ၾကားသိသမွ်

အရာတော်ရှိ စစ်ကောင်စီတပ်၏ တင့်ကားတပ်ကို Drone ဖြင့် ဗုံးကြဲ (ရုပ်သံ)

အရာတော်ရှိ စစ်ကောင်စီတပ်၏ တင့်ကားတပ်ကို Drone ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တင့်ကားတပ်ကို ဧပြီလ(၁၉)ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။

အ‌ရာတော်မြို့နယ်ရှိ အမှတ်(၅၀၀၄)တင့်ကားတပ်ကို မြောက်ပိုင်းညီနောင်တပ်ဖွဲ့များဖြစ်သည့် လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ နှင့် ဗိုလ်မိုးသီးအဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုအား မြို့နယ်ပကဖ၏ ထောက်ပံ့မှုဖြင့် ဒရုန်းအပြင် မိုင်တဲတာဝါတိုင်မှ ကုန်ကြမ်းရရှိသော အဝေးပစ်လက်နက်ကြီးနှင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် အမှတ်(၅၀၀၄)တင့်ကားတပ်၏ လက်နက်တိုက် မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။