ၾကားသိသမွ်

ထီးလင်း ကျဉ်းရွာရဲစခန်းကို PDF သိမ်းပိုက်၊ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

ထီးလင်း ကျဉ်းရွာရဲစခန်းကို PDF သိမ်းပိုက်၊ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း ထီးလင်းမြို့နယ်က ကျဉ်းရွာရဲစခန်းကို ဧပြီ ၁၇ ရက်နေ့ မနက်အစောပိုင်းမှာ PDF ထီးလင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူနဲ့အတူ CDM လုပ်ပြီး ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုခဲ့ရာ ရဲဝန်ထမ်းအားလုံး လိုက်နာခဲ့ကြပေမဲ့ ကျဉ်းရွာရဲစခန်း စခန်းမှူးက လက်မခံဘဲ စစ်ကောင်စီထံ ဖုန်းဆက်တိုင်ကြားခဲ့တာကြောင့် ပစ်ခတ်ခဲ့ရာမှာ စခန်းမှူး ကျဆုံးသွားတယ်လို့ ထီးလင်း PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“စခန်းမှာ ရဲအင်အား ၂၀ ကျော်ရှိတာ ကျန်တဲ့လက်အောက်ငယ်သားတွေက ညှိနှိုင်းလို့ရတယ်၊ စခန်းမှူးက ညှိနှိုင်းလို့မရတာကြောင့် ပစ်ခတ်ခဲ့ရတာ။”

စခန်းမှူးရဲ့ ဖုန်းဆက်တိုင်ကြားမှုကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်နက်နဲ့တကွ CDM ပြုလုပ်ပြီး ပူးပေါင်းပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ကို PDF ထီးလင်းတပ်ဖွဲ့က လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

ယောနယ်အတွင်းမှာ ပထမဆုံးရဲစခန်းကို သိမ်ပိုက်နိုင်ခဲ့တာဖြစ်ပြီး ရဲစခန်းရှိတဲ့ ကျေးရွာတွေကို ထပ်မံထိန်းချုပ်သိမ်းပိုက်နိုင်ဖို့လည်း ကြိုစားဆောင်ရွက်နေတယ်လို့ ထီးလင်း PDF က ထုတ်ပြန်ပါတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၇၄ ရွာရှိပြီး ၇၀ ကျော်ကို ထိန်းချုပ်နိုင်ပြီးလို့ YDF ထီးလင်း တာဝန်ခံ သခင်ဇော်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

ကျဉ်းရွာရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။DVB

ထီးလင္း က်ဥ္းရြာရဲစခန္းကို PDF သိမ္းပိုက္၊ ရဲတပ္ဖြဲ႕ဝင္ ၂၀ ေက်ာ္ ျပည္သူ႔ရင္ခြင္ခိုလႈံ

မေကြးတိုင္း ထီးလင္းၿမိဳ႕နယ္က က်ဥ္းရြာရဲစခန္းကို ဧၿပီ ၁၇ ရက္ေန႔ မနက္အေစာပိုင္းမွာ PDF ထီးလင္းနဲ႔ မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီတိုက္ခိုက္မႈျဖစ္စဥ္အတြင္း ပူးေပါင္းတပ္ဖြဲ႕ဘက္က ရဲတပ္ဖြဲ႕ဝင္ေတြကို ျပည္သူနဲ႔အတူ CDM လုပ္ၿပီး ပူးေပါင္းပါဝင္ေပးဖို႔ ေတာင္းဆိုခဲ့ရာ ရဲဝန္ထမ္းအားလုံး လိုက္နာခဲ့ၾကေပမဲ့ က်ဥ္းရြာရဲစခန္း စခန္းမႉးက လက္မခံဘဲ စစ္ေကာင္စီထံ ဖုန္းဆက္တိုင္ၾကားခဲ့တာေၾကာင့္ ပစ္ခတ္ခဲ့ရာမွာ စခန္းမႉး က်ဆုံးသြားတယ္လို႔ ထီးလင္း PDF တာဝန္ခံက ဒီဗြီဘီကို ေျပာပါတယ္။

“စခန္းမွာ ရဲအင္အား ၂၀ ေက်ာ္ရွိတာ က်န္တဲ့လက္ေအာက္ငယ္သားေတြက ညႇိႏွိုင္းလို႔ရတယ္၊ စခန္းမႉးက ညႇိႏွိုင္းလို႔မရတာေၾကာင့္ ပစ္ခတ္ခဲ့ရတာ။”

စခန္းမႉးရဲ့ ဖုန္းဆက္တိုင္ၾကားမႈေၾကာင့္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (နမခ) က ဂ်က္ေလယာဥ္နဲ႔ လာေရာက္ပစ္ခတ္ခဲ့ေပမဲ့ ထိခိုက္မႈမရွိခဲ့ဘူးလို႔ ဆိုပါတယ္။

လက္နက္နဲ႔တကြ CDM ျပဳလုပ္ၿပီး ပူးေပါင္းပါဝင္ခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ ၂၀ ေက်ာ္ကို PDF ထီးလင္းတပ္ဖြဲ႕က လုံျခဳံစိတ္ခ်ရတဲ့ လြတ္ေျမာက္နယ္ေျမကို ပို႔ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ေယာနယ္အတြင္းမွာ ပထမဆုံးရဲစခန္းကို သိမ္ပိုက္နိုင္ခဲ့တာျဖစ္ၿပီး ရဲစခန္းရွိတဲ့ ေက်းရြာေတြကို ထပ္မံထိန္းခ်ဳပ္သိမ္းပိုက္နိုင္ဖို႔လည္း ႀကိဳစားေဆာင္ရြက္ေနတယ္လို႔ ထီးလင္း PDF က ထုတ္ျပန္ပါတယ္။

ထီးလင္းၿမိဳ႕နယ္အတြင္းမွာ ေက်းရြာေပါင္း ၇၄ ရြာရွိၿပီး ၇၀ ေက်ာ္ကို ထိန္းခ်ဳပ္နိုင္ၿပီးလို႔ YDF ထီးလင္း တာဝန္ခံ သခင္ေဇာ္က ဒီဗြီဘီကို ေျပာၾကားထားပါတယ္။

က်ဥ္းရြာရဲစခန္း တိုက္ခိုက္သိမ္းပိုက္ခံရတာနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။DVB