက္နက္ျဖစ္သည့္အတြက္ အမ်ိဳးအစား အမည္နာမ မရွိေၾကာင္း၊ အဓိကလုပ္ေဆာင္ခ်က္သည္ စနိုက္ပါကဲ့သို႔ အေဝးကိုခ်ိန္ရြယ္ကာ ပစ္ခတ္ရသည့္ လက္နက္ႀကီးျဖစ္ေၾကာင္း၊ ထိကြဲက်ည္ အမ်ိဳးအစားကို အသုံးျပဳထားသည့္ အဆိုပါလက္နက္ကို အႀကိမ္ႀကိမ္စမ္း သပ္ထားရာ အဖြဲ႕၏ ေဇယ်စစ္ဆင္ေရးတြင္ ထည့္သြင္းအသုံးျပဳသြားမည္ဟု သိရသည္။

၎အဖြဲ႕သည္ မႏၲေလးၿမိဳ႕ေပၚအထိ တိုက္ပြဲဆင္ႏႊဲမည့္ ေဇယ်စစ္ဆင္ေရးကို အေကာင္အထည္ေဖာ္ေဆာင္ေနေၾကာင္း၊ စစ္ဆင္ေရး၏ ပထမပြဲဦးထြက္အေနျဖင့္ ဧၿပီလ ၁၉ ရက္ ညပိုင္းတြင္ မႏၲေလးတိုင္း စဉ့္ကိုင္ၿမိဳ႕ႏွင့္ ပလိပ္ၿမိဳ႕ အၾကားတြင္ စစ္ေကာင္စီကားကို မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။#လူငယ့္ေခတ္