ၾကားသိသမွ်

မန္တလေးသင်္ကြန်မှာ အလှပြလှည်းယာဉ်တွေကို ဆုချခဲ့တဲ့ ငွေတွေ စည်ပင်က ပြန်တောင်း

မန္တလေးသင်္ကြန်မှာ အလှပြလှည်းယာဉ်တွေကို ဆုချခဲ့တဲ့ ငွေတွေ စည်ပင်က ပြန်တောင်း၊

MFP ၊ ဧပြီ – ၁၈

စစ်အုပ်စုက ဦးစီး ကျင်းပခဲ့တဲ့ မန္တလေးသင်္ကြန်မှာ အလှပြလှည်းယာဉ်တွေကို ဆုချီးမြှင့်တာတွေ လုပ်ခဲ့ပြီးနောက် အဲ့ဒီ ဆုငွေတွေကို မန္တလေးစည်ပင်က ပြန်တောင်းသွားတယ်လို့ မန္တလေးစည်ပင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ မန္တလေး သင်္ကြန်ဖွင့်ပွဲနှင့် ရတနာပုံ အပန်းဖြေဥယျာဉ် ဖွင့်ပွဲတွေမှာ စစ်အုပ်စုက အလှပြလှည်းယာဉ်တွေကို ငှားရမ်းအသုံးပြုခဲ့ပြီးနောက် ပြိုင်ပွဲသဘောမျိုး ပြုလုပ်ကာ မန္တလေးခရိုင် မြို့နယ်သုံးခု ကိုယ်စားပြုတဲ့ အလှပြလှည်းယာဉ်တွေကို ဆုချီးမြှင့်ခဲ့တာလို့ မန္တလေး စည်ပင် အသိုင်းအဝိုင်းက ဆိုပါတယ်။


“ဆုချတဲ့ငွေပဲ၊ အဲ့ဒါ TVမှာမို့လို့ ဆုပေးတဲ့ အကြောင်းလေး ဟန်ပြ ပေးလိုက်တာ၊ မင်းတို့နဲ့ မဆိုင်ဘူးဆိုပြီး ပြန်တောင်းတာ” လို့ မန္တလေးစည်ပင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလှပြလှည်းယာဉ်တွေကို ပထမဆု ကျပ်သိန်း(၅၀)၊ ဒုတိယဆု ကျပ်(၄၅)သိန်းနှင့် တတိယဆု ကျပ်သိန်း(၄၀) ချီးမြင့်ခဲ့တာဖြစ်ပြီး ပထမဆုရ အမရပူရမြို့နယ်ကိုယ်စားပြု လှည်းယာဉ်အဖွဲ့ကို စစ်ကောင်စီခန့် မန္တလေးတိုင်း ကောင်စီ ဥက္ကဌ မောင်ကို၊ ဒုတိယဆုရ အောင်မြေသာစံမြို့နယ် လှည်းယာဉ်အဖွဲ့ကို စစ်ကောင်စီ လက်အောက်ခံ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် တတိယဆုရ ပုသိမ်ကြီးမြို့နယ် ကိုယ်စားပြု လှည်းယာဉ်အဖွဲ့ကို စစ်ကောင်စီခန့် မန္တလေးမြို့တော်ဝန် ကျော်ဆန်းက စင်မြင့်ထက်မှာ ဆုချီးမြင့်ခဲ့တာ ဖြစ်ပြီး ဆုပေးပွဲအပြီးမှာတော့ မန္တလေး စည်ပင်က ဆုငွေတွေ ပြန်တောင်းယူထားလိုက်တာလို့ မန္တလေးစည်ပင် အသိုင်းအဝိုင်းက ဆိုပါတယ်။


စစ်အုပ်စုဟာ မန္တလေးမြို့အနီးဝန်းကျင်က အလှပြလှည်းယာဉ်တွေကို အစမ်းလေ့ကျင့်တဲ့နေ့နှင့် သင်္ကြန်အကြိုနေ့ အတွက် နေ့တွက်ခပေးကာ ငှားရမ်းခဲ့ပြီး သင်္ကြန်အကြိုနေ့ အလှပြ လှည်းယာဉ်တွေကို ဆုချီးမြှင့်တာလို့ ဆိုပါတယ်။

