ၾကားသိသမွ်

လေကြောင်းတိုက်ခိုက်မှုများ ဟန့်တားနိုင်ရေးအတွက် Project Buffalo ကမ်ပိန်းပြုလုပ်

လေကြောင်းတိုက်ခိုက်မှုများ ဟန့်တားနိုင်ရေးအတွက် Project Buffalo ကမ်ပိန်းပြုလုပ်

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲနဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် အနိမ့်ပျံ ပုစဉ်းပစ် “Pecheneg” လက်နက်ဝယ်ယူနိုင်ဖို့ Project Buffalo ကမ်ပိန်းကို ဧပြီ ၁၉ ရက်နေ့မှာ စတင်ပြုလုပ်နေပါတယ်။


Project Buffalo ကမ်ပိန်းကို မြန်မာငွေ သိန်း ၅၀၀ အထိ ခန့်မှန်းထားကာ ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အင်အားစုတွေနဲ့ မိဘပြည်သူတွေက မိမိတို့ တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးနိုင်ပြီး လိုအပ်တဲ့ပမာဏပြည့်တဲ့အထိ ရက်ကန့်သတ်ထားတာ မရှိဘူးလို့ သိရပါတယ်။

ရှမ်း-ကယားနယ်စပ်နဲ့ ကယားပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးများပြားခဲ့ပြီးနောက် လေကြောင်းကို အားပြုပြီး တိုက်ခိုက်မှုတွေ နေ့စဉ် ရှိနေပါတယ်။

“အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဟန့်တားနိုင်ဖို့ ဗိုလ်ကြီးညီသုတနဲ့ တိုင်ပင်ပြီး စတင် အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ အဲဒီ ပုစဉ်းပစ်လက်နက် “Pecheneg” ဟာ မီတာ ၁၅၀၀ အထိ ပစ်ခတ်နိုင်ပြီး မီတာ ၁၀၀၀ လောက်ဆင်းလာတဲ့ ပုစဉ်းတွေကို အသာလေး ပစ်ခတ်ဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒီပရောဂျက်သာ အောင်မြင်မယ်ဆိုရင် ကျနော်တို့ မိုးဗြဲဒေသအတွက် အောင်မြင်မှု ရလဒ်တွေ သိသိသာသာ ပြောင်းလဲလာမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ အသက်တွေနဲ့ရင်းပြီး သက်စွန့်ဆံဖျား တိုက်ပွဲဝင်နေတာဖြစ်လို့ ပြည်သူတွေဘက်ကလည်း ၅၀‌၀၊ ၁၀၀၀ ကစပြီး မိမိတို့ တတ်နိုင်သလောက် ထောက်ပံ့ပေးကြပါ” မိုးဗြဲကျွဲချိုတပ်ခွဲရဲ့ တာဝန်ရှိသူတဦးက တောင်းဆိုထားပါတယ်။


ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အင်အားစုတွေ၊ ပြည်သူတွေအနေနဲ့ Project Buffalo မှာ ပါဝင် လှူဒါန်းလိုပါက အသေးစိတ် အချက်အလက်တွေကို မိုးဗြဲ PDF ကျွဲချိုတပ်ခွဲရဲ့ တရားဝင် Facebook Account နဲ့ Telegram တို့မှာ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ေလေၾကာင္းတိုက္ခိုက္မႈမ်ား ဟန႔္တားနိုင္ေရးအတြက္ Project Buffalo ကမ္ပိန္းျပဳလုပ္

မိုးျဗဲျပည္သူ႔ကာကြယ္ေရးတပ္ ကၽြဲခ်ိဳတပ္ခြဲနဲ႔ CDM ဗိုလ္ႀကီး ညီသုတတို႔ ပူးေပါင္းၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္း မိုးျဗဲၿမိဳ႕အတြင္း စစ္ေကာင္စီတပ္ရဲ့ ေလေၾကာင္းတိုက္ခိုက္မႈေတြကို ဟန႔္တားနိုင္ေရးအတြက္ အနိမ့္ပ်ံ ပုစဥ္းပစ္ “Pecheneg” လက္နက္ဝယ္ယူနိုင္ဖို႔ Project Buffalo ကမ္ပိန္းကို ဧၿပီ ၁၉ ရက္ေန႔မွာ စတင္ျပဳလုပ္ေနပါတယ္။

