ၾကားသိသမွ်

အနုပညာအလုပ်ပဲ လုပ်တတ်ခဲ့တော့ ဘာသာရပ်အသစ်တစ်ခုကို အတင်းကြိုးစားသင်ယူရတဲ့အခါ စိတ်ပင်ပန်းရတယ်

သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်ကတော့အောင်မြင်ကျော်ကြားနေတဲ့ဘဝကိုစွန့်လွတ်ပြီး လွတ်မြောက်နယ်မြေကိုရောက်ရှိနေပေမယ့်

ပြည်သူတွေချစ်ခင်လေးစားရတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်

ခုတခါမှာလည်း ဒါရိုက်တာကိုပေါက်ရေးထားတဲ့ စာလေးတစ်ပုဒ်ကိုပြန်လည်မျှဝေလိုက်ပါတယ်

အနုပညာသမားတစ်ယောက်က

တော်လှန်ရေးသမားဖြစ်လာတော့

ဘာသာရပ်အသစ်တစ်ခုကို အတင်းကြိုးစားသင်ယူရတဲ့အခါ စိတ်ပင်ပန်းရတယ်။

အနုပညာအလုပ်ပဲ လုပ်တတ်ခဲ့တော့

သရုပ်ဆောင်မယ်

ဇာတ်ညွှန်းရေးမယ်

ဝတ္ထုရေးမယ်

ကဗျာစပ်မယ်

ဒါရိုက်တာလုပ်မယ်

သီချင်းရေးမယ် ဆိုမယ် ဆိုအဆင်သင့်ပဲ။


ဒါပေမယ့် အခုအချိန်မှာ အနုပညာလုပ်ချင်စိတ်မွေးဖို့

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေရတုန်းပဲ။

အပူအပင်တွေ ခေါင်းရှုပ်စရာတွေကြားမှာ

“ဘဝ ကန္တာရ ခရီးကြမ်းလမ်းကို ချဲ့ထွင်ကာ ရှင်းလင်းခဲ့ပြီးမှ တို့အိမ်ယာသစ် တည်ခဲ့ရတယ်……

အခုဆိုရင် စိမ်းလန်းခဲ့ပြီ ဖိတ်ခေါ်တယ်လှမ်းခဲ့တော့ အသက်ရေ တို့ ဒီမှာပဲ ရုန်းကန်လှုပ်ရှားကြမယ်နော်….”


ဆိုတဲ့ သီချင်းလေး ဆိုလိုက်ရချိန်

ကန္တာရခရီးကြမ်းလမ်းကို ဆက်လျှောက်ရအုံးမယ်ဆိုတဲ့အသိနဲ့ ကျနော် အံကိုတင်းပြီး လက်သီးဆုတ်ထားလိုက်တယ်။

ကျနော် အဆင်ပြေပါတယ်။

ခင်ဗျားတို့ အဆင်မပြေမှာပဲ စိုးတာ။

Source& photo credit;AungMinNaing Fb

သ႐ုပ္ေဆာင္ဒါရိုက္တာ ကိုေပါက္ကေတာ့ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ဘဝကိုစြန႔္လြတ္ၿပီး လြတ္ေျမာက္နယ္ေျမကိုေရာက္

ရွိေနေပမယ့္ ျပည္သူေတြခ်စ္ခင္ေလးစားရတဲ့အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္

ခုတခါမွာလည္း ဒါရိုက္တာကိုေပါက္ေရးထားတဲ့ စာေလးတစ္ပုဒ္ကိုျပန္လည္မၽွေဝလိုက္ပါတယ္

အႏုပညာသမားတစ္ေယာက္က

ေတာ္လွန္ေရးသမားျဖစ္လာေတာ့

ဘာသာရပ္အသစ္တစ္ခုကို အတင္းႀကိဳးစားသင္ယူရတဲ့အခါ စိတ္ပင္ပန္းရတယ္။

အႏုပညာအလုပ္ပဲ လုပ္တတ္ခဲ့ေတာ့


သ႐ုပ္ေဆာင္မယ္

ဇာတ္ညႊန္းေရးမယ္

ဝတၳဳေရးမယ္

ကဗ်ာစပ္မယ္

ဒါရိုက္တာလုပ္မယ္

သီခ်င္းေရးမယ္ ဆိုမယ္ ဆိုအဆင္သင့္ပဲ။

ဒါေပမယ့္ အခုအခ်ိန္မွာ အႏုပညာလုပ္ခ်င္စိတ္ေမြးဖို႔

စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ေနရတုန္းပဲ။


အပူအပင္ေတြ ေခါင္းရႈပ္စရာေတြၾကားမွာ

“ဘဝ ကႏၲာရ ခရီးၾကမ္းလမ္းကို ခ်ဲ႕ထြင္ကာ ရွင္းလင္းခဲ့ၿပီးမွ တို႔အိမ္ယာသစ္ တည္ခဲ့ရတယ္……

အခုဆိုရင္ စိမ္းလန္းခဲ့ၿပီ ဖိတ္ေခၚတယ္လွမ္းခဲ့ေတာ့ အသက္ေရ တို႔ ဒီမွာပဲ ႐ုန္းကန္လႈပ္ရွားၾကမယ္ေနာ္….”

ဆိုတဲ့ သီခ်င္းေလး ဆိုလိုက္ရခ်ိန္

ကႏၲာရခရီးၾကမ္းလမ္းကို ဆက္ေလၽွာက္ရအုံးမယ္ဆိုတဲ့အသိနဲ႔ က်ေနာ္ အံကိုတင္းၿပီး လက္သီးဆုတ္ထားလိုက္တယ္။

က်ေနာ္ အဆင္ေျပပါတယ္။

ခင္ဗ်ားတို႔ အဆင္မေျပမွာပဲ စိုးတာ။

Source& photo credit;AungMinNaing Fb