ၾကားသိသမွ်

အမေစုရဲ့ နှစ်သစ်အမှာစကားနှင့် ကမ္ဘာကျော်သတင်း ၃ ခု

အမေစုရဲ့ နှစ်သစ်အမှာစကားနှင့် ကမ္ဘာကျော်သတင်း ၃ ခု
————————-

ဒီနေ့ ကမ္ဘာကျော်သတင်းဌာနတွေမှာ ပျံ့နှံ့နေတဲ့ မြန်မာသတင်း ၃ ခုရှိပါတယ် ။

( ၁ ) ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို စည်းလုံးကြဖို့ ( Be United ) လို့ သတင်းစကားပါးလိုက်ခြင်း ။


( ၂ ) လုံခြုံရေးကောင်စီမှာ ဥက္ကဌနေရာရထားတဲ့ ဗြိတိန်အနေနဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမှု့တွေ ပျက်ကွက်ခဲ့တာတွေကို အမြင့်ဆုံးဆောင်ရွက်ဖို့ တောင်းဆိုခြင်း ။

( ၃ ) အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၁၆၀၀ ကျော်ကို လွှတ်ပေးတယ်လို့ ကြေငြာပေမဲ့ နိုင်ငံရေးနဲ့ အရေးယူခံရသူတွေ မပါဘူးလို့ နိုင်ငံတကာသတင်းဌာနများက အသိပေးလိုက်ခြင်း ။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ တရားခွင်ကနေတဆင့် ပြည်သူတွေ စည်းလုံးကြဖို့ သတင်းစကားပါးလိုက်တယ်လို့ ရိုက်တာသတင်းဌာနက တင်ပြထားပါတယ် ။ ပြည်သူတွေ စည်းလုံးကြဖို့ ။ အမြင်မတူတာတွေကို ရှေ့တန်းမတင်ပဲ ညှိနှိုင်းကြဖို့ ၊ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေရှိတာကြောင့် စိတ်ရှည်ကြဖို့ကို ပြောသွားပါတယ် ။ စည်းလုံးဖို့အတွက် တောင်းဆိုမှု့ကို အသေးစိတ်ပြောမထားပေမဲ့ ” စစ်တပ်နဲ့ ဆွေးနွေးဖို့ တောင်းဆိုတာမဟုတ်ဘူး ” ဆိုတာကိုတော့ အထပ်ထပ်ပြောသွားတယ်လို့ ဖော်ပြထားပါတယ် ။

ဧပြီလမှာ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌတာဝန်ယူထားရတဲ့ ဗြိတိန်ဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု့တွေကို နှိမ်နင်းနိုင်ဖို့ အချိန်ကောင်းပါလို့ ဆောင်းပါးရှင် Chris Sidoti က တင်ပြထားပါတယ် ။

” မြန်မာစစ်ကောင်စီဟာ ၂၀၁၇ မှာ ဂျီနိုဆိုက်ကျူးလွန်ခဲ့သလို ၂၀၂၁ ကနေ လက်ရှိအချိန်အထိလည်း စစ်ရာဇဝတ်မှု့တွေ ကျူးလွန်နေတာ အားလုံးအသိပါ ။ ခိုင်လုံတဲ့ သက်သေ ၊ အထောက်အထားတွေလည်း တင်ပြထားပါတယ် ။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ အခိုင်မာဆုံး အဖွဲ့ကြီးဖြစ်တဲ့ ကုလသမဂ္ဂဟာ ယူကရိန်းကို ရုရှားကကျူးကျော်တဲ့ ရှုတ်ချမှု့လုပ်ဖို့ UNSC ဟာ ၂၄ နာရီထက် ပိုကြာခဲ့ပါတယ် ။ ဒါဟာ အချိန်ကိုက်လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာပါ ။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု့တွေ ကျူးလွန်ခဲ့ ၊ ကျူးလွန်နေဆဲ ကိစ္စတွေအပေါ်မှာ ဘယ်လိုဆုံးဖြတ်ချက်တစ်ခုမှ မချနိုင်သေးတာဟာ သိပ်ကို ထူးခြားပါတယ် ။ မြန်မာစစ်တပ်ကတော့ တစ်နိုင်ငံလုံးကို ထိခိုက်နစ်နာအောင် ရက်စက်နေတာပါ ။


