ၾကားသိသမွ်

ပုလဲမြို့နယ်က မီးဘေးသင့်ရွာတွေကို အလှုရှင်အဖွဲ့ ၅ ဖွဲ့ပေါင်းပြီး ၅ သောင်းတန်အိမ် ၃၁၂ လုံးကို လှူဒါန်းနိုင်ခဲ့

ပုလဲမြို့နယ်က မီးဘေးသင့်ရွာတွေကို အလှုရှင်အဖွဲ့ ၅ ဖွဲ့ပေါင်းပြီး ၅ သောင်းတန်အိမ် ၃၁၂ လုံးကို လှူဒါန်းနိုင်ခဲ့

ဧပြီ ၁၈၊ ၂၀၂၂

ပုလဲမြို့နယ်ထဲက မီးဘေးသင့် ရွာတွေကို ၅သောင်းတန် ယာယီတဲစုစုပေါင်း ၃၁၂ လုံးကို အလှူငွေကောက်ခံတဲ့ အဖွဲ့ ၅ ဖွဲ့ပေါင်းပြီး အိမ်အလုံးပေါင်း ၃၁၂ လုံးကိုလှူဒါန်းနိုင်ခဲ့ပါတယ်။


အခုလို လှူဒါန်းနဲ့ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ ပြည်သူကနေ ပြည်သူဆီကို တိုက်ရိုက်လှူဒါန်းတယ်ဆိုတာ မြင့်မြတ်ပါ တယ်။ ပြည်သူအချင်းချင်းကာကွယ်စောင့်ရှောက်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်” လို့ ၅ သောင်းတန်အိမ်လှူဒါန်းမှုနဲ့ ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။


ဂျပန်ပြည်ကတွဲလက်များအဖွဲ့က အိမ် ၁၇၂လုံးအတွက် ငွေကျပ် ၈၆သိန်း၊ ယန်းတစ်ရာ နေ့စဥ်စုအဖွဲ့က အိမ် ၆၀ လုံးစာငွေကျပ် သိန်း ၃၀၊ 1 $ For Snack ကလည်း အိမ်အလုံး ၄၀ အတွက် ငွေကျပ် သိန်း ၂၀၊ LDB(Nagoya) က အိမ် ၁၀ လုံးစာအတွက် ၅ သိန်း၊ Myanmar Global Support Foundation ကလည်း အိမ်အလုံး ၂၀ အတွက် ၁၀ သိန်းနဲ့ V Camp ကလည်း အိမ် ၁၀လုံးအတွက် ငွေ ၅ သိန်း ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

အိမ်အတွက် ထပ်မံလှူဒါန်းလိုပါက ယန်းတစ်ရာ နေ့စဉ်စုအဖွဲ့၊ Myanmar Global Support Foundation နဲ့ people’s Hope Spring Revolution (ပြည်သူ့ရင်သွေး နွေဦးတော်လှန်ရေး) အဖွဲ့များကို ဆက်သွယ်လှူဒါန်းနိုင် ပါတယ်။


ပန်းရွာမှာ မီးလောင်ပြာကျ ၁၅၆ လုံးနဲ့ တစ်ပိုင်းတစ်စမီးလောင် ၇ လုံး၊ မွေ့တုံရွာမှာ မီးလောင်ပြာကျ အိမ် ၁၇၀လုံး၊ လှော်ကားကြီးရွာမှာ မီးလောင်ပြာကျ အိမ် ၃၃၀ လုံး၊ တစ်ပိုင်းတစ်စလောင် အိမ် ၉၀ လုံး၊ ကိုင်းတွင်းရွာမှာ မီးလောင်ပြာကျ ၁၂၀လုံးနဲ့ တစ်ပိုင်းတစ်စလောင် ၉ လုံးတို့ရှိတယ်လို့မြေပြင် အချက် အလက်အရ သိရပါတယ်။#VBJ

