ၾကားသိသမွ်

ဝန်းသိုနယ် ဂျိုးတောင်ရွာမှာ စကစနှင့် PDF တွေ ခြောက်ရက်ဆက် တိုက်ပွဲဖြစ်ပြီး စကစ(၂၀)ဝန်းကျင် ေသ

ဝန်းသိုနယ် ဂျိုးတောင်ရွာမှာ စကစနှင့် PDF တွေ ခြောက်ရက်ဆက် တိုက်ပွဲဖြစ်ပြီး စကစ(၂၀)ဝန်းကျင် သေ၊

ဧပြီ – ၂၀

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ဝန်းသိုမြို့နယ်ရှိ ဂျိုးတောင်ကျေးရွာမှာ စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)တွေ ခြောက်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၀)နီးပါး သေကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဝန်းသို PDF နဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

ဧပြီ(၁၅)ရက်ကနေ့ ဒီကနေ့ ဧပြီ(၂၀)ရက်အထိ ဂျိုးတောင်ကျေးရွာမှာ စစ်အုပ်စုနှင့် PDF တွေ ခြောက်ရက်ဆက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိနာ အသေများခဲ့တာလို့ ဆိုပါတယ်။

“ဝန်းသိုမှာ တိုက်ပွဲဖြစ်တာ ခြောက်ရက်လောက်ရှိပြီ။ မနေ့တိုက်ပွဲမှာ စကစဘက်က (၂၀)နီးပါးလောက် ကျတယ်လို့ သိရတယ်။ အဲဒါကတော့ Confirm (အတည်ပြုနိုင်) ဖြစ်တယ်” လို့ PDF နှင့် နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

ဧပြီ(၁၇)ရက်က ညနေပိုင်းက ဝန်းသိုမြို့နယ် ဂျိုးတောင်တိုက်နယ်၊ သင်္ချိုင်းကုန်းအရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲမှာလည်း စစ်အုပ်စုဘက်က ခြောက်ဦး သေကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို PDF ရဲဘော်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သတင်းကြားရကြောင်း ကောလင်း ဒေသခံတွေက ဆိုပါတယ်။

ဝန်းသိုနယ်ထဲ စစ်အုပ်စုနှင့် PDF တပ်ဖွဲ့တွေကြား ခြောက်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဂျိုထောင်တိုက်နယ် အပါအဝင် ဝန်းသိုနယ် ကျေးရွာ (၁၆)ရွာက လူဦးရေ တစ်သောင်းကျော် စစ်ဘေးရှေင် ထွက်ပြေးနေရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်အုပ်စုဘက်ကတော့ ကောလင်းခရိုင်အတွင်းက မြို့နယ်တွေကို ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ထားပြီး ထိုးစစ်ဆင်နေသလို ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ် တာတွေ လုပ်ဆောင်နေပါတယ်။

ဧပြီလဆန်းပိုင်းက ကောလင်းခရိုင်အတွင်းက ပင်လည်ဘူးမြို့မှာလည်း စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား (၁၀)ရက်ကြာ တိုက်ပွဲပြင်ထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)နီးပါး သေကာ PDF တွေဘက်က ရှစ်ဦး ကျဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။#MFP

ဝန်းသိုမြို့က နယ်ချဲ့ တော်လှန်ရေးခေါင်းဆောင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ရုပ်တုကို တွေ့ရစဉ်/Photo – CJ