ၾကားသိသမွ်

လားရှိုး၊ မန်တုံနှင့် နမ့်ဆန်မြို့မှ တရားသူကြီး ၃ဦးအပါအဝင် ၇ဦးကို TNLA ဖမ်းဆီးထား

လားရှိုး၊ မန်တုံနှင့် နမ့်ဆန်မြို့မှ တရားသူကြီး ၃ဦးအပါအဝင် ၇ဦးကို TNLA ဖမ်းဆီးထား

မဲခေါင်၊ ဧပြီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် လားရှိုး၊ မန်တုံနှင့် နမ့်ဆန်က တရားသူကြီး ၃ဦးအပါအဝင် ၇ဦးကို တအာင်းတပ်မတော် (TNLA)မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းဌာန ရွှေဖီမြေက ဖော်ပြထားသည်။

နမ့်ဆန်မြို့၊ တောင်မလမ်းခွဲအနီးတွင် TNLAကမူးယစ်ဆေးဝါးများ စစ်ဆေးနေစဥ် မော်တော်ယာဉ်များစီးနင်းလာသည့် တရားသူကြီး ၃ဦးနှင့် ၎င်းတို့နှင့် လိုက်ပါလာသူ ၄ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“ကား ၂စီး၊ ၃စီးလားမသိဘူး၊ မနက် ၁၀နာရီခွဲလောက်က တစ်ဖွဲ့လုံး အဖမးခံလိုက်ရတယ်။ ဘာမှဆက်သွယ်လို့ မရသေးဘူးပြောတယ်။ လားရှိုးတရားသူကြီးကတော့ နာမည်ကြီးပဲ။ ဆန္ဒပြတဲ့လူငယ်တွေကို အမိန့်ချမှတ်ထားတဲ့သူ”ဟု ၎င်းကပြောသည်။

ယင်းတောင်မလမ်းခွဲအနီးတွင် TNLAက မကြာခဏ မူးယစ်ဆေးဝါးစစ်ဆေးခြင်းမျိုးများ ပြုလုပ်လေ့ရှိပြီး ယခုဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းပြီးမှ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် TNLAပါဝင်သည့် မဟာမိတ်ညီနောင် ၃ဖွဲ့နှင့် အာဏာသိမ်းစစ်တပ်တို့ ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့သော်လည်း သင်္ကြန်မတိုင်မှီမှ ယနေ့အထိ စစ်ရေးငြိမ်သက်နေချိန်တွင် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လားရွိုး၊ မန္တုံႏွင့္ နမ့္ဆန္ၿမိဳ႕မွ တရားသူႀကီး ၃ဦးအပါအဝင္ ၇ဦးကို TNLA ဖမ္းဆီးထား

မဲေခါင္၊ ဧၿပီ ၁၉

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕တြင္ လားရွိုး၊ မန္တုံႏွင့္ နမ့္ဆန္က တရားသူႀကီး ၃ဦးအပါအဝင္ ၇ဦးကို တအာင္းတပ္မေတာ္ (TNLA)မွ ယေန႔နံနက္ပိုင္းက ဖမ္းဆီးသြားေၾကာင္း ေဒသတြင္းသတင္းဌာန ေရႊဖီေျမက ေဖာ္ျပထားသည္။

နမ့္ဆန္ၿမိဳ႕၊ ေတာင္မလမ္းခြဲအနီးတြင္ TNLAကမူးယစ္ေဆးဝါးမ်ား စစ္ေဆးေနစဥ္ ေမာ္ေတာ္ယာဥ္မ်ားစီးနင္းလာသည့္ တရားသူႀကီး ၃ဦးႏွင့္ ၎တို႔ႏွင့္ လိုက္ပါလာသူ ၄ဦးကို ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း နီးစပ္သူတစ္ဦးက ေျပာသည္။

“ကား ၂စီး၊ ၃စီးလားမသိဘူး၊ မနက္ ၁၀နာရီခြဲေလာက္က တစ္ဖြဲ႕လုံး အဖမးခံလိုက္ရတယ္။ ဘာမွဆက္သြယ္လို႔ မရေသးဘူးေျပာတယ္။ လားရွိုးတရားသူႀကီးကေတာ့ နာမည္ႀကီးပဲ။ ဆႏၵျပတဲ့လူငယ္ေတြကို အမိန႔္ခ်မွတ္ထားတဲ့သူ”ဟု ၎ကေျပာသည္။

ယင္းေတာင္မလမ္းခြဲအနီးတြင္ TNLAက မၾကာခဏ မူးယစ္ေဆးဝါးစစ္ေဆးျခင္းမ်ိဳးမ်ား ျပဳလုပ္ေလ့ရွိၿပီး ယခုဖမ္းဆီးခံရသူမ်ားကို စစ္ေဆးေမးျမန္းၿပီးမွ ေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ TNLAပါဝင္သည့္ မဟာမိတ္ညီေနာင္ ၃ဖြဲ႕ႏွင့္ အာဏာသိမ္းစစ္တပ္တို႔ ထိေတြ႕ပစ္ခတ္မႈမ်ား မၾကာခဏျဖစ္ပြားခဲ့ေသာ္လည္း သၾကၤန္မတိုင္မွီမွ ယေန႔အထိ စစ္ေရးၿငိမ္သက္ေနခ်ိန္တြင္ ယခုျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။