ၾကားသိသမွ်

ပုလဲမြို့နယ်အတွင်း တိုက်ပွဲနှစ်ခုမှာ အကြမ်းဖက်စစ်သား ၃၃ ယောက် ေသတယ်လို့ ဗိုလ်နဂါးပြော

ပုလဲမြို့နယ်အတွင်း တိုက်ပွဲနှစ်ခုမှာ အကြမ်းဖက်စစ်သား ၃၃ ယောက်သေတယ်လို့ ဗိုလ်နဂါးပြော

ဧပြီ ၁၉ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲနှစ်ခုဖြစ် ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၃၃ ယောက်သေတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါးက သတင်းထုတ် ပြန်လိုက်ပါတယ်။

မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မင်းတိုင်ပင်ရွာဘက်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၁၀၀ ကျော် ပါတဲ့ စစ်ကြောင်းကို ၃ ကြိမ်တိုင်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အခုလို အသေများရတာလို့ ဗိုလ်နဂါးက ပြောထားပါတယ်။

ပထမအကြိမ်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ဧပြီ ၁၈ ရက် မနက် ၉ နာရီခန့်လောက်မှာ မြန်မာ့တော်ဝင်နဂါး တပ်တော်(MRDA) တပ်ခွဲမှ ပုလဲမြို့နယ်၊ ဆင်ရှင်နှင့်ကြောင်သန်းကျေးရွာအကြားမှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ခြုံခိုဖြတ်တောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီအဖွဲ့မှ ၃ ယောက်သေတယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

အဲဒီနေ့ နေ့လည် ၁ နာရီကနေ ညနေ ၄ နာရီခန့်အထိ ပုလဲမြို့နယ်၊ အရှေ့သီ တင်းကျေးရွာအနီးမှာ ထပ်မံကြား ဖြတ်တိုက်ခဲ့ပြီးတော့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းမှ တပ်သား ၃၀ ကျော်သေဆုံးနိုင်တယ်လို့ MRDA က အတည်ပြုထားတာ တွေ့ရပါတယ်။

တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ခွဲမှ နဂါးစစ်သည်တော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တော့ စိုးရိမ်စရာမရှိဘူးလို့လည်း အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ- (မြန်မာ့တော်ဝင်နဂါးတပ်တော်မှတပ်ဖွဲ့ဝင်များ)

#PVTV

ပုလဲၿမိဳ႕နယ္အတြင္း တိုက္ပြဲႏွစ္ခုမွာ အၾကမ္းဖက္စစ္သား ၃၃ ေယာက္ေသတယ္လို႔ ဗိုလ္နဂါးေျပာ

ဧၿပီ ၁၉ ၊ ၂၀၂၂

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္အတြင္းမွာ အၾကမ္းဖက္စစ္တပ္နဲ႔ တိုက္ပြဲႏွစ္ခုျဖစ္ ပြားခဲ့ရာ အၾကမ္းဖက္စစ္သား ၃၃ ေယာက္ေသတယ္လို႔ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္(MRDA)ရဲ့ ေခါင္းေဆာင္ျဖစ္သူ ဗိုလ္နဂါးက သတင္းထုတ္ ျပန္လိုက္ပါတယ္။

မေန႔ကျဖစ္ခဲ့တဲ့ တိုက္ပြဲမွာ မင္းတိုင္ပင္ရြာဘက္က ထြက္လာတဲ့ အၾကမ္းဖက္စစ္တပ္ရဲ့ အင္အား ၁၀၀ ေက်ာ္ ပါတဲ့ စစ္ေၾကာင္းကို ၃ ႀကိမ္တိုင္တိုင္ ၾကားျဖတ္တိုက္ခိုက္ခဲ့လို႔ အခုလို အေသမ်ားရတာလို႔ ဗိုလ္နဂါးက ေျပာထားပါတယ္။

ပထမအႀကိမ္ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲက ဧၿပီ ၁၈ ရက္ မနက္ ၉ နာရီခန႔္ေလာက္မွာ ျမန္မာ့ေတာ္ဝင္နဂါး တပ္ေတာ္(MRDA) တပ္ခြဲမွ ပုလဲၿမိဳ႕နယ္၊ ဆင္ရွင္ႏွင့္ေၾကာင္သန္းေက်းရြာအၾကားမွာ အၾကမ္းဖက္စစ္ေကာင္စီ စစ္ေၾကာင္းကို ျခဳံခိုျဖတ္ေတာက္တိုက္ခိုက္ခဲ့ရာ အၾကမ္း ဖက္စစ္ေကာင္စီအဖြဲ႕မွ ၃ ေယာက္ေသတယ္လို႔ ထုတ္ ျပန္ခ်က္မွာ ေဖာ္ျပထားတာေတြ႕ရပါတယ္။

အဲဒီေန႔ ေန႔လည္ ၁ နာရီကေန ညေန ၄ နာရီခန္႔အထိ ပုလဲၿမိဳ႕နယ္၊ အေရွ႕သီ တင္းေက်းရြာအနီးမွာ ထပ္မံၾကား ျဖတ္တိုက္ခဲ့ၿပီးေတာ့ အဲဒီတိုက္ပြဲမွာ စစ္ေကာင္စီစစ္ေၾကာင္းမွ တပ္သား ၃၀ ေက်ာ္ေသဆုံးနိုင္တယ္လို႔ MRDA က အတည္ျပဳထားတာ ေတြ႕ရပါတယ္။

တိုက္ပြဲအတြင္း ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (MRDA) တပ္ခြဲမွ နဂါးစစ္သည္ေတာ္တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ၿပီး ေတာ့ စိုးရိမ္စရာမရွိဘူးလို႔လည္း အသိေပးထုတ္ျပန္ထားတာ ေတြ႕ရပါတယ္။

ဓာတ္ပုံ- (ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္မွတပ္ဖြဲ႕ဝင္မ်ား)

#PVTV