တစ်နည်းပြောရရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးနဲ့ ဘေးကင်းရေးအတွက် ကုလပဋိညာဉ် စာချုပ်အောက်က တာဝန်တွေကို ပျက်ကွက်နေခဲ့ပါတယ် ။ လူမျိုးတုံးသတ်ဖြတ်မှု့ ၊ စစ်ပွဲရာဇဝတ်မှု့ ၊ လူမျိုးရေးခွဲခြားမှု့နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေကို ကာကွယ်ပေးဖို့ ပျက်ကွက်နေခဲ့ပါတယ် ။

ဗြိတိန်ဟာ ကိုလိုနီဟောင်းဖြစ်တဲ့ မြန်မာအတွက် အဓိကတာဝန်ယူမှု့တစ်ရပ် လိုအပ်ပါတယ် ။ ” လို့ ဆောင်းပါးရှင်ရဲ့ တင်ပြထားမှု့တွေထဲက ကောက်နုတ်တင်ပြလိုက်ပါတယ် ။


စစ်ကောင်စီဟာ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား ၁၆၀၀ ကျော် လွှတ်ပေးမယ်လို့ ကမ္ဘာကို အသိပေးခဲ့ပါတယ် ။ ” အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ နှစ်သစ်ကူး အခါသမယအတွက် အကျဉ်းသား ၁၆၀၀ ကျော် ဠအတ်ပေးမယ် ” လို့ အာဆီယံကို ဆွဲထည့်ပြီး ကြေငြာခဲ့တာပါ ။ နိုင်ငံတကာသတင်းတွေမှာလည်း အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့သတင်းက ဧပြီလ ၁၇ ရက်နေ့မှာ ပျံ့နှံ့ခဲ့ပါတယ် ။ ကုလအပါအဝင် နိုင်ငံတကာသတင်းတွေက စောင့်ကြည့်ခဲ့ကြပါတယ် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြည့်ခဲ့ကြတာပါ ။


သို့ပေမဲ့ ၊ ဒီနေ့ ဧပြီလ ၁၈ ရက်နေ့မှာတော့ ” မြန်မာစစ်ဗိုလ်ချုပ်တွေက အကျဉ်းသား ၁၆၀၀ ကျော် လွှတ်ပေးလိုက်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ၊ သြစတေးလျနိုင်ငံသား မစ္စတာရှောင်နဲ့ နိုင်ငံရေးနဲ့အကျဉ်းကျခံနေရသူတွေ တစ်ယောက်တစ်လေတောင်မှ မပါဘူး ” လို့ အသိပေးလိုက်ကြပါတယ် ။

ဆိုတော့ …..၊ တော်လှန်ရေးဆိုတာ အမေစု ပါးလိုက်တဲ့ စကားလိုပါဘဲ ။ တော်လှန်ရေးတစ်ခုမှာ အမြင်မတူတာတွေရှိမှာပါ ။ ဆန္ဒထပ်တူမဖြစ်တာတွေရှိမှာပါ ။ ဒါတွေကို ဆွေးနွေးညှိနှိုင်းကြမှ အောင်ပွဲဆီကို ရောက်နိုင်မှာပါ ။ အမေစပြောသလို ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းလုံးညီညီတ်စွာ အနိုင်ယူကြရမှာပါ ။ အခြေအနေကတော့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေဟာ မကြုံစဖူး ထူးလှတဲ့ စည်းလုံးမှု့ကို ရနေကြပါတယ် ။ ပြည်တွင်း ပြည်ပ ဖိအားအောက်မှာ စစ်ကောင်စီပြားပြားဝပ်ရလိမ့်မယ်လို့ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA
18 April, 2022

Zawgyi

အေမစုရဲ့ ႏွစ္သစ္အမွာစကားႏွင့္ ကမၻာေက်ာ္သတင္း ၃ ခု
————————-

ဒီေန႔ ကမၻာေက်ာ္သတင္းဌာနေတြမွာ ပ်ံ႕ႏွံ့ေနတဲ့ ျမန္မာသတင္း ၃ ခုရွိပါတယ္ ။

( ၁ ) ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူေတြကို စည္းလုံးၾကဖို႔ ( Be United ) လို႔ သတင္းစကားပါးလိုက္ျခင္း ။

( ၂ ) လုံျခဳံေရးေကာင္စီမွာ ဥကၠဌေနရာရထားတဲ့ ၿဗိတိန္အေနနဲ႔ လုံျခဳံေရးေကာင္စီရဲ့ ျမန္မာနိုင္ငံအေပၚ အေရးယူမႈ႔ေတြ ပ်က္ကြက္ခဲ့တာေတြကို အျမင့္ဆုံးေဆာင္ရြက္ဖို႔ ေတာင္းဆိုျခင္း ။