Project Buffalo ကမ္ပိန္းကို ျမန္မာေငြ သိန္း ၅၀၀ အထိ ခန႔္မွန္းထားကာ ျပည္တြင္း ျပည္ပရွိ ေတာ္လွန္ေရး အင္အားစုေတြနဲ႔ မိဘျပည္သူေတြက မိမိတို႔ တတ္နိုင္သေလာက္ ေထာက္ပံ့လႉဒါန္းေပးနိုင္ၿပီး လိုအပ္တဲ့ပမာဏျပည့္တဲ့အထိ ရက္ကန႔္သတ္ထားတာ မရွိဘူးလို႔ သိရပါတယ္။

ရွမ္း-ကယားနယ္စပ္နဲ႔ ကယားျပည္နယ္အတြင္း တိုက္ပြဲေတြမွာ စစ္ေကာင္စီတပ္ဘက္က အထိအခိုက္ အက်အဆုံးမ်ားျပားခဲ့ၿပီးေနာက္ ေလေၾကာင္းကို အားျပဳၿပီး တိုက္ခိုက္မႈေတြ ေန႔စဥ္ ရွိေနပါတယ္။

“အခုလို ေလေၾကာင္းတိုက္ခိုက္မႈေတြ ဟန႔္တားနိုင္ဖို႔ ဗိုလ္ႀကီးညီသုတနဲ႔ တိုင္ပင္ၿပီး စတင္ အေကာင္အထည္ေဖာ္ျဖစ္ခဲ့တာပါ။ အဲဒီ ပုစဥ္းပစ္လက္နက္ “Pecheneg” ဟာ မီတာ ၁၅၀၀ အထိ ပစ္ခတ္နိုင္ၿပီး မီတာ ၁၀၀၀ ေလာက္ဆင္းလာတဲ့ ပုစဥ္းေတြကို အသာေလး ပစ္ခတ္ဖ်က္ဆီးနိုင္မွာ ျဖစ္ပါတယ္။ ဒီပေရာဂ်က္သာ ေအာင္ျမင္မယ္ဆိုရင္ က်ေနာ္တို႔ မိုးျဗဲေဒသအတြက္ ေအာင္ျမင္မႈ ရလဒ္ေတြ သိသိသာသာ ေျပာင္းလဲလာမယ္လို႔ ယုံၾကည္ပါတယ္။ က်ေနာ္တို႔ အသက္ေတြနဲ႔ရင္းၿပီး သက္စြန႔္ဆံဖ်ား တိုက္ပြဲဝင္ေနတာျဖစ္လို႔ ျပည္သူေတြဘက္ကလည္း ၅၀‌၀၊ ၁၀၀၀ ကစၿပီး မိမိတို႔ တတ္နိုင္သေလာက္ ေထာက္ပံ့ေပးၾကပါ” မိုးျဗဲကၽြဲခ်ိဳတပ္ခြဲရဲ့ တာဝန္ရွိသူတဦးက ေတာင္းဆိုထားပါတယ္။

ျပည္တြင္း ျပည္ပရွိ ေတာ္လွန္ေရး အင္အားစုေတြ၊ ျပည္သူေတြအေနနဲ႔ Project Buffalo မွာ ပါဝင္ လႉဒါန္းလိုပါက အေသးစိတ္ အခ်က္အလက္ေတြကို မိုးျဗဲ PDF ကၽြဲခ်ိဳတပ္ခြဲရဲ့ တရားဝင္ Facebook Account နဲ႔ Telegram တို႔မွာ တိုက္ရိုက္ ဆက္သြယ္လႉဒါန္းနိုင္ပါတယ္။