စစ်အုပ်စု ကျင်းပတဲ့ မန္တလေးသင်္ကြန်မှာ အလှပြလှည်းယာဉ်တွေသာမက လှေတွေနှင့် ယိမ်းအဖွဲ့တွေကိုလည်း ပါဝင်ခဲ့ပြီး အဲ့ဒီ လှည်း၊ လှေနှင့် ယိမ်းအဖွဲ့တွေကို သင်္ကြန်အတက်နေ့မှာ ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။


လှည်းယာဉ်တွေအတွက် ဆုချီးမြင့်ငွေတွေကို ပြန်တောင်းခဲ့တာဖြစ်ပြီး လှေနှင့် ယိမ်းအဖွဲ့တွေအတွက် ဆုငွေတွေ ပြန်တောင်း၊မတောင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်အုပ်စုဟာ စစ်ကိုင်းနှင့် ကျောက်ဆည် အပါအဝင် မန္တလေးမြို့အနီးဝန်းကျင်က လှည်းယာဉ်တွေကို ငှားရမ်းခဲ့သလို အမရပူရ တောင်သမန်အင်းနှင့် အခြား နီးစပ်ရာ လှေအဖွဲ့တွေကို နေ့စားခပေး ငှားရမ်းကာ သင်္ကြန်ပွဲမှာ စည်ကားစေဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီခန့် မန္တလေးတိုင်း ကောင်စီဝင်တွေက လှည်းယာဉ်အဖွဲ့တွေကို ဟန်ပြ ဆုချီးမြင့်ခဲ့စဉ်/Photo – S

မႏၲေလးသၾကၤန္မွာ အလွျပလွည္းယာဥ္ေတြကို ဆုခ်ခဲ့တဲ့ ေငြေတြ စည္ပင္က ျပန္ေတာင္း၊

MFP ၊ ဧၿပီ – ၁၈

စစ္အုပ္စုက ဦးစီး က်င္းပခဲ့တဲ့ မႏၲေလးသၾကၤန္မွာ အလွျပလွည္းယာဥ္ေတြကို ဆုခ်ီးျမႇင့္တာေတြ လုပ္ခဲ့ၿပီးေနာက္ အဲ့ဒီ ဆုေငြေတြကို မႏၲေလးစည္ပင္က ျပန္ေတာင္းသြားတယ္လို႔ မႏၲေလးစည္ပင္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက က်င္းပၿပီးစီးသြားတဲ့ မႏၲေလး သၾကၤန္ဖြင့္ပြဲႏွင့္ ရတနာပုံ အပန္းေျဖဥယ်ာဥ္ ဖြင့္ပြဲေတြမွာ စစ္အုပ္စုက အလွျပလွည္းယာဥ္ေတြကို ငွားရမ္းအသုံးျပဳခဲ့ၿပီးေနာက္ ၿပိဳင္ပြဲသေဘာမ်ိဳး ျပဳလုပ္ကာ မႏၲေလးခရိုင္ ၿမိဳ႕နယ္သုံးခု ကိုယ္စားျပဳတဲ့ အလွျပလွည္းယာဥ္ေတြကို ဆုခ်ီးျမႇင့္ခဲ့တာလို႔ မႏၲေလး စည္ပင္ အသိုင္းအဝိုင္းက ဆိုပါတယ္။

“ဆုခ်တဲ့ေငြပဲ၊ အဲ့ဒါ TVမွာမို႔လို႔ ဆုေပးတဲ့ အေၾကာင္းေလး ဟန္ၿပ ေပးလိုက္တာ၊ မင္းတို႔နဲ႔ မဆိုင္ဘူးဆိုၿပီး ျပန္ေတာင္းတာ” လို႔ မႏၲေလးစည္ပင္နဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

