ၾကားသိသမွ်

စနိုက်ပါနှင့်ပစ်သည့် စစ်ကောင်စီတပ်အား လက်နက်ကြီးနှင့်ပြန်ထု (ရုပ်သံ)

စနိုက်ပါနှင့်ပစ်သည့် စစ်ကောင်စီတပ်အား လက်နက်ကြီးနှင့်ပြန်ထု (ရုပ်သံ)

မဲခေါင်၊ ဧပြီ ၁၉

စနိုက်ပါနှင့်ပစ်ခတ်တိုက်ခိုက်သည့် စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့်ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လေးကေ့ကော်ဒေသမှ ကော်ဘရာစစ်ကြောင်းက ယနေ့ထုတ်ပြန်သည်။

ယ‌မန်နေ့ (ဧပြီ ၁၈) ရက်နေ့ ည (၁၁) နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြှောက်ကုန်း) နှင့် ကြက်ကင်ကုန်း တို့မှ လေ့ကေ့ကော်ဒေသသို့ လက်နက်ကြီး ပစ်ခတ်မှု ရှိခဲ့သည်။

ထို့အပြင် လေ့ကေ့ကော်ဒေသ အနီးပတ်ဝန်းကျင်သို့ ယနေ့ ဧပြီ (၁၉) မနက် (၁၂:၀၂) နာရီမှ (၁၂:၁၁) နာရီအထိ တိုက်လေယာဉ်ဟု ယူဆရသော လေယာဉ်တစ်စီး ဝဲပျံ၍ လည်းကောင်း၊ ယနေ့မနက် (၆:၃၀) နာရီမှ (၆:၄၅)နာရီအထိ ATR (42) အမျိုးအစား ကင်းထောက်လေယာဉ်တစ်စီး (၇)ကြိမ်ထက်မနည်း ဝဲပျံလျက် ရှိခဲ့သည်။

ယနေ့မနက် (၁၁) နာရီ ဝန်းကျင်ခန့်တွင် လေ့ကေ့ကော်မြို့သစ်အနီး အကြမ်းဖက် စစ်ကောင်စီ အခြေချထားသော နေရာမှ စနိုက်ဘာဖြင့် ကော်ဘရာစစ်သည်များအား ချောင်းမြောင်းပစ်ခတ်ခဲ့သော်လည်း ထိခိုက်၊ကျဆုံး မရှိခဲ့ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ကော်ဘရာ လက်နက်ကြီး စစ်သည်တော်များမှ ပြန်လည်ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီ၏ စနိုက်ဘာနှင့် စက်လတ် ထားရာ နေရာများသို့ တိုက်ရိုက် ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အနည်းဆုံး (၅)ဦး ထိခိုက်သေဆုံးနိုင်ကြောင်း မျက်မြင်တွေ့ရှိချက်များအရ သိရသည်ဟု ထုတ်ပြန်သည်။

စနိုက္ပါႏွင့္ပစ္သည့္ စစ္ေကာင္စီတပ္အား လက္နက္ႀကီးႏွင့္ျပန္ထု (႐ုပ္သံ)

မဲေခါင္၊ ဧၿပီ ၁၉

စနိုက္ပါႏွင့္ပစ္ခတ္တိုက္ခိုက္သည့္ စစ္ေကာင္စီတပ္အား လက္နက္ႀကီးျဖင့္ျပန္လည္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ေလးေက့ေကာ္ေဒသမွ ေကာ္ဘရာစစ္ေၾကာင္းက ယေန႔ထုတ္ျပန္သည္။

ယ‌မန္ေန႔ (ဧၿပီ ၁၈) ရက္ေန႔ ည (၁၁) နာရီဝန္းက်င္ခန႔္တြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ စြယ္ေတာ္ကုန္း(အေျမႇာက္ကုန္း) ႏွင့္ ၾကက္ကင္ကုန္း တို႔မွ ေလ့ေက့ေကာ္ေဒသသို႔ လက္နက္ႀကီး ပစ္ခတ္မႈ ရွိခဲ့သည္။

ထို႔အျပင္ ေလ့ေက့ေကာ္ေဒသ အနီးပတ္ဝန္းက်င္သို႔ ယေန႔ ဧၿပီ (၁၉) မနက္ (၁၂:၀၂) နာရီမွ (၁၂:၁၁) နာရီအထိ တိုက္ေလယာဥ္ဟု ယူဆရေသာ ေလယာဥ္တစ္စီး ဝဲပ်ံ၍ လည္းေကာင္း၊ ယေန႔မနက္ (၆:၃၀) နာရီမွ (၆:၄၅)နာရီအထိ ATR (42) အမ်ိဳးအစား ကင္းေထာက္ေလယာဥ္တစ္စီး (၇)ႀကိမ္ထက္မနည္း ဝဲပ်ံလ်က္ ရွိခဲ့သည္။

ယေန႔မနက္ (၁၁) နာရီ ဝန္းက်င္ခန႔္တြင္ ေလ့ေက့ေကာ္ၿမိဳ႕သစ္အနီး အၾကမ္းဖက္ စစ္ေကာင္စီ အေျခခ်ထားေသာ ေနရာမွ စနိုက္ဘာျဖင့္ ေကာ္ဘရာစစ္သည္မ်ားအား ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့ေသာ္လည္း ထိခိုက္၊က်ဆုံး မရွိခဲ့ဟု ေကာ္ဘရာစစ္ေၾကာင္းက ထုတ္ျပန္သည္။

ေကာ္ဘရာ လက္နက္ႀကီး စစ္သည္ေတာ္မ်ားမွ ျပန္လည္ပစ္ခတ္ရာ အၾကမ္းဖက္စစ္ေကာင္စီ၏ စနိုက္ဘာႏွင့္ စက္လတ္ ထားရာ ေနရာမ်ားသို႔ တိုက္ရိုက္ ထိမွန္ခဲ့ၿပီး အၾကမ္းဖက္စစ္ေကာင္စီဘက္မွ အနည္းဆုံး (၅)ဦး ထိခိုက္ေသဆုံးနိုင္ေၾကာင္း မ်က္ျမင္ေတြ႕ရွိခ်က္မ်ားအရ သိရသည္ဟု ထုတ္ျပန္သည္။