ၾကားသိသမွ်

ဆီစျေး တတ်လာတာနဲ့အမျှ အရည်အသွေးမပြည့်မှီတဲ့အတွက် ခဏအတွင်း ပျက်စီးနေရတဲ့ ပလပ်များအကြောင်း

ဆီစျေး တတ်လာတာနဲ့အမျှ အရည်အသွေးမပြည့်မှီတဲ့အတွက် ခဏအတွင်း ပျက်စီးနေရတဲ့ ပလပ်များအကြောင်း

လက်ရှိပြည်တွင်း စက်သုံးဆီတွေမှာ အရည်အသွေးမပြည့်မှီတဲ့အကြောင်းကို ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)ဆရာမှ ကိုယ်တွေ့နဲ့ယှဥ်ပြီး ပြည်တွင်းစက်သုံးဆီတွေအကြောင်းကို အကြံပြုတင်ပြပေးထားတာဖြစ်ပါတယ်။

ပြောပြချက်မှာ ”အရင်တုန်းက ဗဟိုဘဏ်ကနေပြီး ဒေါ်လာကို ၁၈၅၀ ဝန်းကျင်စျေးနဲ့ ရောင်းပေးတုန်း က ၁၈၅၀ စျေးနဲ့ဝယ်၊ အပြင်စျေး ၂၀၇၀ လောက်နဲ့ တွက်ပြီးကြာရှည်စွာရောင်းခဲ့တဲ့ ဆီဆိုင်တွေဟာ မော်တော်ယာဉ်အသုံးပြုသူတွေကို အမြတ်ကြီးစားခဲ့ကြတယ်…။

အခု ဗဟိုဘဏ်ပေါက်စျေး ၁၈၅၀ စျေးနဲ့တွက်ပြီးရောင်းရတော့ ခုလိုပုံစံမျိုးတွေစျေးကစားချင်တဲ့ပုံစံမျိုးတွေလုပ်လာတော့တာတော့မဟုတ်သေးဘူးထင်တယ်…။


နိုင်ငံတကာစျေးကွက်မှာ ရေနံစိမ်းစျေး တက်တာနဲ့ မြန်မာပြည်မှာ စက်သုံးဆီစျေးက မိနစ်မခြား ချက်ချင်းစျေးတက်ပြီးပြီ၊ ဒေါ်လာစျေးတက်တာနဲ့ မိနစ်မခြား Hypersonic Speed နဲ့စျေးတက်လိုက်ပြန်တယ်။

နိုင်ငံတကာရေနံစိမ်းစျေးကျပြီ မြန်မာပြည်ထဲမှာ ဒေါ်လာစျေးကျပြီဆိုရင် ဆီဆိုင်တွေမှ ၂ ရက် ၃ ရက်နဲ့ စျေးပြန်မချပေးဘူး…။ တက်စျေးနဲ့ဝယ်ထားရလို့ဆိုပြီး မှိန်းရောင်းတယ်…။


ရေနံစိမ်းစျေး ဒေါ်လာစျေးတက်တော့ကျစျေးနဲ့ဝယ်ထားရလို့ဆိုပြီးအရင်စျေးနဲ့ ဆက်မရောင်းပေးဘူး၊ချက်ချင်း စျေးတက်ရောင်းတယ်၊
ဆီအရည်အသွေးကျပြန်တော့လည်း ထိုင်းဆီကို ခြေဖျားတောင်မမှီပြန်ဘူး၊ တာချီလိတ်နဲ့ မြဝတီမှာထိုင်းဆီထည့်မောင်းနေတဲ့ ကားတွေရဲ့ ပလပ်ခေါင်းကို ချွတ်ကြည့်ရင် လျှပ်ကာကြွေခေါင်းတွေ ဖွေးနေတာမြင်ရမယ်။


ရန်ကုန်မှာ မောင်းနေတဲ့ကားတွေရဲ့ ပလပ်တွေကိုချွတ်ကြည့်လိုက်ရင်မီးခိုးတွေမဲနေတာနဲ့ထုံးမှုန့်လို အဖြူမှုန်တွေကပ်နေတာကို တွေ့ရတယ်၊