အလွျပလွည္းယာဥ္ေတြကို ပထမဆု က်ပ္သိန္း(၅၀)၊ ဒုတိယဆု က်ပ္(၄၅)သိန္းႏွင့္ တတိယဆု က်ပ္သိန္း(၄၀) ခ်ီးျမင့္ခဲ့တာျဖစ္ၿပီး ပထမဆုရ အမရပူရၿမိဳ႕နယ္ကိုယ္စားျပဳ လွည္းယာဥ္အဖြဲ႕ကို စစ္ေကာင္စီခန႔္ မႏၲေလးတိုင္း ေကာင္စီ ဥကၠဌ ေမာင္ကို၊ ဒုတိယဆုရ ေအာင္ေျမသာစံၿမိဳ႕နယ္ လွည္းယာဥ္အဖြဲ႕ကို စစ္ေကာင္စီ လက္ေအာက္ခံ လုံ/နယ္ဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္ေက်ာ္မင္းႏွင့္ တတိယဆုရ ပုသိမ္ႀကီးၿမိဳ႕နယ္ ကိုယ္စားျပဳ လွည္းယာဥ္အဖြဲ႕ကို စစ္ေကာင္စီခန႔္ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေက်ာ္ဆန္းက စင္ျမင့္ထက္မွာ ဆုခ်ီးျမင့္ခဲ့တာ ျဖစ္ၿပီး ဆုေပးပြဲအၿပီးမွာေတာ့ မႏၲေလး စည္ပင္က ဆုေငြေတြ ျပန္ေတာင္းယူထားလိုက္တာလို႔ မႏၲေလးစည္ပင္ အသိုင္းအဝိုင္းက ဆိုပါတယ္။

စစ္အုပ္စုဟာ မႏၲေလးၿမိဳ႕အနီးဝန္းက်င္က အလွျပလွည္းယာဥ္ေတြကို အစမ္းေလ့က်င့္တဲ့ေန႔ႏွင့္ သၾကၤန္အႀကိဳေန႔ အတြက္ ေန႔တြက္ခေပးကာ ငွားရမ္းခဲ့ၿပီး သၾကၤန္အႀကိဳေန႔ အလွၿပ လွည္းယာဥ္ေတြကို ဆုခ်ီးျမႇင့္တာလို႔ ဆိုပါတယ္။

စစ္အုပ္စု က်င္းပတဲ့ မႏၲေလးသၾကၤန္မွာ အလွျပလွည္းယာဥ္ေတြသာမက ေလွေတြႏွင့္ ယိမ္းအဖြဲ႕ေတြကိုလည္း ပါဝင္ခဲ့ၿပီး အဲ့ဒီ လွည္း၊ ေလွႏွင့္ ယိမ္းအဖြဲ႕ေတြကို သၾကၤန္အတက္ေန႔မွာ ဆုခ်ီးျမႇင့္ခဲ့တာ ျဖစ္ပါတယ္။

လွည္းယာဥ္ေတြအတြက္ ဆုခ်ီးျမင့္ေငြေတြကို ျပန္ေတာင္းခဲ့တာျဖစ္ၿပီး ေလွႏွင့္ ယိမ္းအဖြဲ႕ေတြအတြက္ ဆုေငြေတြ ျပန္ေတာင္း၊မေတာင္းကိုေတာ့ အတည္ျပဳနိုင္ျခင္း မရွိေသးပါဘူး။

စစ္အုပ္စုဟာ စစ္ကိုင္းႏွင့္ ေက်ာက္ဆည္ အပါအဝင္ မႏၲေလးၿမိဳ႕အနီးဝန္းက်င္က လွည္းယာဥ္ေတြကို ငွားရမ္းခဲ့သလို အမရပူရ ေတာင္သမန္အင္းႏွင့္ အျခား နီးစပ္ရာ ေလွအဖြဲ႕ေတြကို ေန႔စားခေပး ငွားရမ္းကာ သၾကၤန္ပြဲမွာ စည္ကားေစဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

စစ္ေကာင္စီခန႔္ မႏၲေလးတိုင္း ေကာင္စီဝင္ေတြက လွည္းယာဥ္အဖြဲ႕ေတြကို ဟန္ၿပ ဆုခ်ီးျမင့္ခဲ့စဥ္/Photo – S