ၾကားသိသမွ်
အိမ်တစ်လုံး ကားတစ်စီးနဲ့ ထောင်ထဲထည့်ခွင့် အလကားရမယ့် အခွင့်အရေး ငါက လက်လွှတ်စရာလား ဆိုပြီးစိန်ခေါ်လိုက်တဲ့ မပန်ဆယ်လို
ပန်ဆယ်လို့ကို စိန်ခေါ်တယ်ဆိုရင် အကောင့်အစစ်မှာ ပန်ဆယ်လို့နာမည်ကို ဒဲ့ရေး၊ ကောမန့်ဖွင့်ပြီး စိန်ခေါ်ပါလား။
ငါကလည်း USက စောက်ရူးတွေထဲက တစ်ကောင်လောက်ကို အမြီးလှန်ချိုးဖို့ စောင့်နေတာ။ တကယ်လုပ်မယ်ဆိုတာ သိလို့ ငါ့အကြောင်းရေးရင် မူရင်းအကောင့်က ချက်ချင်းအကောင့်ကျချင်ယောင်ဆောင်ပြီး အခြားအကောင့်တု ပေါင်းစုံကနေ ပတ်ရေးနေတာ။ ပြီးတော့ စိန်ခေါ်တယ် ဘာညာ။ ဇရှိပုံများ ကောမန့်က ပိတ်ထားသေး။
US မှာ လူတစ်ယောက် အသုံးစားရိတ်က ဘယ်လောက်ဘာညာ။ နေတဲ့ရပ်ကွက်ချင်း မတူရင်တောင် စားရိတ်စားကမတူတဲ့ နိုင်ငံမှာ ပုံသေနည်းတွေနဲ့တွက်ပြနေတာ တကယ့်နွားခြေရာခွက်ထဲက ဖားဝဲစားပဲ။
ရှည်ရှည်ဝေးဝေးတွေ မပြောချင်ဘူး။ ဒဲ့ပြန်စိန်ခေါ်တယ်။ အကောင့်အစစ်မှာ ငါ့နာမည်အစစ်နဲ့ ဒဲ့ရေး၊ ကောမန့်ဖွင့်ပြီး စိန်ခေါ်လိုက်။ ချက်ချင်းလက်ခံတယ်။
ငါနေတဲ့မြို့က မြန်မာနိုင်ငံသားတွေကို သက်သေအဖြစ် ဖိတ်မယ်။ အားလုံးမြင်ရအောင် Live လွှင့်ပေးမယ်။ နင်ငါ့အိမ်ထိ လာခွင့်ရမယ်။ နင်စိန်ခေါ်တဲ့ အိမ်စာရွက်စာတမ်းတွေ ကားသော့တွေပါ တစ်ခါတည်း ရေစက်ချပြီး ယူလာခဲ့။
ငါ့ဘက်က ငါနေတဲ့အိမ်ရဲ့စာချုပ်တွေအပြင် အိမ်ပိုင်ရှင်ရော၊ Bank Deposit တွေရော Withdrawal တွေရော တစ်မိသားစုလုံးစာ ချပြပေးမယ်။ အခွန်စာရွက်တွေ၊ လိုင်စင်တွေကအစပေါ့။
ငါ့ကတော့ လိပ်ပြာလုံလို့ ဒဲ့ပဲ။ အကောင့်တုကြီးနဲ့ စိန်ခေါ်တယ် ထိုင်ရေးနေတော့ ငါက နင့်ကို မနောနဲ့ စာရွက်စာတမ်းတွေ လှမ်းပို့ပေးရမယ်ပေါ့။ အကောင့်အစစ်ကနေ နာမည်အရင်းနဲ့ အခုတင်ထားတဲ့ပိုစ့်အတိုင်း ရေးတင်လိုက်။ စိန်ခေါ်မှုကို ချက်ချင်းလက်ခံလိုက်မယ်။ တစ်နိုင်ငံတည်းနေပြီး ဖေ့စ်ဘုတ်က အာနေတာ ကြာလို့။
စိန်ခေါ်တယ်ဆိုတာ Identity အစစ်နဲ့ ဂုဏ်သိက္ခာရှိရှိ စိန်ခေါ်မှ လက်ခံလို့ရမှာပေါ့။ Bank Statement တွေ Withdrawal တွေပါ ပြပေးရမှာကို အကောင့်အတုနဲ့ ရဲကိုလက်တစ်လုံးခြားလုပ်လို့ရအောင် ပစ်စာလို ထိုင်ရေးနေတာကို ငါက ဖေ့စ်ဘုတ်ပေါ် စာရွက်တွေတင်ပြီး ရှင်းပြပေးရမှာလား။
US လိုနိုင်ငံမျိုးမှာ နင်လိုကောင်မပြောနဲ့ လက်ရှိInservice ရဲတောင် ပြစ်မှုကျူးလွန်ခြင်း မရှိသူကို ကိုယ်ရေးအချက်အလက် Bank Statement မပြောနဲ့ နာမည်တောင် မေးခွင့်မရှိဘူး။
ဆက်ဖြစ်မယ့် အကျိုးဆက်တွေကိုတော့ တာဝန်ယူရလိမ့်မယ်။ ငါ့ဘက်က အဆင်သင့်ပဲ။
ဘယ်လိုလဲ…. ?
အိမ်တစ်လုံး ကားတစ်စီးနဲ့ ထောင်ထဲထည့်ခွင့် အလကားရမယ့် အခွင့်အရေး ငါက လက်လွှတ်စရာလား။
Come On… Come On
#ပန်ဆယ်လို
Zawgyi
ဘယ်လိုလဲ…. ?
Come On… Come On
#ပန်ဆယ်လို