( ၃ ) အေရွ႕ေတာင္အာရွနိုင္ငံေတြရဲ့ ႏွစ္သစ္ကူးအထိမ္းအမွတ္အေနနဲ႔ အက်ဥ္းသား ၁၆၀၀ ေက်ာ္ကို လႊတ္ေပးတယ္လို႔ ေၾကျငာေပမဲ့ နိုင္ငံေရးနဲ႔ အေရးယူခံရသူေတြ မပါဘူးလို႔ နိုင္ငံတကာသတင္းဌာနမ်ားက အသိေပးလိုက္ျခင္း ။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဖမ္းဆီးခံရၿပီးေနာက္ပိုင္းမွာ တရားခြင္ကေနတဆင့္ ျပည္သူေတြ စည္းလုံးၾကဖို႔ သတင္းစကားပါးလိုက္တယ္လို႔ ရိုက္တာသတင္းဌာနက တင္ျပထားပါတယ္ ။ ျပည္သူေတြ စည္းလုံးၾကဖို႔ ။ အျမင္မတူတာေတြကို ေရွ႕တန္းမတင္ပဲ ညႇိႏွိုင္းၾကဖို႔ ၊ လူတိုင္းမွာ မတူညီတဲ့ အျမင္ေတြရွိတာေၾကာင့္ စိတ္ရွည္ၾကဖို႔ကို ေျပာသြားပါတယ္ ။ စည္းလုံးဖို႔အတြက္ ေတာင္းဆိုမႈ႔ကို အေသးစိတ္ေျပာမထားေပမဲ့ ” စစ္တပ္နဲ႔ ေဆြးေႏြးဖို႔ ေတာင္းဆိုတာမဟုတ္ဘူး ” ဆိုတာကိုေတာ့ အထပ္ထပ္ေျပာသြားတယ္လို႔ ေဖာ္ျပထားပါတယ္ ။

ဧၿပီလမွာ လုံျခဳံေရးေကာင္စီ အလွည့္က်ဥကၠဌတာဝန္ယူထားရတဲ့ ၿဗိတိန္ဟာ ျမန္မာစစ္ေခါင္းေဆာင္ေတြရဲ့ ရက္စက္ၾကမ္းၾကဳတ္မႈ႔ေတြကို ႏွိမ္နင္းနိုင္ဖို႔ အခ်ိန္ေကာင္းပါလို႔ ေဆာင္းပါးရွင္ Chris Sidoti က တင္ျပထားပါတယ္ ။

” ျမန္မာစစ္ေကာင္စီဟာ ၂၀၁၇ မွာ ဂ်ီနိုဆိုက္က်ဴးလြန္ခဲ့သလို ၂၀၂၁ ကေန လက္ရွိအခ်ိန္အထိလည္း စစ္ရာဇဝတ္မႈ႔ေတြ က်ဴးလြန္ေနတာ အားလုံးအသိပါ ။ ခိုင္လုံတဲ့ သက္ေသ ၊ အေထာက္အထားေတြလည္း တင္ျပထားပါတယ္ ။ ကမၻာႀကီးတစ္ခုလုံးရဲ့ အခိုင္မာဆုံး အဖြဲ႕ႀကီးျဖစ္တဲ့ ကုလသမဂၢဟာ ယူကရိန္းကို ႐ုရွားကက်ဴးေက်ာ္တဲ့ ရႈတ္ခ်မႈ႔လုပ္ဖို႔ UNSC ဟာ ၂၄ နာရီထက္ ပိုၾကာခဲ့ပါတယ္ ။ ဒါဟာ အခ်ိန္ကိုက္လုပ္ေဆာင္ဖို႔ ပ်က္ကြက္ခဲ့တာပါ ။ ဒါ့အျပင္ ျမန္မာစစ္တပ္ဟာ ရိုဟင္ဂ်ာနဲ႔ ျမန္မာျပည္သူေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈ႔ေတြ က်ဴးလြန္ခဲ့ ၊ က်ဴးလြန္ေနဆဲ ကိစၥေတြအေပၚမွာ ဘယ္လိုဆုံးျဖတ္ခ်က္တစ္ခုမွ မခ်နိုင္ေသးတာဟာ သိပ္ကို ထူးျခားပါတယ္ ။ ျမန္မာစစ္တပ္ကေတာ့ တစ္နိုင္ငံလုံးကို ထိခိုက္နစ္နာေအာင္ ရက္စက္ေနတာပါ ။

