ၾကားသိသမွ်

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်သင်္ကြန်သံချပ်ထိုးခဲ့ကြသူတွေကို နှစ်သစ်ကူး ဂုဏ်ပြုဆုငွေချီးမြှင့်

သံချပ်အဖွဲ့တွေကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဂုဏ်ပြုဆုငွေချီးမြှင့်၊ သင်္ကြန်ကာလအတွင်း အွန်လိုင်းပေါ် သံချပ်တင်ခဲ့တဲ့ လင့်တွေကိုပေးပို့ပြီး ဆုငွေထုတ်ယူနိုင်

ဧပြီ ၂၀ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အွန်လိုင်းမီဒီယာများမှတဆင့် တော်လှန်သင်္ကြန်သံချပ်ထိုးခဲ့ကြသူတွေကို နှစ်သစ်ကူး ဂုဏ်ပြုဆုငွေချီးမြှင့်နေပါတယ်။

ယခုလို ဂုဏ်ပြုဆုငွေပေးအပ်ခြင်းက သင်္ကြန်ကာလအတွင်း အွန်လိုင်းမီဒီယာများမှတဆင့် တော်လှန်သင်္ကြန် သံချပ်ထိုးခဲ့ကြတဲ့ အဖွဲ့တွေကို ပေးအပ်တာဖြစ်ပြီးတော့ တော်လှန်သင်္ကြန်အဖွဲ့တွေ ကျန်ရှိနေသေးပါကလည်း သင်္ကြန်ကာလအတွင်း အွန်လိုင်းပေါ်တင်ခဲ့တဲ့လင့်တွေကို ပေးပို့ပြီး ဂုဏ်ပြုဆုငွေ ပေးအပ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။


နှစ်စဉ်ရိုးရာမပြတ်ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတဲ့ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်နှင့် ယခု ၂၀၂၂ ခုနှစ်တွေမှာ ပါဝင်ဆင်နွှဲခြင်းမပြုလုပ်ကြဘဲ တော်လှန်သင်္ကြန်အဖြစ် သတ်မှတ်ခဲ့ကြ တာပါ။

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက အွန်လိုင်းပေါ်မှတဆင့် သံချပ်တွေထိုးကာ ခေတ်သရုပ်ကို ပီပြင်ထင်ရှား စေတဲ့ စာသားများရွတ်ဆိုပြီး နှစ်သစ်ကူးကာလကို ဖြတ်သန်းခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့ သံချပ်တွေက တော်လှန်ရေးရဲ့ သရုပ်သကန်၊ သင်္ကြန်သံချပ်တို့ရဲ့ အနှစ်သာရတို့ကိုပေါ်လွင်စေပြီး ပြည်သူလူထုကို စိတ်အားတက်ကြွစေရုံသာမက ဘဝအမောပြေစေမယ့် ရသတို့ကိုလည်း ပေးစွမ်းနိုင်ခဲ့တာ တွေ့မြင်ခဲ့ရတယ်လို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။


ဒီလိုအချက်တွေကြောင့်လည်း သံချပ်အဖွဲ့တွေကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ချီးမြှင့်ရတာလို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ – ဝန်ကြီးချုပ်က ဆုငွေချီးမြှင့်ပေးထားတဲ့ သံချပ်အဖွဲ့တွေရဲ့ မှတ်တမ်းလွှာ။

#PVTV

သံခ်ပ္အဖြဲ႕ေတြကို ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ဂုဏ္ျပဳဆုေငြခ်ီးျမႇင့္၊ သၾကၤန္ကာလအတြင္း အြန္လိုင္းေပၚ သံခ်ပ္တင္ခဲ့တဲ့ လင့္ေတြကိုေပးပို႔ၿပီး ဆုေငြထုတ္ယူနိုင္

ဧၿပီ ၂၀ ၊ ၂၀၂၂

အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက အြန္လိုင္းမီဒီယာမ်ားမွတဆင့္ ေတာ္လွန္သၾကၤန္သံခ်ပ္ထိုးခဲ့ၾကသူေတြကို ႏွစ္သစ္ကူး ဂုဏ္ျပဳဆုေငြခ်ီးျမႇင့္ေနပါတယ္။

ယခုလို ဂုဏ္ျပဳဆုေငြေပးအပ္ျခင္းက သၾကၤန္ကာလအတြင္း အြန္လိုင္းမီဒီယာမ်ားမွတဆင့္ ေတာ္လွန္သၾကၤန္ သံခ်ပ္ထိုးခဲ့ၾကတဲ့ အဖြဲ႕ေတြကို ေပးအပ္တာျဖစ္ၿပီးေတာ့ ေတာ္လွန္သၾကၤန္အဖြဲ႕ေတြ က်န္ရွိေနေသးပါကလည္း သၾကၤန္ကာလအတြင္း အြန္လိုင္းေပၚတင္ခဲ့တဲ့လင့္ေတြကို ေပးပို႔ၿပီး ဂုဏ္ျပဳဆုေငြ ေပးအပ္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာထားပါတယ္။

ႏွစ္စဥ္ရိုးရာမျပတ္ေပ်ာ္ရႊင္စြာဆင္ႏႊဲခဲ့ၾကတဲ့ ျမန္မာ့ႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္မွာ အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ခုႏွစ္ႏွင့္ ယခု ၂၀၂၂ ခုႏွစ္ေတြမွာ ပါဝင္ဆင္ႏႊဲျခင္းမျပဳလုပ္ၾကဘဲ ေတာ္လွန္သၾကၤန္အျဖစ္ သတ္မွတ္ခဲ့ၾက တာပါ။

ျပည္သူ႔ကာကြယ္ေရးရဲေဘာ္ေတြက အြန္လိုင္းေပၚမွတဆင့္ သံခ်ပ္ေတြထိုးကာ ေခတ္သ႐ုပ္ကို ပီျပင္ထင္ရွား ေစတဲ့ စာသားမ်ားရြတ္ဆိုၿပီး ႏွစ္သစ္ကူးကာလကို ျဖတ္သန္းခဲ့ၾကၿပီး ျပည္သူ႔ကာကြယ္ေရး ရဲေဘာ္ေတြရဲ့ သံခ်ပ္ေတြက ေတာ္လွန္ေရးရဲ့ သ႐ုပ္သကန္၊ သၾကၤန္သံခ်ပ္တို႔ရဲ့ အႏွစ္သာရတို႔ကိုေပၚလြင္ေစၿပီး ျပည္သူလူထုကို စိတ္အားတက္ႂကြေစ႐ုံသာမက ဘဝအေမာေျပေစမယ့္ ရသတို႔ကိုလည္း ေပးစြမ္းနိုင္ခဲ့တာ ေတြ႕ျမင္ခဲ့ရတယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာထားပါတယ္။

ဒီလိုအခ်က္ေတြေၾကာင့္လည္း သံခ်ပ္အဖြဲ႕ေတြကို ေလးစားဂုဏ္ျပဳတဲ့ အေနနဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္က ဂုဏ္ျပဳဆုေငြ ခ်ီးျမႇင့္ရတာလို႔လည္း ေဖာ္ျပထားပါတယ္။

ဓာတ္ပုံ – ဝန္ႀကီးခ်ဳပ္က ဆုေငြခ်ီးျမႇင့္ေပးထားတဲ့ သံခ်ပ္အဖြဲ႕ေတြရဲ့ မွတ္တမ္းလႊာ။

#PVTV