ၾကားသိသမွ်

ကရင်နီပြည်နယ်သို့ သွား​ရောက်ထိုးစစ်ဆင်မည့် တိုက်​လေယာဉ်၂စင်း ​ပျက်စီးပြီး လေယာဉ်မှူး ၂ ဦးလည်း ပျောက်ဆုံးနေ

ကရင်နီပြည်နယ်သို့ သွား​ရောက်ထိုးစစ်ဆင်မည့် တိုက်​လေယာဥ်၂စင်း ​ပျက်စီး

စစ်ကောင်စီတပ်ရဲ့လေသူရဲတွေဟာ စစ်ရေးပစ်မှတ်ထက် သူတို့အသက်မသေရေးကိုသာ ရာနှုန်းပြည့်စဉ်းစားတာ ကြောင့် ကိုယ့်လူ့ကိုယ် မှန်အောင် ဗုံးကြဲမိတဲ့အထိ ဖြစ်လာကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ခြေလျင်တပ်တွေဟာ လေကြောင်းပစ်ကူမပါဘဲ တိုက်ခိုက်နိုင်စွမ်းမရှိတော့ သလို လေကြောင်းပစ်ကူတွေကလည်း ကိုယ့်လူကိုယ် မှန်အောင်ပစ် နိုင်တယ်လို့ နာမည်ကြီးလာကြောင်း သူကပြော ပါတယ်။


‘ ကိုယ့်ကိုယ်ကိုယ် Safe အရမ်းယူပြီးမှ အပေါ်ကနေ ဗုံးကြဲတဲ့အခါကျတော့ ပစ်မှတ်ကတော့ ကျိန်းသေနီးပါး လွဲတော့တာပဲ။ခပ်နိမ့်နိမ့်ပျံပြီး ဗုံးကြဲရင် သူတို့လေယာဉ်ပစ်ချခံရမှာ ကြောက်တာကိုး ’လို့ သူကဆက်ပြောပါတယ်။

တော်လှန်ရေး အင်အားစုက လေယာဉ်ကို ပြန်ပစ်ပြီဆိုတာနဲ့ ပိုင်းလော့က သူ့အသက်မသေရေးအတွက် အောက်ကလူတွေဟာ ကိုယ့်လူမှန်းမသိ သူ့လူမှန်းမသိနဲ့ ကြောက်အားလန့်အားနီးစပ်ရာ ပစ်ခတ် ဗုံးကြဲခဲ့လို့ ခြေလျင်ခြေမြန်တပ်တွေ ခံရပေါင်းမနည်းဘူးလို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။


ဒါ့အပြင် ကရင်နီပြည်နယ်သို့ သွား​ရောက်ထိုးစစ်ဆင်မယ့် တိုက်​လေယာဥ် ၂စီးမှာ ၁စီးက လုံးဝ ပျက်စီးသွား​လောက်ရ​အောင် ပစ္စည်း​တွေ ဖြုတ်ခိုးခံရပြီး ကျန်၁စီးမှာလည်း အစိတ်အပိုင်းအချို့ ဖြုတ်ခိုးခံရတယ်လို့ ယုံကြည်ရတဲ့ သတင်းအရင်းမြစ်​တွေမှ တစ်ဆင့်သိရပါတယ်။

ဆက်စပ်သိရှိရတဲ့ သတင်းများအရ လက်ရှိမှာ ကရင်နီပြည်နယ်ကို သွား​ရောက်ထိုးစစ်ဆင်ခိုင်းတဲ့ တိုက်​လေယာဥ် ၂စီးရဲ့ ​လေယာဥ်မှူး ​လေသူရဲ ၂ဦးလည်း ​ပျောက်ဆုံး​နေတယ်လို့ သိရပါတယ်။

​လေယာဥ်မှူး​တွေရဲ့ အမည်နှင့် ရာထူးကို သိရှိရပါကလည်း အ​သေးစိတ်ကို ဆက်လက်တင်ဆက်​ပေးပါမယ်။

လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်များနှင့် CDM ပြုလုပ်လျှင် ဒေါ်လာငါးသိန်း၊ တင့်ကား၊ သံချပ်ကာ ကားများဖြင့် CDM ပြလုပ်လျှင် ဒေါ်လာတစ်သိန်းချီးမြှင့်မည့်အချက်အပါအဝင် ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့် NUGက ထုတ်ပြန်ခဲ့တာပါ။


လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ငါးသိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်‌ဒေါ်လာ သုံးသိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ချီးမြှင့်မည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

တိုက်ခိုက်ရန် ပျံသန်းလာစဉ် လမ်းခုလတ်၌ ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ သုံးသိန်း(သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀၊ ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ သုံးသိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

ထို့ပြင်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ သုံးသိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀၊တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တစ်ကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ တစ်သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီးနိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ တစ်သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀၊ မြေပြင်ထိုးစစ်တွင် အသုံးပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ တစ်သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

ထို့ပြင် တင့်ကား၊ သံချပ်ကာယာဉ်များအား သုံးမရတော့သည်အထိ ပစ်ခတ် ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ တစ်သိန်း (သို့) မြန်မာ ကျပ်ငွေ သိန်း ၂,၀၀၀ ချီးမြှင့်မည်ဟု NUG ကဆိုသည်။#LivingMyanmar