တစ္နည္းေျပာရရင္ ကုလသမဂၢလုံျခဳံေရးေကာင္စီဟာ ကမၻာတစ္ဝွမ္း ၿငိမ္းခ်မ္းေရးနဲ႔ ေဘးကင္းေရးအတြက္ ကုလပဋိညာဥ္ စာခ်ဳပ္ေအာက္က တာဝန္ေတြကို ပ်က္ကြက္ေနခဲ့ပါတယ္ ။ လူမ်ိဳးတုံးသတ္ျဖတ္မႈ႔ ၊ စစ္ပြဲရာဇဝတ္မႈ႔ ၊ လူမ်ိဳးေရးခြဲျခားမႈ႔နဲ႔ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈ႔ေတြကို ကာကြယ္ေပးဖို႔ ပ်က္ကြက္ေနခဲ့ပါတယ္ ။

ၿဗိတိန္ဟာ ကိုလိုနီေဟာင္းျဖစ္တဲ့ ျမန္မာအတြက္ အဓိကတာဝန္ယူမႈ႔တစ္ရပ္ လိုအပ္ပါတယ္ ။ ” လို႔ ေဆာင္းပါးရွင္ရဲ့ တင္ျပထားမႈ႔ေတြထဲက ေကာက္ႏုတ္တင္ျပလိုက္ပါတယ္ ။

စစ္ေကာင္စီဟာ ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔မွာ အက်ဥ္းသား ၁၆၀၀ ေက်ာ္ လႊတ္ေပးမယ္လို႔ ကမၻာကို အသိေပးခဲ့ပါတယ္ ။ ” အေရွ႕ေတာင္အာရွ နိုင္ငံေတြရဲ့ ႏွစ္သစ္ကူး အခါသမယအတြက္ အက်ဥ္းသား ၁၆၀၀ ေက်ာ္ ဠအတ္ေပးမယ္ ” လို႔ အာဆီယံကို ဆြဲထည့္ၿပီး ေၾကျငာခဲ့တာပါ ။ နိုင္ငံတကာသတင္းေတြမွာလည္း အက်ဥ္းသားေတြ လႊတ္ေပးမယ္ဆိုတဲ့သတင္းက ဧၿပီလ ၁၇ ရက္ေန႔မွာ ပ်ံ႕ႏွံ့ခဲ့ပါတယ္ ။ ကုလအပါအဝင္ နိုင္ငံတကာသတင္းေတြက ေစာင့္ၾကည့္ခဲ့ၾကပါတယ္ ။ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ နိုင္ငံေရးသမားေတြကို လႊတ္ေပးမလား ဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ ေစာင့္ၾကည့္ခဲ့ၾကတာပါ ။

သို႔ေပမဲ့ ၊ ဒီေန႔ ဧၿပီလ ၁၈ ရက္ေန႔မွာေတာ့ ” ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြက အက်ဥ္းသား ၁၆၀၀ ေက်ာ္ လႊတ္ေပးလိုက္ေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ ၊ ၾသစေတးလ်နိုင္ငံသား မစၥတာေရွာင္နဲ႔ နိုင္ငံေရးနဲ႔အက်ဥ္းက်ခံေနရသူေတြ တစ္ေယာက္တစ္ေလေတာင္မွ မပါဘူး ” လို႔ အသိေပးလိုက္ၾကပါတယ္ ။

ဆိုေတာ့ …..၊ ေတာ္လွန္ေရးဆိုတာ အေမစု ပါးလိုက္တဲ့ စကားလိုပါဘဲ ။ ေတာ္လွန္ေရးတစ္ခုမွာ အျမင္မတူတာေတြရွိမွာပါ ။ ဆႏၵထပ္တူမျဖစ္တာေတြရွိမွာပါ ။ ဒါေတြကို ေဆြးေႏြးညႇိႏွိုင္းၾကမွ ေအာင္ပြဲဆီကို ေရာက္နိုင္မွာပါ ။ အေမစေျပာသလို ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ စည္းလုံးညီညီတ္စြာ အနိုင္ယူၾကရမွာပါ ။ အေျခအေနကေတာ့ ျမန္မာျပည္ဖြား တိုင္းရင္းသားေတြဟာ မၾကဳံစဖူး ထူးလွတဲ့ စည္းလုံးမႈ႔ကို ရေနၾကပါတယ္ ။ ျပည္တြင္း ျပည္ပ ဖိအားေအာက္မွာ စစ္ေကာင္စီျပားျပားဝပ္ရလိမ့္မယ္လို႔ သုံးသပ္ခ်င္ပါတယ္ ။

ဘႀကီးေအာင္ LA
18 April, 2022