ၾကားသိသမွ်
ကိုယ်တွေဘက်ခြမ်းက အားကောင်းလာတယ် အချို့နယ်မြေတွေကို စကစဟာ လုံးဝမထိန်းချုပ်နိုင်တော့ဘူး
ဒီလပိုင်းတွေမှာ ကိုယ်တွေဘက်ခြမ်းက အားကောင်းလာတယ်လို့ ပြောလို့ရတယ်။ အချို့နယ်မြေတွေကို စကစဟာ လုံးဝမထိန်းချုပ်နိုင်တော့ဘူး။ အချို့နယ်မြေတွေမှာ နေ့စဉ်မပြတ် လူထုသပိတ်တွေ စစ်ကြောင်းတွေ ပေါ်ပေါ်တင်တင်ပဲ။
တော်လှန်ရေးအင်အားစုတွေဘက် ထိန်းချုပ်နယ်မြေဖော်ဆောင်ဖို့ ခြေလှမ်းတွေ စိပ်လာပြီ။ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို စတင်ဖော်ဆောင်နိုင်လာကြပြီ။ အချို့နယ်မြေတွေမှာ စကစဘက်သားတွေကို ထွက်သွားဖို့ ရာဇသံပေးတာ၊ ချေမှုန်းတာတွေ ခပ်စိပ်စိပ်ဖြစ်လာပြီ။
ဘောမရပ်ကွက်က တုံ့ပြန်ပုံက ဆန်းတယ်။ ခံနေရတယ်ဆိုတာလည်း သိတယ်။ အဘရေ ချပါ ချပါ … ကျွန်တော့်ဖျင်ကိုဆိုတာအပြင် မအော်တတ်ဘူး။
ကိုယ်တွေဘက်ကလို ကိုယ်တိုင်ပါဝင်ဖို့ဆိုတာဝေး။ ဟာ ဟင် ကတောက် ရင်နာလိုက်တာ ဖျင်ပြဲလိုက်တာ စတဲ့ အာမေဋိတ်ပေါင်းစုံအပြင် ဘာစောက်သုံးမှကို မကျတာ။
အဘတို့က ပျော့နေလို့ ခံနေရတာ၊ ပြတ်ပြတ်သားသား လုပ်ပါ။ ပြတ်ပြတ်သားသား ချေမှုန်းပါ ဘာညာ။ လေသံလည်း မမာရဲဘူး။ စိတ်ထဲကသာ MaALoe မင်းအောင်လှိုင်လို့ ကြိတ်အော်နေတာ။
အပြင်မှာတော့ အဘတို့ အဘတို့နဲ့ ကလူနေရတာ။ မဟုတ်ရင် အဘတို့ဆိုတာက သူတို့ပါ ဗျင်းမှာဆိုတာ သိနေမင့်ဟာ။
သူတို့က အဘတို့ ပျော့နေလို့၊ အဘတို့ ပြင်းလိုက်စမ်းပါသာ မြောက်ပေးနေတာ။
အဘတို့မှာ တက်အောင် ကပြစရာ ေGွးတောင် မရှိတော့ဘူးဆိုတာ ဘောမတို့ မသိဘူး။
နင်တို့လည်း ဒီစိတ်နဲ့ သေးမှာပဲ။ ငါလေ တကယ် စိတ်မကောင်းဘူး။
😌ပန်ဆယ်လို
😌ပန်ဆယ်လို