ထိုင်းမှာ Genuine Part ဖြစ်တဲ့မူရင်းပလပ်အမျိုးအစားသုံးရင်ကီလိုမီတာ ၅၀၀၀၀ ကျော်တာတောင်ကားအဆွဲအရုန်း ကောင်းပြီးလဲစရာမလိုသေးဘူး၊


မြန်မာပြည်မှာ Genuine Partပလပ်မကလို့ သိကြားမင်းပေးတဲ့ပလပ်တွေပဲထည့်သုံးသုံးကီလိုမီတာ ၂၀၀၀၀ နားနီးရင်ကားအဆွဲအရုန်းကျပြီးပလပ်တွေ မလဲမဖြစ် လဲရပြီ၊

အချင်အတွယ်ကျတော့လည်းမြန်မာပြည်ထဲမှာ မပြည့်တဲ့ဆိုင်တွေ အများကြီးပါသေးတယ်…ကိုယ်တိုင်ကြုံခဲ့ရလို့မေးကြည့်တာ တစ်ဂါလံကိုလေးလီတာနှုန်းပါတဲ့…။

ဂါလံနဲ့ဝယ်တာမဟုတ်ဘူးလီတာနဲ့ဝယ်တာဆိုပြီးပြန်ပြော ဖြေရှင်းခိုင်းတော့တောင်းပန်ပါတယ်ဆိုတာကလွဲပြီး ဘာမှ မဖြေရှင်းပေးလို့ဆီအသင်းက တာဝန်ရှိသူကိုဆီဖြည့်ဘောင်ချာ၊ဆီဆိုင်ကပေးလိုက်တဲ့ ရေသန့်ဗူးတို့ကိုပါပို့ပြီးသက်သေနဲ့တိုင်တာတောင်အရေးမယူနိုင်ခဲ့ဘူး၊

ဆိုတော့ကာ မြန်မာပြည်မှာစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းဆိုတာသူတို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ရောင်းချင်တဲ့စျေးညှိပြီးမော်တော်ယာဉ်အသုံးပြုသူတွေကိုဂုတ်သွေးစုပ် အမြတ်ကြီးစားဖို့အဓိကထားတာသာတွေ့ရပါတယ်…။


တစ်နိုင်ငံလုံးအနေနဲ့သုံးလအတွင်းထိုင်းကဲ့သို့ ဆီအရည်အသွေးနှင့်အချင်အတွယ်ပြည့်မှီစေရပါမယ်ဆိုပြီးမီဒီယာအများရှေ့သတင်းစာရှင်းလင်းပွဲမှာကတိတွေ ပေးခဲ့သော်လည်းငါးနှစ်ကျော်သွားတာတောင်ဆီအရည်အသွေးကခုထိ ထိုင်းဆီခြေဖျားကိုမမှီသေးသလိုအချက်အတွယ်ကလည်းမပြည့်တဲ့ဆိုင်တွေအများကြီးရှိပါသေးတယ်၊

အချပ်အားဖြင့်ဆိုရသော်မြန်မာပြည်စက်သုံးဆီစျေးကွက်တည်ငြိမ်မှန်ကန်စေရန်၊ဆီအရည်အသွေးကောင်းလာစေရန်နှင့်အချင်အတွယ်မှန်ကန်စေရန်အတွက်နိုင်ငံခြားဆီဆိုင်များကိုဖွင့်လှစ်ရောင်းချခွင့်ပေးမှသာလျှင်မြန်မာပြည်တွင်မော်တော်ယာဉ်အသုံးပြုသူများဆီအရည်အသွေး ကောင်းမွန်၊အချင်အတွယ်ပြည့်ဝ

၊စျေးနှုန်းမှန်ကန်စွာအသုံးပြုရမည်ဖြစ်ပါကြောင်းကိုတာဝန်ရှိသူများသိရှိစေရန် ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျ၊ ချစ်ခြင်းအားဖြင့် ကိုတိုး(အွန်လိုင်းကားဝပ်ရှော့) ဆိုပြီး ရေးသားထောက်ပြထားပါတယ်။

Credit-Source &photo