ၾကားသိသမွ်

အရေးတော်ပုံ “အောင်ရမည်” မှ “အောင်မြင်နေပါပြီ” ဟု NUG ပြောင်းလဲသုံးနှုန်းလာ

အရေးတော်ပုံ “အောင်ရမည်” မှ “အောင်မြင်နေပါပြီ” ဟု NUG ပြောင်းလဲသုံးနှုန်းလာ

ရန်ကုန်၊ ဧပြီ (၁၈)

လူငယ့်ခေတ်

“အရေးတော်ပုံ မုချအောင်မြင်နေပါပြီ”ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့စတင်သုံးစွဲလိုက်သည်။

ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်က တင်သွင်းသည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အစီရင်ခံစာ၌ ထိုကဲ့သို့ သုံးစွဲထားခြင်းဖြစ်သည်။

ယခုရက်ပိုင်းများအတွင်း၌ပင် ယာယီသမ္မတ ဒူဝါလရှီးလ၊ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့က ပြည်သူသို့အစီရင်ခံတင်ပြရာ၌ “အရေးတော်ပုံအောင်ရမည်” ဟုသာ ကြွေးကြော်ခဲ့သည်။

သို့သော် ယနေ့လွှတ်တော်စသည့်နေ့နှင့် NUG အစိုးရ တစ်နှစ်ပြည့်ပြီးသည့်အချိန်၌ “အရေးတော်ပုံ မုချအောင်မြင်နေပါပြီ”ဟု ပြောသွားခြင်းဖြစ်သည်။

ယမန်နေ့ကလည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက “ဝ”ပြည်နယ်ဟု သုံးနှုန်းသွားပြီး “ဝ”ဒေသမှာ ယခင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ခဲ့သည်။

ထို့ပြင် သမ္မတဒူဝါလရှီးလ၏ သင်္ကြန်နှစ်သစ်ကူးမိန့်ခွန်း၌လည်း “ပြည်သူတွေမျှော်လင့်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဂူတစ်ဖက်က အလင်းတန်းတခုကို မြင်နေရပြီ ဖြစ်ပါတယ်။” ဟုလည်း ပြောကြားခဲသည်။

အဆိုပါမိန့်ခွန်းအတွင်း၌ပင် မကြာမီ နယ်မြေအများအပြားကို လွတ်မြောက်နယ်မြေ အဖြစ်ဖန်တီးနိုင်တော့မည်ဖြစ်သည်ဟုလည်း သမ္မတက ပြောကြားခဲ့သေးသည်။

လက်ရှိအချိန်၌ ပြည်သူကာကွယ်ရေးအဖွဲ့များသည် တစ်နိုင်ငံလုံး၏ (၁၅) ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးထားနိုင်ပြီးတိုင်းရင်းသားလက်နက်ကိုင်များနှင့် မဟာမိတ်များကလည်း (၃၀) ရာခိုင်နှုန်းစိုးမိုးထားသဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေမှာ တစ်ဝက်စွန်းစွန်းသာရှိကြောင်းလည်း NUG ၏ ယနေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ကရင်ပြည်နယ်၌ KNLA က စစ်ကောင်စီထံမှ သိမ်းမိခဲ့သည့် လက်နက်ခဲယမ်းများ

အေရးေတာ္ပုံ “ေအာင္ရမည္” မွ “ေအာင္ျမင္ေနပါၿပီ” ဟု NUG ေျပာင္းလဲသုံးႏႈန္းလာ

ရန္ကုန္၊ ဧၿပီ (၁၈)

လူငယ့္ေခတ္

“အေရးေတာ္ပုံ မုခ်ေအာင္ျမင္ေနပါၿပီ”ဟု အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က ယေန႔စတင္သုံးစြဲလိုက္သည္။

ျပည္ေထာင္စုလႊတ္ေတာ္ စတုတၳအႀကိမ္အစည္းအေဝးသို႔ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္က တင္သြင္းသည့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ ဖြဲ႕စည္းျခင္းတစ္ႏွစ္ျပည့္ အစီရင္ခံစာ၌ ထိုကဲ့သို႔ သုံးစြဲထားျခင္းျဖစ္သည္။

ယခုရက္ပိုင္းမ်ားအတြင္း၌ပင္ ယာယီသမၼတ ဒူဝါလရွီးလ၊ လူ႔အခြင့္ေရးဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးဦးေအာင္မ်ိဳးမင္းႏွင့္ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးထင္လင္းေအာင္တို႔က ျပည္သူသို႔အစီရင္ခံတင္ျပရာ၌ “အေရးေတာ္ပုံေအာင္ရမည္” ဟုသာ ေႂကြးေၾကာ္ခဲ့သည္။

သို႔ေသာ္ ယေန႔လႊတ္ေတာ္စသည့္ေန႔ႏွင့္ NUG အစိုးရ တစ္ႏွစ္ျပည့္ၿပီးသည့္အခ်ိန္၌ “အေရးေတာ္ပုံ မုခ်ေအာင္ျမင္ေနပါၿပီ”ဟု ေျပာသြားျခင္းျဖစ္သည္။

ယမန္ေန႔ကလည္း NUG ၏ ကာကြယ္ေရးဝန္ႀကီးဌာနက “ဝ”ျပည္နယ္ဟု သုံးႏႈန္းသြားၿပီး “ဝ”ေဒသမွာ ယခင္က ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတစ္ခုျဖစ္ခဲ့သည္။

ထို႔ျပင္ သမၼတဒူဝါလရွီးလ၏ သၾကၤန္ႏွစ္သစ္ကူးမိန႔္ခြန္း၌လည္း “ျပည္သူေတြေမၽွာ္လင့္တဲ့ အိပ္မက္ကို အေကာင္အထည္ေဖာ္နိုင္ဖို႔ ဂူတစ္ဖက္က အလင္းတန္းတခုကို ျမင္ေနရၿပီ ျဖစ္ပါတယ္။” ဟုလည္း ေျပာၾကားခဲသည္။

အဆိုပါမိန႔္ခြန္းအတြင္း၌ပင္ မၾကာမီ နယ္ေျမအမ်ားအျပားကို လြတ္ေျမာက္နယ္ေၿမ အျဖစ္ဖန္တီးနိုင္ေတာ့မည္ျဖစ္သည္ဟုလည္း သမၼတက ေျပာၾကားခဲ့ေသးသည္။

လက္ရွိအခ်ိန္၌ ျပည္သူကာကြယ္ေရးအဖြဲ႕မ်ားသည္ တစ္နိုင္ငံလုံး၏ (၁၅) ရာခိုင္ႏႈန္းခန္႔ကို လႊမ္းမိုးထားနိုင္ၿပီးတိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ မဟာမိတ္မ်ားကလည္း (၃၀) ရာခိုင္ႏႈန္းစိုးမိုးထားသျဖင့္ အၾကမ္းဖက္စစ္ေကာင္စီ၏ ထိန္းခ်ဳပ္နယ္ေျမမွာ တစ္ဝက္စြန္းစြန္းသာရွိေၾကာင္းလည္း NUG ၏ ယေန႔ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ဓာတ္ပုံ – ကရင္ျပည္နယ္၌ KNLA က စစ္ေကာင္စီထံမွ သိမ္းမိခဲ့သည့္ လက္နက္ခဲယမ္းမ်ား