ပုလဲၿမိဳ႕နယ္က မီးေဘးသင့္ရြာေတြကို အလႈရွင္အဖြဲ႕ ၅ ဖြဲ႕ေပါင္းၿပီး ၅ ေသာင္းတန္အိမ္ ၃၁၂ လုံးကို လႉဒါန္းနိုင္ခဲ့

ဧၿပီ ၁၈၊ ၂၀၂၂

ပုလဲၿမိဳ႕နယ္ထဲက မီးေဘးသင့္ ရြာေတြကို ၅ေသာင္းတန္ ယာယီတဲစုစုေပါင္း ၃၁၂ လုံးကို အလႉေငြေကာက္ခံတဲ့ အဖြဲ႕ ၅ ဖြဲ႕ေပါင္းၿပီး အိမ္အလုံးေပါင္း ၃၁၂ လုံးကိုလႉဒါန္းနိုင္ခဲ့ပါတယ္။

အခုလို လႉဒါန္းနဲ႔ပတ္သက္ၿပီး လူသားခ်င္းစာနာေထာက္ထားမႈနဲ႔ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက “ ျပည္သူကေန ျပည္သူဆီကို တိုက္ရိုက္လႉဒါန္းတယ္ဆိုတာ ျမင့္ျမတ္ပါ တယ္။ ျပည္သူအခ်င္းခ်င္းကာကြယ္ေစာင့္ေရွာက္တဲ့အတြက္ ဝမ္းေျမာက္ဂုဏ္ယူပါတယ္” လို႔ ၅ ေသာင္းတန္အိမ္လႉဒါန္းမႈနဲ႔ ပတ္သက္ၿပီးေျပာၾကားခဲ့ပါတယ္။

ဂ်ပန္ျပည္ကတြဲလက္မ်ားအဖြဲ႕က အိမ္ ၁၇၂လုံးအတြက္ ေငြက်ပ္ ၈၆သိန္း၊ ယန္းတစ္ရာ ေန႔စဥ္စုအဖြဲ႕က အိမ္ ၆၀ လုံးစာေငြက်ပ္ သိန္း ၃၀၊ 1 $ For Snack ကလည္း အိမ္အလုံး ၄၀ အတြက္ ေငြက်ပ္ သိန္း ၂၀၊ LDB(Nagoya) က အိမ္ ၁၀ လုံးစာအတြက္ ၅ သိန္း၊ Myanmar Global Support Foundation ကလည္း အိမ္အလုံး ၂၀ အတြက္ ၁၀ သိန္းနဲ႔ V Camp ကလည္း အိမ္ ၁၀လုံးအတြက္ ေငြ ၅ သိန္း ထည့္ဝင္လႉဒါန္းခဲ့ပါတယ္။

အိမ္အတြက္ ထပ္မံလႉဒါန္းလိုပါက ယန္းတစ္ရာ ေန႔စဥ္စုအဖြဲ႕၊ Myanmar Global Support Foundation နဲ႔ people’s Hope Spring Revolution (ျပည္သူ႔ရင္ေသြး ေႏြဦးေတာ္လွန္ေရး) အဖြဲ႕မ်ားကို ဆက္သြယ္လႉဒါန္းနိုင္ ပါတယ္။

ပန္းရြာမွာ မီးေလာင္ျပာက် ၁၅၆ လုံးနဲ႔ တစ္ပိုင္းတစ္စမီးေလာင္ ၇ လုံး၊ ေမြ႕တုံရြာမွာ မီးေလာင္ျပာက် အိမ္ ၁၇၀လုံး၊ ေလွာ္ကားႀကီးရြာမွာ မီးေလာင္ျပာက် အိမ္ ၃၃၀ လုံး၊ တစ္ပိုင္းတစ္စေလာင္ အိမ္ ၉၀ လုံး၊ ကိုင္းတြင္းရြာမွာ မီးေလာင္ျပာက် ၁၂၀လုံးနဲ႔ တစ္ပိုင္းတစ္စေလာင္ ၉ လုံးတို႔ရွိတယ္လို႔ေျမျပင္ အခ်က္ အလက္အရ သိရပါတယ္။#VBJ