ၾကားသိသမွ်

ကမ္ဘာ့အမွေအနှစ်ဒေသ ယူနက်စကို စာရင်းဝင် ပုဂံမှာရှိတဲ့ ‌စေတီနှစ်ဆူကရှေးဟောင်း ကျောက်ဆစ်လက်ရာ ဘုရားဆင်းတုများ အခိုးခံရ

ပုဂံဒေသက ရှေးဟောင်း ကျောက်ဆစ်လက်ရာ ဘုရားဆင်းတုများ အခိုးခံရ

MFP ၊ ဧပြီ – ၁၉

ကမ္ဘာ့အမွေအနှစ်ဒေသ ယူနက်စကို စာရင်းဝင် ပုဂံမှာရှိတဲ့ ‌စေတီနှစ်ဆူက ရှေးဟောင်း ကျောက်ဆစ်လက်ရာ ဘုရားဆင်းတုတွေကို ခိုးယူခံလိုက်ရတယ်လို့ သိရပါတယ်။


ပုဂံဘုရား အမှတ် (၄၁၈)နဲ့ (၇၁၆) က ကျောက်ဆစ်လက်ရာတွေ ခိုးယူခံလိုက်ရတာဖြစ်ပြီး အမှတ် (၄၁၈)က ဦးခေါင်းသုံးလုံးဗြမ္ဗာရုပ်နဲ့ အမှတ် (၇၁၆)က ရှိတဲ့ဆင်းတုတွေ အကုန်ဖြုတ်ခိုးသွားတာ ဖြစ်တယ်လို့ အရပ်သားပညာရှင်တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

” အဲ့လောက်စိန်ပြေနပြေ ထိုင်ဖြုတ်၊ ထိုင်ခိုးပုံထောက်တော့ အဟမ်း အဟမ်း မောင်ဘကြမ်းပါ။


တော်ရုံ ဇ တော့ မဟုတ်ပါဘူး။ အမှန်တော့ အခိုးခံလိုက်ရတဲ့ဘုရားကို ညွှန်မှူးကြီးက ၂၀၂၁ ခုနှစ် ၁၁ လပိုင်းမှာရောက်ခဲ့ပြီးဖြစ်ပါသတဲ့။

ရောက်ရှိပီး၊ ဓာတ်ပုံရိုက်ပီး ၊ မှန်တမ်းတင်ပီး ဖြစ်သတဲ့။ သို့ပေမယ့် တံခါးတပ်ဖို့ မညွှန်ကြားခဲ့သလို ၊ တစ်စုံတစ်ရာ အကွယ်အကာလည်း မလုပ်ဖဲထားခဲ့ကြတာ အခိုးခံရတဲ့ အထိပါဘဲ ” လို့ အဲဒီပညာရှင်က ပြောဆိုပါတယ်။

နှစ်ပေါင်းထောင်ချီနေပြီဖြစ်တဲ့ ပုဂံဒေသဟာ မြန်မာတို့ရဲ့ အသည်းနှလုံးလို့ တင်စားခံရပြီး ရှေးမြန်မာလက်ရာ အမွေအနှစ်များစွာ ရှိနေတာပါ။


ပြည်တွင်းပြည်ပ ခရီးသွားများစွာ လာရောက်လည်ပတ်ကြတဲ့ဒေသဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလာခွင့် ပိတ်ပင်ပြီးနောက် ပြည်တွင်းဘုရားဖူးအနည်းငယ်သာ လာရောက်တဲ့နေရာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာတော့ ပြည်တွင်းခရီးသွားတွေ စုပြုံကျလာပြီး ဟိုတယ်၊ တည်းခိုခန်းတွေ အခန်းပြည့်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ပုဂံဒေသကို ထိန်းသိမ်းကာကွယ်နေတဲ့ အရပ်သားပညာရှင်ကတော့ ၂၀၁၂ ခုနှစ် မေလ (၁၁)ရက်က မှတ်တမ်းတင်ထားတဲ့ အဲဒီလက်ရာတွေကို ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပြီး တွေ့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ တိုက်တွန်းပါတယ်။

” ဒီလက်ရာတွေကိုတွေ့ရင် သက်ဆိုင်ရာဌာနတွေကိုဘဲ အကြောင်းကြားပေးကြပါ။ အကြောင်း ကြားတဲ့အခါ လူအများနဲ့ဖြစ်ပါစေ။ ရန်ကုန်၊ မန်း နှင့် မြို့တွင်း ပြည်တွင်းမှာဘဲရှိနေဦးမယ်လို့ထင်ပါတယ် ” လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ပုဂံဟာ ယူနက်စကိုဝင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

အခိုးခံလိုက်ရသည့် လက်ရာနှင့် ၂၀၂၁ ခုနှစ်က မှတ်တမ်းတင်ထားသည့် ပုဂံကျောက်ဆစ်လက်ရာများ/ ဓာတ်ပုံ – ZML

ပုဂံေဒသက ေရွးေဟာင္း ေက်ာက္ဆစ္လက္ရာ ဘုရားဆင္းတုမ်ား အခိုးခံရ

MFP ၊ ဧၿပီ – ၁၉

ကမၻာ့အေမြအႏွစ္ေဒသ ယူနက္စကို စာရင္းဝင္ ပုဂံမွာရွိတဲ့ ‌ေစတီႏွစ္ဆူက ေရွးေဟာင္း ေက်ာက္ဆစ္လက္ရာ ဘုရားဆင္းတုေတြကို ခိုးယူခံလိုက္ရတယ္လို႔ သိရပါတယ္။

