ၾကားသိသမွ်

ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်ကို နောက်ထပ်ဖမ်းဝရမ်းထုတ်

ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်ကို နောက်ထပ်ဖမ်းဝရမ်းထုတ်

ဘန်ကောက်၊ ဧပြီ ၂၀

ထိုင်းတရားရုံးချုပ်၏ နိုင်ငံရေးတာဝန်ယူထားသူများထိန်းသိမ်းရေးမှုခင်းဌာနခွဲက အင်္ဂါနေ့မှာ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာကို နောက်ထပ်ဖမ်းဝရမ်းထုတ်လိုက်သည်။


Roadshow to Future Thailand 2020 စီမံကိန်းအတွက်ငွေစုဆောင်းရာတွင် အကျင့်ပျက်ခြစားမှုရှိ‌ေကြာင်း စွပ်စွဲချက်အတွက် ယင်လပ်နှင့်နောက်ထပ် ၅ ယောက် တရားရင်ဆိုင်ရဖို့ရှိ‌ေသာ်လည်း ယင်လပ်တရားရုံးရောက်မလာနိုင်သည့်အတွက် ဝရမ်းထုတ်ခြင်းဖြစ်သည်။

နောက်ထပ် ၅ ယောက်သည် ယင်လပ်ဝန်ကြီးချုပ်ဖြစ်စဥ်က ဒုတိယဝန်ကြီးချုပ် နီဝက်သမ်ရောင် ဘွန်ဆောင်ပိုင်ဆန်၊ ယင်လပ်ဧ။်အထွေထွေအတွင်းရေးမှူး ဆူရာနန် ဗီဂျာဂျီဗာ၊ မာချီချောင်ကုမ္ပဏီ၊ ဆိုင်ယမ်စပို့ဆင်ဒီကိတ်ကုမ္ပဏီနှင့် ဆိုင်ယမ်စပို့ညွှန်ကြားရေးမှူး ရာဗီ လိုတောင်တို့ဖြစ်သည်။


ပုံမှန်တင်ဒါခေါ်ပြီး စီမံကိန်းအတွက် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ အထူးရွေးချယ်ရေးနည်းလမ်းနှင့်ရွေးချယ်ခဲ့သဖြင့် မာချီချောင်ကုမ္ပဏီ၊ ဆိုင်ယမ်စပို့ဆင်ဒီကိတ်ကုမ္ပဏီတို့လေလံအနိုင်ရခဲ့ခြင်းသည် နိုင်ငံအတွက် ဘတ် ၂၃၉.၇ သန်းထိခိုက်နစ်နာသည်ဟုဆိုကာ တရားစွဲထားသည်။

၂၀၁၃ ခုနှစ်၊ ဩဂုတ်နှင့် ၂၀၁၄ ခုနှစ်၊ မတ် ၁၂ ရက်ကြား အဆိုပါဖြစ်ရပ်ဖြစ်ခဲ့သည်။

အမှုအတွက် ပထမဆုံးရုံးချိန်းကို ဧပြီ ၁၉ ရက်တွင်စတင်ခဲ့ပြီး ယင်လပ်ကိုယ်စား သူ့ရှေ့နေက ရုံးချိန်တက်ခဲ့သည်။
ယင်လပ်က ရုံးချိန်းရွှေ့ရန် လုံလောက်‌ေသာအကြောင်းမပြနိုင်ချေ။

ထို့ကြောင့် ယင်လပ်ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ကျန် ၄ ယောက်တက်ရောက်ခဲ့ပေမဲ့ စွဲချက်များကို ငြင်းဆိုထားသည်။
နေုာက်ထပ်ရုံးချိန်းကို စက်တင်ဘာ ၁၂ ရက်မှာပြုလုပ်မည်ဟု ချိန်းဆိုထားသည်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်မှာ ဆန်အမတော်ကြေးအစီအစဉ်မအောင်မြင်သည့်အတွက် အပြစ်ဒဏ်ခံရန်ရှိ‌ေသာ်လည်း ယင်လပ်က ထိုင်းနိုင်ငံမှထွက်ပြေးခဲ့သည်။

သူ့ကို မျက်ကွယ်ထောင်ဒဏ် ၅ နှစ်ချမှတ်ထားပြီး ဝရမ်းလည်းထုတ်ထားသည်။

Source – Bangkok Post

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းယင္လပ္ကို ေနာက္ထပ္ဖမ္းဝရမ္းထုတ္

