ၾကားသိသမွ်

မြို့သိမ်းတိုက်ပွဲ ဆောင်ရွက်တော့မယ့်အတွက် ဗုံးခိုကျင်းအပါအဝင် ပြည်သူများ ပြင်ဆင်ထားကြဖို့ မိုးကုတ် အနီရောင်ဝံပုလွေအဖွဲ့ ပန်ကြား

မြို့သိမ်းတိုက်ပွဲ ဆောင်ရွက်တော့မယ့်အတွက် ဗုံးခိုကျင်းအပါအဝင် ပြည်သူများ ပြင်ဆင်ထားကြဖို့ မိုးကုတ် အနီရောင်ဝံပုလွေအဖွဲ့ ပန်ကြား

ဧပြီ – ၂၁

မန္တလေးတိုင်း မိုးကုတ်မြို့ကို မကြာမီ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှာဖြစ်လို့ ဗုံးခိုကျင်းအပါအဝင် ပြည်သူတွေ ပြင်ဆင်ထားကြဖို့ မိုးကုတ် အနီရောင်ဝံပုလွေအဖွဲ့ (Red Wolves of Mogok) က ပန်ကြားလိုက်ပါတယ်။

စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ အရေးကြီးသော စာရွက်စာတန်းတွေ သိမ်းဆည်းစုဆောင်းထားကြဖို့အပြင် ဗုံးခိုကျင်းကို အဓိကထား ပြင်ဆင်ပေးကြဖို့ တိုက်တွန်းထားတာပါ။

” မိုးကုတ်က တောင်ပေါ်ဒေသဆိုတော့ ဗုံးခိုကျင်း တူးဖို့က မခက်ပါဘူး၊ ခွေးတွေကို အသေဆော်ဖို့ပဲ လိုတာ၊ ကျွန်တော်တို့က အကုန်ပြင်ဆင်ထားကြမှာ ” လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။#MFP

ဒေသခံတွေအနေနဲ့ စစ်အုပ်စုနဲ့ လက်ကိုင်တုတ်တွေရှိတဲ့ နေရာကိုလည်း ရှောင်ရှားကြဖို့ မိုးကုတ် အနီရောင်ဝံပုလွေအဖွဲ့က ထပ်လောင်း တိုက်တွန်းထားပါတယ်။

ၿမိဳ႕သိမ္းတိုက္ပြဲ ေဆာင္ရြက္ေတာ့မယ့္အတြက္ ဗုံးခိုက်င္းအပါအဝင္ ျပည္သူမ်ား ျပင္ဆင္ထားၾကဖို႔ မိုးကုတ္ အနီေရာင္ဝံပုေလြအဖြဲ႕ ပန္ၾကား

ဧၿပီ – ၂၁

မႏၲေလးတိုင္း မိုးကုတ္ၿမိဳ႕ကို မၾကာမီ ၿမိဳ႕သိမ္းတိုက္ပြဲ ဆင္ႏႊဲမွာျဖစ္လို႔ ဗုံးခိုက်င္းအပါအဝင္ ျပည္သူေတြ ျပင္ဆင္ထားၾကဖို႔ မိုးကုတ္ အနီေရာင္ဝံပုေလြအဖြဲ႕ (Red Wolves of Mogok) က ပန္ၾကားလိုက္ပါတယ္။

စားနပ္ရိကၡာေတြ၊ ေဆးဝါးေတြနဲ႔ အေရးႀကီးေသာ စာရြက္စာတန္းေတြ သိမ္းဆည္းစုေဆာင္းထားၾကဖို႔အျပင္ ဗုံးခိုက်င္းကို အဓိကထား ျပင္ဆင္ေပးၾကဖို႔ တိုက္တြန္းထားတာပါ။

” မိုးကုတ္က ေတာင္ေပၚေဒသဆိုေတာ့ ဗုံးခိုက်င္း တူးဖို႔က မခက္ပါဘူး၊ ေခြးေတြကို အေသေဆာ္ဖို႔ပဲ လိုတာ၊ ကၽြန္ေတာ္တို႔က အကုန္ျပင္ဆင္ထားၾကမွာ ” လို႔ မိုးကုတ္ေဒသခံတစ္ဦးက ေျပာပါတယ္။

ေဒသခံေတြအေနနဲ႔ စစ္အုပ္စုနဲ႔ လက္ကိုင္တုတ္ေတြရွိတဲ့ ေနရာကိုလည္း ေရွာင္ရွားၾကဖို႔ မိုးကုတ္ အနီေရာင္ဝံပုေလြအဖြဲ႕က ထပ္ေလာင္း တိုက္တြန္းထားပါတယ္။#MFP