ၾကားသိသမွ်

ညီညွတ်ရန်၊ အမြင်မတူညီမှု ညှိနှိင်းဆွေးနွေးရန် ပြည်သူကို ဒေါ်စုတိုက်တွန်း

ညီညွတ်ရန်၊ အမြင်မတူညီမှု ညှိနှိင်းဆွေးနွေးရန် ပြည်သူကို ဒေါ်စုတိုက်တွန်း

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်နေသည်ဟု တရားရုံးနှင့် နီးစပ်သူက အတည်ပြုသည်။

ပြည်သူများ ညီညွတ်ကြရန်၊ အမြင်မတူသည်များကို အကြိမ်ကြိမ်ဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (ဧပြီ ၁၈) တိုက်တွန်းလိုက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ယနေ့ပြုလုပ်သည့် သီးသန့်တရားခွင်အတွင်း ရှေ့နေအဖွဲကို ထိုသို မှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

“အားလုံးညီညွတ်ဖိုလိုတယ်။ အမြင်မတူတာတွေကို တွေ့ဆုံပြီး ဆွေးနွေးကြရမယ်။ တွေ့ဆုံဆွေးနွေးလို မရသေးရင် စောင့်ဆိုင်းပြီးတော့ ထပ်မံဆွေးနွေးရမယ်လို ဒီကနေ့ ပြောတယ်” ဟု ၎င်းက ပြောသည်။

တွေ့ဆုံဆွေးနွေးရေးဟူသော ဒေါ်အောင်ဆန်းစုကြည်၏ စကားရပ်သည် အရပ်သားအစိုးရကို ဖြုတ်ချ၊ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းထားသည့် စစ်ကောင်စီကို ရည်ညွှန်းခြင်းဟုတ်မဟုတ် Myanmar Now က ထပ်ဆင့်မေးမြန်းရာတွင် “ပြည်သူတွေကိုပဲ ဦးတည်ပြောတာပါ” ဟု ထိုသူက ပြောသည်။

“ပြည်သူတွေထဲမှာ အမျိုးမျိုးရှိနိုင်တယ်။ အမြင်မတူတာတွေလည်း ရှိနိုင်ကြတယ်။ ဘာလုပ်လုပ် ညီညီညွတ်ညွတ်လုပ်ကြရမယ်။ အမြင်မတူလိုရှိရင်လည်း ညှိညှိနှိင်းနှိင်းလေး ဆွေးနွေးကြရမယ်။ ဆွေးနွေးလိုမရရင် ရပ်ထားလိုက်၊ ပြန်ဆွေးနွေးရမယ်။ အဲဒီအဓိပ္ပာယ်မျိုး”
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းကြောင်း မကြေညာမီကတည်းက စစ်ကောင်စီက ဖမ်းထားပြီး နေပြည်တော်ရှိ လျှိဝှက်နေရာတစ်ခုတွင် ထိန်းသိမ်းထားသည်။

အာဏာသိမ်းပြီး တစ်နှစ်အတွင်း အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် စွဲဆိုသည့်အမှုပေါင်း ၁၇ မှုအထိ ရှိပြီဖြစ်ကာ ထိုအထဲမှ အမှု ၅ မှု ဖြင့် ထောင် ၆ နှစ်ချပြီးဖြစ်သည်။

ယနေ့တွင် ထောင် ၁၅ နှစ်ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက စွပ်စွဲထားသည့် အမှု ၅ မှုကို ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်ခဲ့ရပြီး ကျန်းကျန်းမာမာရှိနေသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

လက်ရှိတွင် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကာလမှစ၍ နိုင်ငံရေးဇာတ်ခုံတွင် ထင်ပေါ်ကျော်ကြား ဩဇာကြီးသူဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်သူ ၎င်းမှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်မှစ၍ စစ်တပ်၏ မလိုမုန်းထားမှုများဖြင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD အနိုင်ရသော်လည်း စစ်တပ်က အာဏာလွှမပေးသလို ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ရှည်လများ နေခဲ့ရသည်။

ထိုမှ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရ၍ အစိုးရဖွဲခွင့်ရသည့်အခါ အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးထိပ်ထားမည်ဟု ကြွေးကြော်ခဲ့သော်လည်း ၂၀၂၁ တွင် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အကျဉ်းစံဘဝပြန်ရောက်နေရသည်။ Myanmar Now