ၾကားသိသမွ်

သင်တန်းဆင်းဆင်းချင်း ဆုံးရှုံးမှုတွေမဖြစ်ပေါ်စေရေး လေ့ကျင့်သားပြည့်ဝအောင် သေချာလေ့ကျင့်ပေးဖို့နဲ့ ဗိုလ်လောင်းတွေကို ပြည့်ပြည့်ဝဝကျွေးဖို့ စစ်ခေါင်း ဆောင်မှာကြား

သင်တန်းဆင်းဆင်းချင်း ဆုံးရှုံးမှုတွေမဖြစ်ပေါ်စေရေး လေ့ကျင့်သားပြည့်ဝအောင် သေချာလေ့ကျင့်ပေးဖို့နဲ့ ဗိုလ်လောင်းတွေကို ပြည့်ပြည့်ဝဝကျွေးဖို့ စစ်ခေါင်း ဆောင်မှာကြား

ဧရာဝတီတိုင်းမ်

ဧပြီလ ၁၉ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်တပ်နယ်မှာ ရောက်ရှိနေတဲ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၄င်းရဲ့ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်လောင်းတွေကို သင်တန်းဆင်းဆင်းပြီးချင်း ဆုံးရှုံးမှုများမဖြစ်ပေါ်စေဖို့ သေချာစနစ်တကျသင်ကြားပေးဖို့မှာကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင်က ပြင်ဦးလွင်တပ်နယ်အတွင်းစစ်တက္က သိုလ်(DSA)၊စစ်နည်းပညာတက္ကသိုလ် (DSTA) ၊တပ်မ တော်အုပ်ချုပ်မှုကျောင်း(တအခ)က ကျောင်းအုပ်ကြီးတွေနဲ့နည်းပြအရာရှိကြီးတွေကို မနေ့ ဧပြီ ၁၈ ရက်က တွေ့ဆုံပြီးအခုလိုမှာကြားခဲ့တာပါ။

”နည်းပြများအနေဖြင့်သင်တန်းသားများကို သင်တန်းကာလအတွင်း တဦးချင်းဆီကို Checkလုပ်ရမှာဖြစ်ပြီး လေ့ကျင့်သားမပြည့်ဝခြင်းဟာ နိုင်ငံတော်အတွက် ဆုံး ရှုံးမှုများစွာကိုဖြစ်ပေါ်စေနိုင်လို့ လေ့ကျင့်သားပြည့်ဝအောင် စနစ်တကျလေ့ကျင့်ပေးရမှာဖြစ်တယ်”လို့ မှာ ကြားခဲ့တာပါ။

ဒါ့အပြင် အဲ့ဒီလိုလေ့ကျင့်ရာမှာ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာများကျန်းမာကြံ့ခိုင်အောင်လေ့ကျင့်ပေးရန်လိုကြောင်းနဲ့ အာဟာရပြည့်မီအောင်တွက်ချက်ပြီး ပြည့်ပြည့်ဝဝကျွေးရမှာဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်မှ သင်တန်းဆင်းပြီးကာစ အရာရှိငယ်များတိုက်ပွဲအတွင်းသေဆုံးမှုတွေမကြာခဏရှိနေပြီး စစ်အာဏာမသိမ်းမီ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလမှာ သင် တန်းဆင်းပေးလိုက်တဲ့ စစ်တက္ကသိုလ် အမှတ်စဥ် ၆၂ က ၂ ပွင့် ဗိုလ် ပြည့်စုံနိုင်နဲ့ ဗိုလ် လှိုင်မင်းဦး တို့ဟာသင်တန်း ဆင်းပြီး တနှစ်ကျော်အကြာ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရှမ်းပြည်နယ်၊မုံးကိုးဒေသနဲ့ ကယားပြည်နယ်၊ လွိုင်ကော် ဒေသတိုက်ပွဲတွေမှာ သေဆုံးမှုတွေအပါအဝင် ဒေသအနှံ့တိုက်ပွဲတွေမှာသင်တန်းဆင်းကာစ DSAနဲ့ DSTA ဆင်း အရာရှိငယ်တွေ အများအပြားပါဝင်နေတယ်လို့ သိရပါတယ်။

” ခုက ဆင်းကာစအရာရှိငယ်တွေ အကျဆုံးများနေတာတွေခပ်စိတ်စိတ်ဖြစ်လာနေတယ်လို့သိရတယ်။ အဲ့ဒါကြောင့် လေ့ကျင့်သားပြည့်ဝဖို့ကိုအဓိကထားပြီးမှာနေတာလို့ ထင်ပါတယ်” လို့ စစ်သက် ၁၄ နှစ်ကျော် တပ် မတော်သားအရာရှိဟောင်းတဦးက သုံးသပ်ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို သင်္ကြန်မတိုင်မီကပင်ရောက်ရှိနေတာဖြစ်ပြီး ပြင်ဦးလွင်မှာ တပတ်ကျော်ကြာအနီးကပ်နေထိုင်ကာ ၄င်းရဲ့လက် အောက်ခံဗိုလ်လောင်းတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စည်းရုံးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

မတ်လအတွင်းကလည်း စစ်ကောင်စီတပ်က ပြင်ဦးလွင် DSTA ဗိုလ်လောင်းတွေကို နေပြည်တော်ကစစ်သင်္ချိုင်း (တပ်အခေါ်သူရဲကောင်းဗိမာန်)ကို သွားရောက်လေ့လာခိုင်းခဲ့ပါသေးတယ်။