ဘန္ေကာက္၊ ဧၿပီ ၂၀

ထိုင္းတရား႐ုံးခ်ဳပ္၏ နိုင္ငံေရးတာဝန္ယူထားသူမ်ားထိန္းသိမ္းေရးမႈခင္းဌာနခြဲက အဂၤါေန႔မွာ ဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လပ္ ရွင္နာဝပ္ထရာကို ေနာက္ထပ္ဖမ္းဝရမ္းထုတ္လိုက္သည္။

Roadshow to Future Thailand 2020 စီမံကိန္းအတြက္ေငြစုေဆာင္းရာတြင္ အက်င့္ပ်က္ျခစားမႈရွိ‌ေၾကာင္း စြပ္စြဲခ်က္အတြက္ ယင္လပ္ႏွင့္ေနာက္ထပ္ ၅ ေယာက္ တရားရင္ဆိုင္ရဖို႔ရွိ‌ေသာ္လည္း ယင္လပ္တရား႐ုံးေရာက္မလာနိုင္သည့္အတြက္ ဝရမ္းထုတ္ျခင္းျဖစ္သည္။

ေနာက္ထပ္ ၅ ေယာက္သည္ ယင္လပ္ဝန္ႀကီးခ်ဳပ္ျဖစ္စဥ္က ဒုတိယဝန္ႀကီးခ်ဳပ္ နီဝက္သမ္ေရာင္ ဘြန္ေဆာင္ပိုင္ဆန္၊ ယင္လပ္ဧ။္အေထြေထြအတြင္းေရးမႉး ဆူရာနန္ ဗီဂ်ာဂ်ီဗာ၊ မာခ်ီေခ်ာင္ကုမၸဏီ၊ ဆိုင္ယမ္စပို႔ဆင္ဒီကိတ္ကုမၸဏီႏွင့္ ဆိုင္ယမ္စပို႔ညႊန္ၾကားေရးမႉး ရာဗီ လိုေတာင္တို႔ျဖစ္သည္။

ပုံမွန္တင္ဒါေခၚၿပီး စီမံကိန္းအတြက္ ေဆာင္ရြက္ခဲ့ျခင္းမဟုတ္ဘဲ အထူးေရြးခ်ယ္ေရးနည္းလမ္းႏွင့္ေရြးခ်ယ္ခဲ့သျဖင့္ မာခ်ီေခ်ာင္ကုမၸဏီ၊ ဆိုင္ယမ္စပို႔ဆင္ဒီကိတ္ကုမၸဏီတို႔ေလလံအနိုင္ရခဲ့ျခင္းသည္ နိုင္ငံအတြက္ ဘတ္ ၂၃၉.၇ သန္းထိခိုက္နစ္နာသည္ဟုဆိုကာ တရားစြဲထားသည္။

၂၀၁၃ ခုႏွစ္၊ ဩဂုတ္ႏွင့္ ၂၀၁၄ ခုႏွစ္၊ မတ္ ၁၂ ရက္ၾကား အဆိုပါျဖစ္ရပ္ျဖစ္ခဲ့သည္။

အမႈအတြက္ ပထမဆုံး႐ုံးခ်ိန္းကို ဧၿပီ ၁၉ ရက္တြင္စတင္ခဲ့ၿပီး ယင္လပ္ကိုယ္စား သူ႔ေရွ႕ေနက ႐ုံးခ်ိန္တက္ခဲ့သည္။
ယင္လပ္က ႐ုံးခ်ိန္းေရႊ႕ရန္ လုံေလာက္‌ေသာအေၾကာင္းမျပနိုင္ေခ်။

ထို႔ေၾကာင့္ ယင္လပ္ကို ဖမ္းဝရမ္းထုတ္ခဲ့ၿပီး က်န္ ၄ ေယာက္တက္ေရာက္ခဲ့ေပမဲ့ စြဲခ်က္မ်ားကို ျငင္းဆိုထားသည္။
ေႏုာက္ထပ္႐ုံးခ်ိန္းကို စက္တင္ဘာ ၁၂ ရက္မွာျပဳလုပ္မည္ဟု ခ်ိန္းဆိုထားသည္။

၂၀၁၇ ခုႏွစ္၊ ဩဂုတ္မွာ ဆန္အမေတာ္ေၾကးအစီအစဥ္မေအာင္ျမင္သည့္အတြက္ အျပစ္ဒဏ္ခံရန္ရွိ‌ေသာ္လည္း ယင္လပ္က ထိုင္းနိုင္ငံမွထြက္ေျပးခဲ့သည္။

သူ႔ကို မ်က္ကြယ္ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ထားၿပီး ဝရမ္းလည္းထုတ္ထားသည္။

Source – Bangkok Post