ပုဂံဘုရား အမွတ္ (၄၁၈)နဲ႔ (၇၁၆) က ေက်ာက္ဆစ္လက္ရာေတြ ခိုးယူခံလိုက္ရတာျဖစ္ၿပီး အမွတ္ (၄၁၈)က ဦးေခါင္းသုံးလုံးျဗမၺာ႐ုပ္နဲ႔ အမွတ္ (၇၁၆)က ရွိတဲ့ဆင္းတုေတြ အကုန္ျဖဳတ္ခိုးသြားတာ ျဖစ္တယ္လို႔ အရပ္သားပညာရွင္တစ္ဦးက လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

” အဲ့ေလာက္စိန္ေျပနေၿပ ထိုင္ျဖဳတ္၊ ထိုင္ခိုးပုံေထာက္ေတာ့ အဟမ္း အဟမ္း ေမာင္ဘၾကမ္းပါ။

ေတာ္႐ုံ ဇ ေတာ့ မဟုတ္ပါဘူး။ အမွန္ေတာ့ အခိုးခံလိုက္ရတဲ့ဘုရားကို ညႊန္မႉးႀကီးက ၂၀၂၁ ခုႏွစ္ ၁၁ လပိုင္းမွာေရာက္ခဲ့ၿပီးျဖစ္ပါသတဲ့။ ေရာက္ရွိပီး၊ ဓာတ္ပုံရိုက္ပီး ၊ မွန္တမ္းတင္ပီး ျဖစ္သတဲ့။ သို႔ေပမယ့္ တံခါးတပ္ဖို႔ မညႊန္ၾကားခဲ့သလို ၊ တစ္စုံတစ္ရာ အကြယ္အကာလည္း မလုပ္ဖဲထားခဲ့ၾကတာ အခိုးခံရတဲ့ အထိပါဘဲ ” လို႔ အဲဒီပညာရွင္က ေျပာဆိုပါတယ္။

ႏွစ္ေပါင္းေထာင္ခ်ီေနၿပီျဖစ္တဲ့ ပုဂံေဒသဟာ ျမန္မာတို႔ရဲ့ အသည္းႏွလုံးလို႔ တင္စားခံရၿပီး ေရွးျမန္မာလက္ရာ အေမြအႏွစ္မ်ားစြာ ရွိေနတာပါ။

ျပည္တြင္းျပည္ပ ခရီးသြားမ်ားစြာ လာေရာက္လည္ပတ္ၾကတဲ့ေဒသျဖစ္ၿပီး ကိုဗစ္ကပ္ေရာဂါေၾကာင့္ ခရီးသြားလာခြင့္ ပိတ္ပင္ၿပီးေနာက္ ျပည္တြင္းဘုရားဖူးအနည္းငယ္သာ လာေရာက္တဲ့ေနရာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သၾကၤန္ကာလအတြင္းမွာေတာ့ ျပည္တြင္းခရီးသြားေတြ စုျပဳံက်လာၿပီး ဟိုတယ္၊ တည္းခိုခန္းေတြ အခန္းျပည့္တဲ့အထိ ျဖစ္ခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ပုဂံေဒသကို ထိန္းသိမ္းကာကြယ္ေနတဲ့ အရပ္သားပညာရွင္ကေတာ့ ၂၀၁၂ ခုႏွစ္ ေမလ (၁၁)ရက္က မွတ္တမ္းတင္ထားတဲ့ အဲဒီလက္ရာေတြကို ဓာတ္ပုံေတြနဲ႔တကြ ထုတ္ျပန္ခဲ့ၿပီး ေတြ႕ရွိရင္ သက္ဆိုင္ရာကို အေၾကာင္းၾကားဖို႔ တိုက္တြန္းပါတယ္။

” ဒီလက္ရာေတြကိုေတြ႕ရင္ သက္ဆိုင္ရာဌာနေတြကိုဘဲ အေၾကာင္းၾကားေပးၾကပါ။ အေၾကာင္း ၾကားတဲ့အခါ လူအမ်ားနဲ႔ျဖစ္ပါေစ။ ရန္ကုန္၊ မန္း ႏွင့္ ၿမိဳ႕တြင္း ျပည္တြင္းမွာဘဲရွိေနဦးမယ္လို႔ထင္ပါတယ္ ” လို႔လည္း သူက ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ ပုဂံဟာ ယူနက္စကိုဝင္ခဲ့ၿပီး အာဏာသိမ္းၿပီးေနာက္မွာေတာ့ စစ္ေကာင္စီက ထိန္းသိမ္းေစာင့္ေရွာက္ေနတာ ျဖစ္ပါတယ္။

အခိုးခံလိုက္ရသည့္ လက္ရာႏွင့္ ၂၀၂၁ ခုႏွစ္က မွတ္တမ္းတင္ထားသည့္ ပုဂံေက်ာက္ဆစ္လက္ရာမ်ား/ ဓာတ္ပုံ – ZML